နောင်ဖြစ်လာမဲ့ မြန်မာဖိုးဖိုး ဖွားဖွား တို့ရှေ့ရေး …..

fattySeptember 9, 20101min07

ဒီကနေ့မြန်မာနိုင်ငံရဲ့ ခေတ်စနစ် အခြေအနေအရ မြန်မာကျောင်းသားလူငယ်အများ အလုပ်လုပ်နိုင်သောအရွယ် လူငယ်များလူလတ်များ အများအပြား နိုင်ငံရပ်ခြားသို့
ထွက်ခွါကုန်ကြပါပြီ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နည်းမျိုးစုံနဲ့ ထွက်ကြတာပါ။ အထူးသဖြင့်ဆယ်တန်းအောင်ပြီး သင်တန်းမျိုးစုံ ကတိုက်ကရိုက်တက်ကြ ပြီးရင်ထွက်ကြပေါ့
မိဘများအနေနဲ့ကလည်း ကိုယ့်သားသမီးကို အရွယ်ရောက်လာပြီးဒီမှာဆက်မထားချင်ကြတော့ပါ။

ဒီမှာထားရင်လဲ သိကြတဲ့အတိုင်း အများအားဖြင့်တော့ အရက်သမား ချဲသမား ဖဲသမား ဘောလုံးပွဲ လောင်းကစား … အစရှိတဲ့ သမားတော်ကြီးများသာဖြစ်ဖို့များနေတာ
ကြောင့်ပါ။ အားလုံးတော့လည်းမဟုတ်ပါဘူး အများအားဖြင့် ဒီလိုဘဲမြင်ကြပါတယ်။

အသိတယောက်ရဲ့သားတဦး ဆယ်တန်းပြီးတော့ ဆေးကျောင်းတက်ပါတယ်။ ခဏတက်တာပါတဲ့ poly ဝင်ခွင့်ရရင် ထွက်မှာတဲ့ …. poly ဝင်ခွင့်အောင်ပြီးတော့
ဆေးကျောင်းကထွက်ခွင့်သွားတောင်းကြပါတယ်။ တက္ကစီနဲ့သွားကြတော့ တက္ကစီပေါ်မှာ စကားပြောရင်း ဆေးကျောင်းကထွက်ခွင့်တောင်းဖို့ ဆေး(၁) စိုက်ပျိုးရေး
မှတ်တိုင်က ဝင်မယ်ဆိုတော့ ..တက္ကစီသမားက အဲဒီမှာမှုတ်ဘူးဗျတဲ့ လမ်းမတော်ဆေးကျောင်းကိုသွားရမှာတဲ့ အခုလို poly ဝင်ခွင့်အောင်စာရင်းတွေထွက်တဲ့ရာသီ
ရောက်ရင် ကျနော်တို့က ဆေးကျောင်းသားတွေကို ခေါက်တုန့်ခေါက်ပြန်ပို့နေကြတဲ့။…. ဆေးကျောင်းမှာကျောင်းထွက်မယ်ဆိုတော့ မော်ကွန်းထိန်း ကခေါ်တွေ့ပါတယ်တဲ့
သူတို့ကလဲအမှန်အတိုင်းဘဲပြောပြတာပေါ့။ မော်ကွန်းထိန်းကလည်း .. သား..ဆရာဝန်မဖြစ်ချင်ဘူးလားတဲ့ ဆရာဝန်ဆိုတာ ဖြစ်ဖို့မလွယ်ဘူး။ ကျောင်းသားတိုင်းလဲရတာမှုတ်ဘူးနော်တဲ့ ..ပြီးမှ..အေးလေဆရာဝန်ဖြစ်တော့လဲ လခက တသိန်းဘဲဆိုတော့ … ကိုယ်ချင်းစာပါတယ်ဗျာတဲ့။ ကျောင်းတော့မထွက်လိုက်ပါနဲ့
ခွင့် ၂နှစ်ပေးလိုက်မယ်တဲ့ …။

…… အဲဒီကျောင်းသားလေးရဲ့အဖေ ကျနော့သူငယ်ချင်း တလောကဘဲ အသဲကင်ဆာနဲ့ဆုံးသွားလို့ နာရေးသွားဖြစ်ပါတယ် … သူ့အမျိုးသမီးကလည်းဆုံးတာကြာပြီ
သူကသားတယောက်ထဲရှိတာမို့လို့ ဆုံးခါနီးမှာ ဘယ်သူမှ သူ့ကိုကောင်းကောင်းပြုစုမဲ့သူ မရှိလိုက်ဘူးတဲ့ ..သားဖြစ်သူကလဲ စာမေးပွဲရှိလို့ပြန်မလာနိုင် ။ တယောက်ထဲဖြစ်သလိုသေသွားရတယ်တဲ့ဗျာ .. ကြားရတာ စိတ်မကောင်းစရာပါ။

…. ကျနော်ကိုယ်တိုင်မှာက သမီးနှစ်ယောက် ရှိတယ် ..နှစ်ယောက်လုံး နိုင်ငံရပ်ခြားမှာပါ …ကျနော်တီု့ဇနီးမောင်နှံ အဖိုးကြီး အဖွားကြီး ဘဲရှိတာပေါ့ အသက်အရွယ်ရလာတော့လဲ ကျန်းမာရေးကမကောင်း ကူဖေါ်လောင်ဖက်ကမရှိ ..မရှိဆိုတာက ခေါ်မထားနိုင်တာပါ .. အခုထိသမီးနှစ်ယောက်အတွက် ကျောင်းစားရိတ်ပို့ရတုန်း … နေရထိုင်ရတာကလည်း အထီးကျန်ဆန်လှပါတယ်။ ဇနီးသည်ကလည်း သူ့အတွေးနဲ့သူ သူ့အလုပ်နဲ့သူ သူ့စိတ်ကလည်း သူ့သမီးတွေဆီဘဲရောက်နေထင်ရဲ့ .. ကျနော်တို့များ အိုမင်းရင့်ရော်လို့ ကြွေချိန်ရောက်ပြီဆိုရင် … ………

….. တနေ့က အသိတယောက်ကတော့ အသည်းကင်ဆာဘဲ .. အိပ်ယာထဲလဲနေပြီ သမီးက စကာင်္ပူမှာကျောင်းတက်နေတယ် ခွင့်ရလို့ပြန်တော့လာသဗျ ဒါပေမဲ့
အဖေ့နားမကပ်ဘူးဗျ အဖေဖြစ်သူက B ပိုး ရှိလို့ ကူးမှာကြောက်လို့တဲ့ …….

………… မင်းသားကျော်သူရေ …. ဘိုးဘွား ရိပ်သာ လေးများ ဖြစ်နိုင်ရင် ထူထောင်ပါအုံးလို့ … နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ကတော့ အကပ်နဲ့မှလက်ခံသဗျ။

7 comments

  • ဆူး

    September 9, 2010 at 6:22 am

    သနားစရာ အဖြစ်တွေ အခု ပတ်ဝန်းကျင်တွေမှာ တွေ့မြင်နေရတာ များနေပါပြီ။ ငယ်တုန်းကတော့ မသိသာဘူး အသက်ကြီးမှ သားသမီးတွေ သတိရတာတို့ နောက်ပြီး အဝေးရောက်သားသမီးတွေ အဝေးမှာ အခြေကျနေပြီဆို ပြန်လာနေဖို့ ဆိုတာလည်း ယောင်လို့တောင် တွေးလို့မရတော့ဘူး တမြေရပ် ခြား ခေါ်ထားပြီး သွားနေတဲ့ မိဘများကတော့ မြေးကလေးတွေ ထိန်းဖို့ နေ့ကလေးထိန်းဖို့ သက်သာအောင် သို့မဟုတ် အိမ်မှာ အလုပ်အကိုင်သွားနေရင်လည်း စိတ်ချရမှုကတော့ အတိုင်းအထက်အလွန်ပေါ့။ တကယ်တမ်း လိုက်နေဖို့ ဆိုတာကလည်း လူကြီးတွေ အဖို့ နေသားမကျဖြစ်နေပြန်ကော။ နေမကောင်းဖြစ်လို့ လာခဲ့ပါခေါ်လို့ ပြန်လာရင်လည်း သားသမီးတာ ဆိုတယ် တစိမ်းနဲ့ မခြား ရုပ်ဝါဒီ ဆန်ဆန် စာသံပေသံနဲ့ ပြောတော့ လူကြီးတွေခမျာ ဘာမှ မပြောနိုင်ဖြစ်ကြရပြန်ရော.. အဝေးကသာ သတိရကြောင်း လွမ်းကြောင်းသာ ပြောနေကြတာ.. ရေမြေခြားမှာ ရှိနေတဲ့ လူတွေကို စော်ကား တာတော့ မဟုတ်ပါဘူး။ သူတို့ ကိုယ်တိုင်ကလည်း နေမကောင်းလည်း တယောက်တည်း ဖြတ်သန်းရတယ် နေကောင်းလည်း တယောက်တည်း ဖြတ်သန်းလာရတာ များတော့ တော်ယုံဆို သူတို့ စိတ်ထဲမှာ လူကြီးတွေက အပိုတွေလို့ မြင်လာကြတယ်။ မိဘနဲ့ သားသမီး ခံစားချက်တွေ နွေးထွေးတဲ့ မိသားစု ဘဝဆိုတာ ကိုယ်တိုင်ဝေးကွာလာခဲ့ကြတယ်လို့ မြင်မိပါတယ်။

    Reply

  • kai

    September 9, 2010 at 8:36 am

    ပြီးခဲ့တဲ့ နှစ် 2004ကအင်ဒိုနီးရှားငလျှင်နဲ့ ဆုနမိဖြစ်တော့ …ယိုးဒယားကမ်းခြေက..အပန်းဖြေအိမ်ယာလေးတွေ ..ပင်လယ်ထဲပါ။ လူတွေသေကြ..ကြားခဲ့ဖူးတယ်။
    ပြောချင်တာက.. အဲဒီထဲမှာ ဂျပန်ဘိုးဘွားအပန်းဖြေစခန်းတွေပါကုန်တဲ့အကြောင်းပါ။
    ဂျပန်တွေဟာ အသက်ရှည်ကြတာမို ့.. ပင်စင်ယူပြီးရင် လူမှုဖူလုံရေးကပြန်ပေးတာနဲ့။.အစိုးရကပေးတာနဲ့ပေါင်းပြီး လစဉ်ဒေါ်လာ ၂ထောင်နှင်အထက် ရကြတယ်ဆိုပါတော့။
    ဒါကို..အကွက်မြင်တဲ့စီးပွားရေးသမားတချို ့က..အပူပိုင်းဒေသ..ပင်လယ်လေလည်းကကောင်း၊ရာသီဥတုလည်း သာယာတဲ့ ဖူးခက်အပန်းဖြေစခန်းလို ပင်လယ်ကမ်းခြေနေရာမှာ ဘန်ဂလိုလေးတွေဆောက်..။ နပ်စ်တွေ။ ဆရာဝန်တွေ။ ပစ္စည်းတွေအစုံအလင်နဲ့..ဂျပန်ဘိုးဘွားတွေအတွက်..အပန်းဖြေရိပ်သာတွေဖွင့်ပါတယ်။
    ကုန်ကျငွေဟာ..ဘိုးဘွားတွေရတဲ့ငွေလောက်မှ မရှိတာမို ့.. ဂျပန်ဘိုးဘွားတွေတော်တော်များများ..အဲဒီမှာဘဝရဲ့ နောက်ဆုံးအချိန်တွေဖြုန်းရင်း..ပျော်နေကြတာပါ။
    ဆုနမိ မဝင်လာခင်အထိဆိုပါတော့..
    ဆိုတော့..။
    မြန်မာပြည်က ..ဒီလိုမျိုးလုပ်လို့မရနိုင်ဘူးလား..အထပ်ထပ်စဉ်းစားမိပါတယ်။
    နိုင်ငံခြားနေသူတွေက..တလရာဂဏ္ဍန်းတော့ မြန်မာပြည်မှာကျန်ရစ်သူတွေကို…ထောက်ပန့်ပို ့နိုင်တာပါ။ တခြား ဖွံ ့ဖြိုးပြီးနိုင်ငံတွေရဲ့ ဘိုးဘွားတွေကိုလည်း ခေါ်ပြီး ပြုစုလို့ရတာပဲလေ။ ဝင်ငွေလည်းရ..။ကုသိုလ်လည်းကောင်းပေါ့။
    ဘိုးဘွားတွေအတွက်…အဲဒါမျိုးဝန်ဆောင်မှုလုပ်တဲ့…ကုမ်မဏီလေးများ..မရှိကြဘူးလား..
    မလုပ်ချင်ကြဘူးလား…တွေးမိတာပါပဲ..။
    သိကြတဲ့အတို်င်း..မြန်မာပြည်မှာက…လုပ်အားဈေးသက်သာတော့…ဘိုးဘွားတယောက်ကို တောက်တိုမယ်ရကူဖို့..လူတယောက်လစာပေးပြီးတောင် အချိန်ပြည့်တွဲပေးထားလို့ရသေးတယ်မဟုတ်လား..။
    လူတွေလည်းအလုပ်ရ..ဘိုးဘွားတွေလည်းအစဉ်ပြေ။ တိုင်းပြည်လည်း…ဒေါ်လာငွေရ…။
    စဉ်းစားမိတာလေးပါ။
    ကိုကျော်သူကို မစောင့်ပဲ… ကိုယ်တိုင်ထလုပ်ကြည့်ပါလားနော….။ 🙂

    Reply

  • ဆူး

    September 9, 2010 at 11:27 am

    ကောင်းပါတယ် ကောင်းပါတယ်။ ကိုကေအေအိုင် ဦးစီး လုပ်ပါလား။

    Reply

  • fatty

    September 9, 2010 at 1:37 pm

    နောင်မကြာခင်အနာဂါတ်မှာ တကယ်ရင်ဆိုင်ရတော့မယ့် ပြဿနာပါ ။ kai ရဲ့ အကြံ ကောင်း လှပါတယ်။ မေမြို့မှာ ဟိုတုန်းကတော့တခုရှိခဲ့ ဘူးတယ်။ တချို့ အဖိုးအဖွားများ
    ရာသီဥတု ဒဏ်ပြင်းလာရင် မေမြို့လိုနေရာမျိုးမှာ သွားနေချင်ရင် ဆွေမျိုးသားခြင်း ရှိဘို့မလိုဘူးပေါ့။ အခုတော့သတင်းမကြားပြန်ဘူး ..
    လုပ်သင့်တဲ့လုပ်ငန်းတခုပါ … မြေနေရာဝယ်ဖို့တော့ ..ကြိုးစားပြီး post တွေတင်အုးံမယ် …. ။ ဒီနှစ်နွေရာသီတုန်းက မန ္တလေးမှာရော ရန်ကုန်မှပါ အဖိုးအဖွားတွေ တော်တော်
    ဖိတ်စင်ကုန်ပါတယ်။ တနေ့ကို ပုံမှန် average 50 လောက်ကနေ …150 -200 ထိ သဂြိုလ် ခဲ့ရတယ်တဲ့ ရန်ကုန်မှာပေါ့ ။ အချိန်မှီ စီစဉ်နိုင်ရင် သိပ်ကောင်းတဲ့ အစီအစဉ် မို့
    ကျေးဇူးပါ။ ရှယ်ရာပါချင်သူများ အခုကထဲက ဆက်သွယ်နိုင်ပါပြီ ….။

    Reply

  • seinrlu

    September 11, 2010 at 4:23 am

    dead pa say paut… Dar da ma tar pal har,,, Nga aphay & amay lal thay mar pal. Ngar lal thay mar pal… Ko khoe tone ka khoe, yote mar tone ka yote mar pee akhu ma thay mar kyout manay naet.fatty. minn ka khaung nal nal ma mashi bu.

    Reply

  • ဆူး

    September 11, 2010 at 4:35 am

    စိတ်ကူးကတော့ ကောင်းပါတယ် ထောက်ပံ့မှု မရှိဘဲ ရပ်တည်ဖို့ မလွယ်ဘူး ထင်ပါတယ်။ အခု ရှိပြီးသား ဘိုးဘွားရိပ်သာတွေက ဘိုးဘွာတွေတောင် နေ့တိုင်း အူမစိုဘူးနော်။ စေတနာ ရှေ့ထား ဖောင်ဒေးရှင်းထောင်မယ်ဆိုရင်တော့ တမျိုးပေါ့

    Reply

  • Gong Zhu

    September 16, 2010 at 3:37 am

    ကျေးဇုူးမသိတတ်လိုက်တဲ့ သမီးနော် . . . နောက်မှနောင်တရမယ် . . .

    Reply

Leave a Reply to Gong Zhu Cancel Reply

Your email address will not be published.