ကော်ဖီရဲ့ ည

အချိန်တန်တဲ့ ညနေခင်းကလည်း

ငါ့အနားကနေ

ထွက်ခွာ သွားကြပြီ။

ဘဝရဲ့ အထီးကျန်တဲ့ ညကလည်း

ချစ်သူကို သတိရတဲ့ စိတ်နဲ့

ငါနဲ့ အတူ ကော်ဖီတစ်ခွက် မှာသောက်နေလေရဲ့။

ခါးသက်တဲ့ အရသာဆိုတာ

လွမ်းနေတဲ့ ညကိုလည်း

ပိုပြီး ခါးသက်သွားအောင် မလုပ်ပြနိုင်သလို

သူ့ဘေးက ငါ့ကိုလည်း

သတိရတဲ့စိတ်တွေ ပျောက်ကွယ်သွားအောင်

မရူးသွပ်စေခဲ့ဘူး။

အုံးမောင်း ခေါက်တော့လည်း

လင်းရေင်ခြည် စတော့

ညက ငါ့ဘေးကနေ တိတ်တဆိတ် ထွက်ခွာသွားခဲ့တာ

လူမသိ သူမသိ ခြေသံတွေ

မကြားရတော့ဘူး။

ငါကလည်း….

ကော်ဖီတစ်ခွက်နဲ့ ချစ်သူကို

လွမ်းနေမိတာ

အဝေးက ငှက်ကလေးတွေတောင်

ငါ့ကို အားပေးနေလေရဲ့။          ။

One comment

  • ma ma01306

    July 20, 2012 at 7:57 pm

    ငါကလည်း….

    ကော်ဖီတစ်ခွက်နဲ့ ချစ်သူကို

    လွမ်းနေမိတာ

    Reply

Leave a Reply to ma ma01306 Cancel Reply

Your email address will not be published.