အားတက်စေမယ့် စာစုများ ၁၆

Mon LayNovember 15, 20201min00

ပစ္စည်းတွေ ရောင်းလာတဲ့သက်တန်းတလျှောက် စိတ်မဆင်းရဲဖူးဘူး။ ဒီလောက် ဖောင်းထုနေတဲ့ facebook social
မှာ Complain ပြောတာတို့ ဝိုင်း Blame တာတို့
၆နှစ်လုံးမခံရဖူးဘူး။
ကျွန်မ ဘာရောင်းရောင်း အေးအေးဆေး
ဆေး စိတ်ချမ်းသာစွာလုပ်ရတယ်။

အဲဒါ အဓိက ဆရာတော်ကြီးတွေဟောတဲ့ အအေးစာ
ကို စားလို့ ဘဝမှ စျေးသည်ဟာ စျေးရောင်းရင်အမြတ်
ယူရတယ်။ဒါပေမဲ့ ရသင့်သလောက် စားသင့်သလောက်
အမြတ်သာလျှင် အအေးစာဖြစ်တယ်။
အအေးစာ စားရင် တစ်သက်လုံး အေးချမ်းတယ်။
ရောက်လေရာအရပ် ဒုက္ခပေးမယ့်သူမရှိဘူး။

တချို့ စီးပွားရေးသမားတွေ အလှူတန်းတွေဘယ်လောက်
လုပ်လုပ် အပူစာ စားမိရင် ပူလောင်ရတယ်။ရန်ဖြစ်ရ
တယ်။အနောက်မှ ပြသနာရှာမယ့်သူကအဆင့်သင့် အလိမ်
ခံရတတ်တယ်။မိတ်ဆွေကောင်းရှားတယ်။မိမိဘာဝယ်
လိုက် ဝယ်လိုက် စျေးကြီးမိတယ်။ဘဝမှ ကောင်းတဲ့
ဆိုတဲ့အရာတွေဝေးတတ်တယ်။အိမ်ထောင်ဖက်
ဆိုးတွေ့တတ်တယ်တဲ့

မိမိရဲ့ ရုပ်မှာပါ အကြည်ဓာတ်ပျက်ပြီး

လောဘကြီးတဲ့ ရုပ် သောက ဝေတဲ့ ရုပ် ဖြစ်တတ်တယ်။

တစ်ဘဝလုံး ရောဂါ ထူးပြောတယ်။
သေရင် ငရဲ ကျတတ်တယ်။

စေ◌ျးကူရောင်းပေးလို့ ပြန်ပြီးနိုင်ငံခြားခရီးစဉ်တွေ..ရွှေဆွဲကြိုးတွေပြန်ပေးပေး အမြတ်အများကြီးတင်ထားမဟုတ်ဘူး

ရေရှည်သွားမယ်
စိတ်ချ
လမ်းကြောင်းမှန်မှန်နဲ့
သုံးသူလည်း မနစ်နာစေရ ရောင်းသူလည်း မနစ်နာစေရ

ကိုယ်တွေ Online စီးပွားရေးလောက ၆နှစ်ရှိပြီ
နာမည်ပျက်မရှိဘူး
အတင်းခြစ်ကုတ်ပြီး စုဆောင်းခဲ့တယ်။

အခုထိ ချွေတာနေရတုန်း

မှန်မှန်နဲ့ ကန်ကန် ကြိုးစားလျက်ပါ။

Leave a Reply

Your email address will not be published.