ကြည်ပြာရောင် အလှပိုင်ရှင် ငွေဆောင်ကမ်းခြေ

Mon LayJanuary 30, 20197min01

နွေရာသီပိတ်ရက်လို့ပြောလိုက်တာနဲ့ ခရီးထွက်ကြမယ်ဆို အနားယူဖို့အကောင်းဆုံးကတော့ ကမ်းခြေပါပဲ။ 🌅ပင်လယ်ကြီးကိုတဝကြီးကြည့်မယ်..ပင်လယ်လေကိုတဝကြီးရှုမယ်… ကမ်းခြေက သဲနဲ့ scrubလုပ်မယ်..နားအေးပါးအေး beach chair လေးပေါ်မှာ အေးအေးလူလူ စာအုပ်ဖတ်မယ်. 🏖.ကဲအာ့ဆို ငွေဆောင် ပဲသွားဖို့တိုက်တွန်းချင်တယ်။

#ဘယ်အချိန်သွားရင်သင့်တော်လဲ။ ⌚️⏳

ကမ်းခြေဒေသဆိုတော့မိုးတွင်းကုန်ဆောင်းဦးပဲဖြစ်ဖြစ်၊နွေရာသီပဲဖြစ်ဖြစ်သွားရင်အသင့်တော်ဆုံးပါပဲ။ဒါမှမုန်တိုင်းဒဏ်ကကင်းဝေးမှာပါ။ အကောင်းဆုံးကတဲ့ကိုယ်အားတဲ့အချိန်သွားတာအကောင်းဆုံးပါ။ 😜😜မွန်လေးတို့ကတော့ 2016 ဇန်နဝါရီလထဲမှာ နာမည်ကြီး presenter တွေနဲ့သွားခဲ့တာပါ။ (ကိုယ်တော့ မိတ်ဆက်ပေးမှသိ ခဲ့တာ..ဟီး။ 😁😁 အဲလောက် TV မကြည့်ဖြစ်တော့တာပါ)

#လမ်းခရီး 🛣

ရန်ကုန်ကနေဆို3နာရီကျော်4နာရီသာသာသာသွားရတဲ့ခရီးလေးပါ။ပုသိမ်လမ်းမကြီးအတိုင်းလာပြီးလမ်းခွဲရောက်ရင်

ချောင်းသာသို ့၊ငွေဆောင်သို ့လို ့ရေးထားပါတယ်။ ချောင်းသာသွားမယ့်သူတွေကချောင်းသာလမ်းဘက်ကိုကွေ ့ပြီး

ငွေဆောင်သွားမယ့်သူတွေကငွေဆောင်လမ်းဘက်ကိုကွေ ့ပြီးသွားရမှာဖြစ်ပါတယ်။

#ဘယ်တွေလည်လို့ရလဲ 🎇🎇

ပင်လယ်ရဲ့အလှကိုအတွင်းကျကျခံစားဖို့ဆိုရင် ကျွန်းလျှားရှည်နဲ့လိပ်​ကျွန်​းတစ်​ ဝိုက် မှာ ​ ရေကူး ၊ ရေငုပ်၊ ပြီး ငှက်ကျွန်းရောက်ရင်ပင်​လယ်​​ရေရဲ့crystal clear waterထဲမှာ အရမ်း​ကိုလှတဲ့ ငါး​လေး​တွေ သန္တာ​ကျောက်​တန်​း​တွေ သန်​းရှင်​း​တောက်​ပ​နေတဲ့ ပင်​လယ်​ကြမ်​းပြင်​​ရဲ့ အလှအပ​တွေကို snorkelling လုပ်​၊ Trekkingလုပ်ချင်တဲ့သူတွေအတွက်တော့ အံမခန်းအလှတွေရှိတဲ့မြင်ကွင်းတွေနဲ့ပေ ၅၀ဝ အမြင့်ရှိတဲ့ စခန်​း​တောင်​​ပေါ်တက်​​​၊ ကမ်း​ခြေပြန်​​ရောက်​ပြီဆိုရင်​လည်း ချစ်​သူများကျွန်​းမှာ လည်​ပတ်​ရင်​း ​ရေသူမ​လေးနဲ့ တူတူဓာတ်​ပုံရိုက်၊ water activities စတာတွေလုပ်လို့ရပါတယ်။ ညနေဘက်ဆိုလည်း ရန်ကုန်မှာ မရနိုင်တဲ့ ဆည်းဆာအလှကို သောင်ပြင်မှာ ထိုင်ပြီး တမေးတမော ကြည့်လို့လည်းရတယ်။

#ဘာနဲ ့သွားလို ့ရလဲ 🚘🚍🚌

ငွေဆောင်ကားတွေကတော့အမျုိုးကိုစုံနေတာပါပဲ။အဲထဲကမှမွန်လေးrecommend ပေးချင်တာကတော့

အာရှနဂါး (၁၈၀၀ဝ ကျပ်)၊ ရွှေချောင်းသာ(၁၂၀၀ဝ ကျပ်)တို ့ပါ။ မွန်လေးတို့ Royal Active Travels မှာဝယ်လို့ရတယ်နော်။ မွန်လေးသိသလောက် မှတ်သလောက်လေးတွေ ကိုဖော်ပြပေးထားပါတယ်။နောက်ထပ်သိတဲ့သူများရှိရင်လည်းမန် ့ပေးသွားပါဦး။ ငွေဆောင်ကားတွေကများသော အားဖြင့်ညဘက်(၉)နာရီထွက်ကြပါတယ်။ ဟိုကို မနက် အစောကြီး(၂)နာရီလောက်ရောက် သွားတော့ တကယ်တန်း ဟိုတယ် check in time မဟုတ် တဲ့အတွက်ကြောင့် ဟိုတယ်lobby မှာထိုင်စောင့်နေခဲ့ရပါတယ်။

#တည်နေရာ ☑️
ငွေဆောင်ကမ်းခြေက ရန်ကုန်မြို့က မိုင်(၁၆၀)ဝန်းကျင်၊ ပုသိမ်မြို့မှ အနောက်ဘက်ကို ၄၈ကီလိုမီတာ(မိုင်၃၀)အကွာမှာရှိပြီး ရေပြာရောင်ကိုပို်င်ဆိုင်ထားတဲ့ ကမ်းခြေပါ။ သိပ်လှတဲ့ ချစ်သူများကျွန်းလည်းရှိတဲ့အပြင်အဲ့ကျွန်းပေါ်မှာပဲ နေဝင်ချိန်ညနေရှုခင်းကိုကြည့်လို့ရသေးတာ။ ကံကြီးချောင်း၊ ဒီရေရောက်တောနှင့် တံငါရွာ၊ သစ်ရောင်းကျွန်းနှင့် ငရုတ်ကောင်းကျွန်း များဆီသို့လည်း သွားရောက်လည်ပတ်နိုင်ပါသေးတယ်။

#ဘယ်မှာတည်း 🏨🏩

Palm Beach Resort မှာတည်းခဲ့ပါတယ်။ ပင်လယ်နဲ့ pool နဲ့တဆက်တည်း ဖြစ်နေတဲ့ ရေကူးကန်ရှိလို့ပါ။ (ဟိုတယ်ဘွတ်ကင်တင်ချင်ရင်ပြောနော်. စီစဉ်ပေးပါတယ်) 4 star Hotel ဖြစ်ပြီး မနက်စာလည်းပါတယ်။ wifiနဲ ့ဆိုတော့ပုံတွေကို update တင်လို့ရတာပေါ့။

# ငှက်ကျွန်း🐥🐥🐥

နာမည် အရမ်းကြီးနေတဲ့ ငှက်ကျွန်းကို boat trip အနေနဲ့ မွန်လေးတို့သွားခဲ့ကြ တယ်။ အဲ့တုန်းကတော့ သစ်သားစက်လှေနဲ့ တစ်စီးကိုမှ အသက်ကယ်အကျီတွေ၊ ရေငုပ်တာတွေအကုန်အပါ၊ အစားအသောက်မပါတာကို (၂၅၀၀၀)ကျပ်။ ခုတော့ အဆင်မြင့် boat တွေရှိနေပြီလို့ ပြောသံကြားပါတယ်။ အောက်မှာ သက်သက်ဖော်ပြထားပါတယ်။ နောက်တစ်ခေါက်ကျရင် အဲ့အဆင့်မြင့် boat တွေနဲ့ သွားပါမယ်။ ငှက်ကျွန်းကို ရောက်ဖို့က မိနစ် ၄ဝ ကျော်ပဲ ကြာပါတယ်။တစ်ခု သတိထားမိတာ ကတော့ ငွေဆောင် ရဲ့ ပင်လယ်ရေ အရောင်ပါပဲ။ ပြာလဲ့ပြီးတောက်နေတာ။ ငှက်ကျွန်းကို နီးလာလေလေ…ရေက ပိုပြီး ကြည်ကြည်လာတာ။ ပထမဦးဆုံး ငွေဆောင်မှာရေစ ငုပ်တာဆိုတော့ တအားကြောက်နေခဲ့တာ။ရေ ကူးတတ်ပါတယ်..သို့သော်ငြားလည်း ..ကြောက်လို ့ခြေထောက်ထောက် လို့ရတဲ့နေရာလောက် ပဲ ရေငုပ်ခဲ့တယ်။ နောက်ပိုင်းရဲသွားမှ ခပ်ဝေးဝေးတွေ စငုပ်ခဲ့တော့မှ တအားပျော်ဖို့ကောင်းမှန်း သိခဲ့တာ။ ရေငုပ်ဖို့က ရေကူးတတ်ဖို့မလိုပါ။ ငုပ်ချင်တဲ့ဆန္ဒရှိရင် ငုပ်လို့ရပါတယ်။ အသက်ကယ်အကျီပေးတော့ ငုပ်ချင်တဲ့နေရာ သာငုပ် လိုက်ပါ။ ရေအောက်ကမ႓ာဆိုတာ အတော်ကြီးကို လှတာပါလားဆိုတာ မျက်မြင်ကိုယ်တွေ့ မြင်စေချင်တာရယ် ကျောက်ဆောင်တွေ..ငါးတွေ ဆိုတာကို အထင်းသား ..ကြည်ကြည်လင်လင် ကြီးမြင်စေချင်တာကြောင့်ရယ်ပါ။ 🐠🐟🍥🦈🦐 မွန်လေးလည်း ငွေဆောင်မှာ ပထမဦးဆုံး snorkeling လုပ်ဖူးတာပါ။ အရမ်းကြိုက်တဲ့ ကာတွန်းကား Finding Nemo ထဲကိုလူကိုယ်တိုင် ရောက်သွားသလိုခံစား တစ်ခါလောက် ရေအောက်အလှအပများကို မျက်မြင်ကိုယ်တွေ့သိရှိဖို့ ရဲရဲကြီးသာ ငုပ်လိုက်ပါ။ သွားမယ်ဆိုရင်တော့ နေရောင်ခံခရင်မ် ၊ ညှပ်ဖိနပ်၊ ရေစိုခံဖုန်း နဲ့ နေကာမျက်မှန်တို့ယူသွားပါ။ ငှက်ကျွန်းရဲ့ နာမည်ကြီးလှတဲ့ view point ကို ရောက်ဖို့ လှေကား မတ်မတ်လေးတစ်ခုတော့ တက်ရပါမယ်။ လှေကားထိပ်ရောက် လို့ လမ်းလေး နည်းနည်း ဆက်လျှောက် လိုက်တာနဲ့ view point ကိုရောက်သွားတာပါပဲ။ ငှက်ကျွန်း အသွားအပြန် trip က snorkeling အပါအဝင် လေး နာရီလောက်ပဲ ကြာတော့ နေ့ တစ်ဝက်လောက်ပဲဆိုတော့ သွားရတာ အဆင်ပြေပါတယ်။

# ငှက်ကျွန်း🐥🐥🐥 ကျွန်းလျားရှည်🏝🏝🏝 လိပ်ကျွန်း🐢🐢🐢

ခုုအဆင့်မြင့် ဘုတ် ဖြစ်တဲ့ #Ngwe_Saung_Princess – 09 422561742 ရှိတယ်။ ငှက်ကျွန်း🐥🐥🐥 ကျွန်းလျားရှည်🏝🏝🏝 လိပ်ကျွန်း🐢🐢🐢 တို့ကို နေ့ချင်းပြန်သွားပေးတယ်။အသက်ကယ်အကျီ၊ ရေငုပ်ပစ္စည်းတွေ၊ နေ့လည်စာ၊ water proofcamera တွေလည်းပါတယ်။ ရေငုပ်ရင်းနဲ့ ရေအောက် မှာ ဓါတ်ပုံလှလှလေးတွေ လိုချင်တော့လည်းသူတို့ကရိုက်ပေးသေးတယ်တဲ့။

#ဆင်စခန်း

ဆင်စခန်းလည်းရှိတယ်တဲ့။ နောက်တခါသွားမှပဲ.. အချိန်ရရင် သွားကြည့်တော့မယ်။

Retro Ski ⛷
Banana boat ပြီးတော့ နောက်ထပ် စီးလို့ရတာက Retro Ski တဲ့။ လေးယောက်အထိ စီးလို့ရတယ်ပြောတယ်။ လှိုင်းလုံးကြီးကြီးလေးနဲ့များ ကြုံလိုက်ရင် လေ ပေါ်ကို မြောက်တက်သွားပြီး ပြန် ကျတဲ့အချိန်မှာ မလွတ်တမ်း ကိုင်ထားရတဲ့အရသာက ပျော်ဖို့လည်း ကောင်းတယ်တဲ့။နောက်တစ်ခေါက် ရောက်ဖြစ်ခဲ့ရင်တော့ Retro Ski ကို စီးကြည့်ဖို့ တေးထားပါတယ်။

#စားဖို ့သောက်ဖို ့အတွက် ♨️🍛🍤🍲🐔🐥🦀🦐🦑🐙

ငွေဆောင်မှာ ပင်လယ်စာကောင်းကောင်းစားမယ်ဆို လက်လှမ်းမှီ သလောက်လေးပြောပြပေး မယ်။

ဒေါ ်နွဲ ့- 09760920711, လက်ရာလည်းကောင်း ပေးရတဲ့ဈေးကလည်းတန် စိတ်တိုင်းကျ လည်းလုပ်ပေးတယ်။
သီတာစမ်း – 09250426696, ဈေးတော်တော်တန်ပါတယ် မြန်မာဘူဖေးလဲရပါတယ်

ကဲ ပိတ်ရက်တွေလည်းမကြာခင်ရောက်လာတော့မှာမို့ ကားလက်မှတ်တွေ အခန်းတွေကို ကြိုတင်ဘွတ်ကင်တင်ထားဖို့လိုမယ်နော်။ ဆက်သွယ်မယ်ဆို Royal Active Travel – 09427788100 ကိုဆက်သွယ်နိုင်ပါတယ်လို့။

One comment

  • Shar Thet Man

    March 11, 2019 at 2:02 pm

    ငပလီသွားချင်တယ်

    Reply

Leave a Reply

Your email address will not be published.