သိုး

တကယ်တမ်းတော့ ဘယ်သူမှ မမှားခဲ့ကြပါဘူး။

ဆုံးဖြတ်ချက်မှားခဲ့တဲ့ ကြားလူတစ်ယောက်ကသာ

ငါ့တို့နှစ်ယောက်ရဲ့  သံယောစဉ်တွေကို

နားလည်မူလွဲစွာနဲ့ ဆုံးဖြစ်ပေးခဲ့တာပါ။

ရလဒ်တွေ မျဉ်းပြိုင်နေတဲ့ လမ်းကြောင်းပေါ်မှာ

ငါ မရပ်တည်နိုင်ခဲ့တာ

ချစ်သူကို မချစ်ခဲ့လို့ မဟုတ်ပါဘူး။

ဒဏ်ရာတွေ တပွေ့တပိုက်နဲ့ အိမ်ပြန်လမ်းကို

တစ်ယောက်တည်း ပြန်ခဲ့ရတာလည်း

ချစ်သူအတွက် ပန်းဥယျာဉ်တစ်ခု

တည်ဆောက်ပေးတဲ့ ဥယျာဉ်မှူးကို အားနေခဲ့လို့ပါ။

မွေးကတည်းက အားနာတတ်တဲ့ ငါလိုကောင်က

ချစ်သူအတွက် အသုံးမကျဘူးဆိုရင်တောင်

အဝေးကနေ လွမ်းတတ်တဲ့ အလွမ်းစိတ်တွေ

ရေရွတ်နေဦးမှာပါ။

Leave a Reply

Your email address will not be published.