ဖေဖော်ဝါရီလထုတ်တွင် ဇောက်ထိုးချိတ်နေသော နေ့ရက်တစ်ခုသို့

ko sixFebruary 11, 20201min01

……………………… သွားချည်ပြန်လှည့်နဲ့ ဘောင်မဝင်တော့သော ရက်စွဲတစ်ခု
ဘာသာအမျိုးမျိုးပြန်ဆိုလည်း မေတ္တာရဲ့အပေါ်သွေးက နံပါတ်မရှိတော့ပါဘူး
ဦးတည်ရာမဲ့ ဆင့်ခေါ်စာလို လိပ်ပတ်လည်အောင်လည်း ချစ်မပြတတ်တော့ဘူး
အရပ်လေးမျက်နှာက ဆင်တူဝတ်စုံတွေ မှန်ဘောင်ထဲပဲ ငေးကြည့်နေလိုက်ရုံ……
အတိတ်ကို ခတ်ဆတ်ဆတ် ဆွဲဆိတ်မိတော့
အော်ပီကျယ်မှာ ခမ်းနားခဲ့တာတွေ
ရွှေမြင်းတင်မှာ ရေးထွင်းခဲ့တဲ့ ခိုင်မာမှုတွေ
ရွှေသိမ်တော်မှာ ကြိမ်ဆိုခဲ့တဲ့ ဘယ်တော့မှ မခွဲကြေးတွေ
မယ်နုအုတ်ကျောင်းမှာ လွှင့်လူးခဲ့တဲ့ စာနာတာတွေ
ဘုရားကြီးမှာ ရွှေသင်္ကန်းကပ်ခဲ့တာတွေ
ကျွန်းတန်းလမ်းမှာ ဖွနင်းခဲ့တဲ့ခြေရာတွေ
ခုနေ အတူတူလွမ်းလွန်းလို့ပြီး နာနိုနည်းပညာနဲ့ ဖက်နမ်းချင်လည် မရတော့ဘူး။
ကာလယန္တားအောက် မေတ္တာကို အပျောက်ဖျောက်ပစ်ပြီးမှ အလွမ်းနဲ့ ပုံဖော်နေလည်း ရင်မောနေရုုံမဟုတ်လား။
အဲဒီ ၁၄ ရက်နေ့ဆိုတာ ဒီနေ့အတွက် အမြတ်ငွေဟာ မနက်ဖြန်အတွက် အရင်းအနှီးမျှသာပါ ချစ်သူ။

ကိုစစ်(Phys) 2 ,Feb,2020

One comment

  • manawphyulay

    March 4, 2020 at 10:14 am

    အမြ်ငွေလေး နည်းနည်းချေးပါလားကိုစစ်

    Reply

Leave a Reply

Your email address will not be published.