အားတက်စေမယ့် စာစုများ ၂၉

Mon LayDecember 16, 20201min00

မွန်လေးရဲ့ခံယူချက်
လူတွေ ချီးမွမ်း ၇ရက် ကဲ့ရဲ့ ၇ရက်
ဘာမှ မလိုချင်ပါဘူး
အရမ်းမအောင်မြင်ရင်နေပါ
ကိုယ်သွားနေတဲ့လမ်းပေါ်သူများမျက်ရည်
သူတပါး ပူဆွေးမှု မပါစေရ
ဆုအမြဲတောင်းတာ ဘယ်ဘဝရောက်ရောက်
အကုသိုလ်နဲ့ စီးပွားမရှာရပါစေနဲ့။
နောက်ကျောကိုဓါးနဲ့အထိုးခံရလည်း
အေးချမ်းနဲ့ အပြုံးနဲ့ ပြုံးပြနိုင်ဖို့
ပြည့်ဝတဲ့ နှလုံးသားပဲ လိုချင်တယ်။
ရန်သူ ပြိုင်ဖက် ၁ဝဝဝယှဉ်ပြိုင်နိုင်ခြင်းထက်
လဲကျနေသူ စွဲ ထူ နိုင်ချင်တယ်။
ကိုယ်နဲ့တွေ့တဲ့ လူတိုင်း အဆင်ပြေစေချင်တယ်။
သည်းခံနိုင်တဲ့ ကြီးမားတဲ့ နှလုံးသား
စဉ်းစားတွေးခေါ်နိုင်တဲ့ ကြီးမားတဲ့ ဦးနှောက်
ကိုယ်ချင်စားတတ်တဲ့ ခံစားချက်
ပဲ လိုချင်တယ်။
စိတ်ချမ်းသာရပါတယ်။

Leave a Reply

Your email address will not be published.