ဘန်ကောက် Dream World က မစီးစေချင်တဲ့ Viking ခေါ် ပင်လယ် ဓားပြ

Mon LayOctober 8, 20201min00

Dream World ဆိုတာ ဘန်ကောက်မှာ နာမည်လည်းကြီး၊ လူကြီးရော၊ ကလေးပါ အရမ်းပျော် ကြတဲ့ ကစားကွင်းကြီးပေါ့နော်။ စီးစရာ rides တွေလည်းရှိသလို..ပန်းတွေနဲ့ အလှဆင်ထားတဲ့  Theme park လည်းရှိတော့ ဓါတ်ဖမ်းရတာ ၀◌ါသနာပါတဲ့ မွန်လေးတို့လို လူတွေအတွက်  လည်း ဟန်ကျတဲ့နေရာဆိုလည်းမမှားဘူး။ 

အဲ့မှာ စီးစရာတွေကတစ်ရက်ထဲတောင်မလောက်တဲ့ကြားထဲကမှနေ မွန်လေးတို့စီးခဲ့လို့၊  အန္တရာယ်များလို့ လိုက်မစီးစေချင်တဲ့ ride လေးအကြောင်းရေးပေးချင်ပါတယ်။ အကယ်လို့ များ စီးချင်ရင်လည်း ထိပ်ဦးပိုင်းမှာ မစီးပါနဲ့လို့။ အတွင်းပို်င်းမှာစီးပါလို့။

အဲ့ ride နာမည်က Viking လို့ခေါ်တဲ့ ရန်ကုန်မှာဆို ပင်လယ်ဓားပြပေါ့။ ကိုယ်တွေကတော့  ရန်ကုန်မှာ စီးခဲ့ဖူးတဲ့ အတို်င်းထင်လို့ ထိပ်ဆုံးမှာ သွားစီးတာ။ အာလား….ကိုယ်တွေဆီက  ပင်လယ်ဓားပြက ပို safe ဖြစ်တယ်။ အရှေ့မှ အကန့်လုပ်ပေးထားတယ်။ စီးခဲ့ဖူးတဲ့သူတွေဆို  သိပါလိမ့်မယ်။ 

ဘန်ကောက်မှာကျ အရှေ့မှ ဘာမှမရှိတဲ့အပြင် အပေါ်ကိုရောက်သွားရင်  အသဲအေးမယ့်ဟာ မအေးနိုင်ဘဲ..အရမ်းကို နှလုံးတုန်၊ရင်ခုန်ပြီး ကြောက်ဖို့လိုက် တာမှလွန်ရောပဲ။ လက် ကိုင်တန်းကို မနည်းကို်င်ထားရတယ်။ ကြာလာတော့  လက်တွေကလည်း တုန်လာပြီး အကုန်သူ  “stop ..stop ..” ဆိုပြီး ၀◌ိုင်းအော်ကြ၇တယ်။ အဲ့လို၀◌ိုင်းအော်လည်း အလကားပဲ.. မရပ်ဘဲ…ပိုတောင်အမြင့်ရောက်သွားသလား ထင်ရတယ်။ တွေးရင်နဲ့တောင် တော်တော်ကြောက်ဖို့ကောင်းနေပြီ။ တကယ်မလွယ်တဲ့ride ပါ။ အလယ်ကစီးတဲ့သူတွေကျ တစ်စက်ကလေးမအော်ကြဘူး။ ထိပ်ဆုံး  မှာ ထို်င်တဲ့ ကိုယ်တွေပဲ..ဒါတောင်ကိုယ်တွေက တစ်တန်းမှာ လူ၅ယောက် ကြပ်ကြပ်ထို်င်တာ။ ဒါတောင် လွှဲလိုက်ရင် ထိုင်နေတဲ့ ခုန်နဲ့ ကြွပြီး လူကကျွမ်းပြန်ကျ သွားတော့မလားအောက်မေ့ရ  လောက်အောင် အရမ်းကြောက်ဖို့ကောင်းပါတယ်လို့။ လုံး၀ ထိပ်ဆုံးမှာ  မစီးကြပါနဲ့။ စီးချင်ရင် အလယ်မှာသာ ထိုင်စီးကြပါ။ 

ကျန်တဲ့ ride တွေကတော့ safe ဖြစ်ပါတယ်။ snow town လည်းမိုက်တယ်။  အရမ်းအေးလွန်း လို့ iphone ဆို အော်တိုပိတ်သွားတာ။ ပုံတောင်ကောင်းကောင်းမရိုက်ခဲ့ရဘူး။ 

နောက်ထပ်လည်းစာတွေထပ်ရေးပေးပါဦးမယ်။ 

Leave a Reply

Your email address will not be published.