နာမည်ကျော်ကြားသူများ သေဆုံးသည့် သတင်းဖြင့် နောက်ဆုံးပေါ် Trojan တိုက်ခိုက်[Virus news]…

lu ta loneSeptember 7, 20101min00

အင်တာနက်မှ လိမ်လည်တိုက်ခိုက်သူများသည် ဘီယွန်ဆေး၊ တွမ်ခရုစ်၊ တိုက်ဂါးဝုဒ် စသည့် နာမည်ကျော်ကြားသူများ ကားတိုက်မှုကြောင့် သေဆုံးခြင်း (သို့) လေယာဉ်ပျက်ကျ သေဆုံးခြင်း စသည့်လင့်ခ်များပါဝင်သော အီးမေးလ်များဖြင့်ပေးပို့ကာ တိုက်ခိုက်လျက်ရှိပြီး ယင်းသတင်းကို ဖတ်ရှုမိသူများအနေဖြင့် ၎င်းတို့၏ ကွန်ပျူတာများအတွင်းသို့ ဗိုင်းရပ်စ်များ ဝင်ရောက်ကူးစက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ အဆိုပါဗိုင်းရပ်စ်ပါဝင်သော အီးမေးလ်တွင် အထက်ဖော်ပြပါ နာမည်ကျော်ကြားသူများသည် အခြားခရီးသည် ၃၄ ဦးနှင့်အတူ လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားကြောင်း ဖော်ပြထားသည်။ ယင်းအီးမေးလ်တွင် ပါဝင်သောလင့်ခ်ကို နှိပ်မိသူများအနေဖြင့် ကွန်ပျူတာအတွင်းသို့ Trojan ဗိုင်းရပ်စ်များကို ထည့်သွင်းမိစေပြီး ယင်းသည် ကွန်ပျူတာကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်စေမည့် ဗိုင်းရပ်စ်ဖြစ်ကြောင်း သိရသည်။ အင်တာနက်လုံခြုံရေးကုမ္ပဏီဖြစ်သော Symantec ၏အဆိုအရ Trojan.Zbot ကူးစက်မှုသည် ဩဂုတ်လတွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိတွင်ကူးစက်ခံရသည့် ကွန်ပျူတာ ၈၀,၀၀ဝ မှ ၁၀၀,၀၀ဝ နီးပါးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.