လေယာဉ်လက်မှတ်ကို ကိုယ်အစီအစဉ်နဲ့ကိုယ် သက်သာအောင် ဝယ်ချင်လျှင်

Mon LayJune 3, 20192min02

ဟိုတလောကမှ မွန်လေးကို comment ကနေရော chat box ကနေပါ skyscanner မှာ လေယာဉ်လက်မှတ်ဝယ်နည်းလေး ပြောပြပေးပါလို့တောင်းဆိုထားတဲ့လူရှိလို့.. ဒီပို့စ်လေးနဲ့ ဖော်ပြ ပေးလိုက်ပါတယ်နော်။ တခြားကိုယ့်ဖာသာလက်မှတ်ဝယ်နိုင်ဖို့နည်းလမ်းလည်းဖော်ပြ ပေးလိုက်မယ်နော်

✈️💙 Skyscanner

သူဆီမှာ ဝယ်တာဟာ တစ်ခါတစ်လေ လေကြောင်းလိုင်းပိုင် website မှာဝယ်တာထက် ဈေးသက်သာတတ်သလို ဈေးကြီးမယ် ဆိုလည်း ၅ဒေါ်လာမှ ၁ဝဒေါ်လာလောက်ထိ ဈေးကြီးပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပျံသန်းတဲ့ လေယာဉ်တော်တော်များများရဲ့ ပရိုမိုးရှင်းတွေဟာ သူတို့ဆီမယ် တစ်ခါတည်းရိုက်ချလိုက်ရုံနဲ့ တန်းထွက်လာတာမျိုးဆိုတော့ ဈေးအသက်သာဆုံးတွေရယ် ကိုယ်ကြိုက်တဲ့ အချိန်တွေရယ်ကို သေချာတစ်နေရာထဲမှာ ရွေးချယ်လို့ရတာမို့ နိုင်ငံကြီးတွေသွားဖို့ရယ် အိမ်နီးချင်းမဟုတ်တဲ့ နိုင်ငံတွေသွားဖို့အတွက်ဆို အရမ်းအသုံးဝင်တယ်။ လင့်က https://www.skyscanner.com.sg/ သုံးနည်းကိုပုံမှာပြထားပါတယ်။ အသေးစိတ်ကြည့်နိုင်ပါတယ်။ skyscanner မှာဝယ်မယ်ဆိုရင်တော့ သူက တစ်ကမ္ဘာလုံးမှာ ဆွဲနေတဲ့ အဲလိုင်းတွေကို တခါတည်းရှာနိုင်ပြီး Visa တို့၊ master card တို့ရှိမှ ဝယ်လို့ရ ပါတယ်။ ပြီးတော့ သူ့မှာ အားနည်းချက်က ကလေးအတွက် လက်မှတ်ဖြတ်လို့မရဘူး။ အစားအသောက်ယူမယ်ဆိုလည်းမရဘူး။ ကီလိုဆိုလည်း hand carry 7 ကီလိုပဲရတယ်။ အဲလိုတော့ရှိတယ်။ တကယ်တမ်း ကီလိုတွေထပ်လိုချင်တယ်ဆိုရင် သိပ်အဆင်မပြေဘူး။ ဒီတော့ ကို်ယ်က အနီးစပ်ဆုံး ဈေးနဲ့ သွားချင်တဲ့နေရာကို အဲလိုင်းရွေးပြိီး နီးစပ်ရာ အေဂျင့်မှာဖြစ်ဖြစ်၊ မွန်လေးတို့ဆီမှာဖြစ်ဖြစ် လက်မှတ်ဝယ်ယူမှပိုအဆင်ပြေပါလိမ့်မယ်။

✈️💙 Last Minutes လေယာဉ်လက်မှတ်ဝယ်မယ်၊ရောင်းမယ်

Last Minutes ခရီးမသွားနိုင်တဲ့သူတွေဆီကနေ လေယာဉ်လက်မှတ်ကို တဆင့်ပြန် ဝယ်ပါတယ်။ အတန်တကာ့ အတန်ဆုံး နည်းလေးပါ။ သူများရဲ့ ဆုံးရှုံးမှုကိုလည်း သက်သာစေတယ်။ ကို့ယ့်ရဲ့ ခရီးသွားစရိတ်ကိုလည်း သက်သာစေတဲ့နည်းလမ်းလေးပါ။ အချိန်တွေ နေရာတွေ သွားမည့်ရက်တွေကိုတော့ ပြောင်းချင်မှပြောင်းလို့ရမှာပါ။ ဒါပေမယ့် သူသွားမယ့်အချိန်ရယ် နိုင်ငံရယ် ရက်တွေရယ်မှာ ကိုယ်ခရီးသွားနိုင်တယ်ဆိုရင်တော့ အရမ်းကို ဈေးသက်သာပါတယ်။ ကိုယ်ကမသွားဖြစ်တော့လို့ လက်မှတ်တွေပြန်ရောင်း ချင်လည်း ရတယ်နော်။
https://www.transfertravel.com

ခရီးတွေအများကြီးသွားနိုင်ကြပါစေ။


2 comments

  • aye.kk

    June 11, 2019 at 3:27 pm

    ကျေးဇူးပါ။

    Reply

  • Shar Thet Man

    July 24, 2019 at 10:29 am

    ရပါတယ်

    Reply

Leave a Reply

Your email address will not be published.