စောင်းပြောနေရလောက်အောင် တွင်းမတိမ်ဘူး

ko sixAugust 12, 20181min08

•••••••••••••••••••••••••••••••••

အကုသိုလ်ကို
စိတ်သွားတိုင်းကိုယ်ပါ ကျင့်သားရနေတဲ့လူက
စည်းဝိုင်းထဲကနေ စိန်ခေါ်တယ်
ငါက
တစ်ခွန်းတည်းနဲ့ ကိုယ့်တိုင်ကို တည့်မတ်လိုက်တယ်
ရန်သူစစ်စစ်မဟုတ်ပါဘဲ
ထိုးကြိတ်ရတဲ့ အားကစားကို အမုန်းဆုံးလို့။
ဒါကပဲ
လူရွံစရာ အထာဖြစ်သွားသလား
ဒါကပဲ
ခပ်နိမ့်နိမ့်စီးနေတဲ့ မုန်လာခင်းတဲ့လား။
ဒါကပဲ
ဝမရှိဘဲ ဝီခေါ်အောင်မောင်းနေတဲ့ လေတဲ့လား။
ဒါကပဲ
အပျင်းပြေချနင်းခံနေရတဲ့ တောသား စာလုံးဖြစ်သွာရောလား။
ဒါကပဲ
တန်းဆင်းဇုံက ကျောနံပါတ် ၁ဝ တဲ့လား။
ဘာပဲဖြစ်ဖြစ်ဗျာ
ဒီအတွက်နဲ့တော့
ခင်ဗျားအညံ့တွေ လာမရောပါနဲ့။
ခင်ဗျားရှူနေတဲ့ တစ်မူးဖိုးမှာ
ကပ်ကိုဘိန်းလိုပဲ ပွဲထွက်လာစေဦးတော့
ဒီအနွတ္တညာမျိုးက
မိန်းမလျာလက်ကိုင်တုတ်လို
မေးငှေါ့တတ်ရုံလောက်ပဲ
ထိုးချက်ပြင်းတာပါ ဥက္ကာမင်းမောင်ရယ်။

ကိုစစ်(Phys)
12.8.2018
Sun, 11 h 22 m

8 comments

  • manawphyulay

    August 14, 2018 at 10:34 am

    ဥက္ကမင်းမောင်က ဘူရဲဟင်…

    Reply

    • ko six

      August 15, 2018 at 10:18 pm

      အဲ
      ဟိုသတင်းစာကိုရှာဖတ်လိုက် အစ်မရေ

      Reply

  • Shar Thet Man

    August 14, 2018 at 3:20 pm

    မင်းသားလေ..ဥက္ကမင်းမောင်က….ဂေးဖြစ်နေတာ..6 pack နဲ့

    Reply

    • ko six

      August 15, 2018 at 10:19 pm

      အဟက်ဟက်

      Reply

  • Shar Thet Man

    August 27, 2018 at 4:09 pm

    ကိုစစ် မို်က်မိုက်မို်က်.. မွန်လေးက ကိုစစ်ပရိသတ်ပါ။

    Reply

    • ko six

      September 2, 2018 at 5:40 pm

      အဲ။
      ပြိတ်သတ်တစ်ယောက်တော့ အပိုင်ရှိသွားပီဆိုပါတော့

      Reply

    • ko six

      September 12, 2018 at 2:34 pm

      Shake လိုက်ဗျာ

      Reply

Leave a Reply

Your email address will not be published.