အရေးတော်ပုံအောင်ရမည်

Mon LayApril 3, 20211min00

လမ်းထွက်တဲ့လူက လမ်းမထွက်တဲ့သူကို

Profile ပုံမပြောင်းသူက ပြောင်းတဲ့သူကို

ပို့စ်တွေကို public တင်ရဲတယ်ဆိုပြီး အကြောင်းကြောင်းကြောင့် friend only တင်သူတွေကို

ငွေတတ်နိုင်လို့ လှူနေသူတွေက ကြပ်တည်းနေလို့မလှူကြသူတွေကို ….

စသည်ဖြင့်အပြစ်ပြောနေကြရင်း ဘုံရန်သူပျောက်ပြီးအချင်းချင်းပြန်စကားများကြ၊ ပြန်သတ်နေရင် ပန်းတိုင်အလှမ်းဝေးနေပါလိမ့်မယ်။

Pls campaign, but dont blame. (နှိုးဆော်သင့်တာ နှိုးဆော်ပါ။ အပြစ်တော့ မတင်ပါနှင့်) လို့ပြောလိုပါတယ်။

လူတဦးနှင့်တဦး risk profile ခြင်း၊ risk appetite ခြင်းမတူညီပါ။ သူ့ friend list နှင့် ကိုယ့် friend list မတူပါ။ ပြည်ပနေ နှင့် ပြည်တွင်းနေ မတူပါ။ နှေးနှေးသွားသူနှင့် မြန်မြန်သွားသူခြင်းမတူညီပါ။ အဆုံးမှာတော့ လမ်းချင်းတူရင် လူချင်းတွေ့ပါလိမ့်မယ်။

လူတယောက်ခြင်းစီ ကိုယ့်ဘာသာပြန်မေးနေရမယ့်မေးခွန်းက ကိုယ်နိုင်သလောက် ကိုယ်လုပ်နေပါရဲ့လား (Do you give your 100%?) ဆိုတာပါ။ ဆင်ဆိုရင် သစ်ဆွဲ၊ မျောက်ဆိုရင် အပင်တက်၊ မြင်းဆိုရင် ပြေးနေဖို့ပေါ့။ ဆင်ဖြစ်ပြီး သစ်ပင်တက်ပြိုင်နေဖို့၊ မျောက်က သစ်ဆွဲပြိုင်နေဖို့မလိုပါ။

ဆင်ကြီးက ဆိတ်လောက် ပုရွက်ဆိတ်လောက်အလုပ်မျိုးတွေလုပ်နေကြသေးရင်တော့ မဟုတ်သေးဘူးပေါ့။

မွန်လေးကတော့ လုပ်စရာရှိတာတွေလုပ်ပေးပါတယ်။ မိတ်ဆွေရင်းများ လက်တွဲဖော်များသိပြီးသားမို့ အထူးဖော်ပြနေစရာမလိုပါ။ ဒါပေမယ့် နေ့စဉ်ပဲ ကိုယ်စွမ်းနိုင်သလောက် ရာနှုန်းပြည့်မလုပ်ပေးနိုင်သေးဘူးလို့ သုံးသပ်ပြီးပိုလုပ်နိုင်ဖို့နည်းလမ်းရှာဖွေကြံဆပါတယ်။

ကိုယ့်ပေတံနှင့် လူတိုင်းကို တိုင်းနေမှာတော့မဟုတ်ပါ။

ကိုယ့်သမိုင်း ကိုယ်ရေး
လက်ရေးတော့လှပ
မညစ်ပေနေဖို့ အဓိကပေါ့လေ။

credit

Leave a Reply

Your email address will not be published.