ဘာလီရောက်ရင် ဘာတွေစားသင့်လဲ

Mon LaySeptember 6, 20192min00

ဘာလီဆိုတာ အင်ဒိုနီးရှားနို်င်ငံရဲ ့ပြည်နယ်လေးတစ်ခုပါ။ အဲ့ကိုသွားဖို့ဆို မြန်မာကနေ transit လေယာဉ်နဲ့သွားမှရောက်ပါတယ်။ ဘာလီရောက်ရင် ကမ်းခြေတစ်ခုပဲလည်ရမှာမဟုတ်ပါဘူး။ တခြားလည်စရာ၊ပတ်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ပြည်နယ်လေးပါ။ အဲလိုပါပဲ..သူမှာမြည်းစမ်းကြည့်ဖို့အတွက် အစားအစာတွေဆိုတာလည်း ပြည့်နှက်နေတာပါ။ ဟိုတလောက အမတစ်ယောက်က သူဘာလီသွားဖို့ရှိတယ်။ အဲ့မှာ ဘာတွေစားရမလဲတဲ့။ မွန်လေးသွားတုန်းကတော့ Royal Active Travels နဲ့သွားခဲ့တာဆိုတော့ တိုးကစီစဉ်ပေးတဲ့ဆိုင်မှာစားခဲ့တာပေါ့နော်။ ကိုယ့်ဖာသာ free & easy သွားမယ်ဆိုရင်တော့ စားလို့ရတဲ့ အစားအစာတွေကတော့အများကြီးပဲရှိပါတယ်။ ဒီထဲကမှ ကိုယ့်မြန်မာတွေရဲ ့ပါးစပ်နဲ့ကိုက်ညီတဲ့ သူတို့ရဲ ့ဒေသအစားအစာကို မြည်းစမ်းလို့ရအောင် မွန်လေးက ဖော်ပြပေးသွားပါမယ်။

ဘာလီဆာတေး

ကိုယ်တွေမှာလည်းဆာတေးကင်ဆိုပြီးရှိတယ်နော်။ သူတို့မှာလည်းဆာတေးကင်ဆိုပြီးရှိပါတယ်။ အရသာကတော့အသားကိုကင်တာပါပဲ။ မတူတဲ့အချက်က အချဉ်ရည်အရသာနဲ့ အသားတွေကို ဝါးနဲ့ထိုးတာပါပဲ။

Babi Guling

ဝက်သားပေါက်လေးတွေကို ကင်ထားတာပါ။ ပြီးတော့ အရွက်တွေလည်းအစုံပါတယ်။

Bebek and ayam betutu

သူကတော့ ရိုးရာထမင်းပေါ့နော်။ ဖက်ကလေးနဲ့ အသားအနေနဲ့ ကြက်သားပါသလို..တခါတလေ ဘဲသားကိုလည်းသုံးကြတယ်။

Jimbaran Seafood

သူကတော့ jimbaran beach မှာပဲစားရတာပါ။ ပင်လယ်စာအကင်စုံပေါ့နော်။ ဗန်းနဲ့။ အရသာစားကောင်းတယ်။ ချိုတော့ချိုတယ်။

နောက်ထပ်စားခဲ့ဖို့အစားအစာတွေလည်းကျန်ပါသေးတယ်။ ဒါလေးတွေကိုတော့ သေသေချာချာလေးစားခဲ့စေချင်ပါတယ်။ မြန်မာပါးစပ်အရသာနဲ့လည်း အံဝင်ခွင်ကျဖြစ်လု့ိပါ။

နောက်ထပ်လည်းတင်ပြပါဦးမယ်။

#bali#food#review#sate#satay#Babi_guling#bebek_and_ayam_betutu#jimbaran_seafood

Leave a Reply

Your email address will not be published.