မိန်းကလေးဘဝ

la won ngeSeptember 5, 20101min06

မိန်းကလေးဆိုတာ

“အ”လွန်းရင်လည်း   ဖက်ပေါက်တတ်တယ်  တဲ့……..။

ပွင်းလင်းရဲတင်းလွန်းတော့လည်း

ပတ်ဝန်းကျင်မျက်စိနောက်သတဲ့……….။

လွတ်လပ်မှုကို

စည်းကမ်းရှိရှိ အသုံးချတတ်မှ မိန်းကလေးပီသ   သတဲ့…..။

ကိုယ်ကောင်းရင် ခေါင်းမရွေ့ ပေမယ့်

လေတိုက်လွန်းရင်လဲကျောက်တောင်တွေပြိုလဲတတ်ပါတယ်……၊

မိန်းမ မာယာ သဲကိုးဖြာ   တဲ့…….၊

စွဲလမ်းမှုတွေကို ထုတ်မပြောရဲတဲ့ဘဝ

မကျေနပ်လို့ အရွဲ့ မတိုက်ရဲတဲ့ဘဝ

တလောကလုံးကို ဟားမတိုက်ရဲတဲ့ ဘဝ …..။

ခံစားချက်ကိုမျိုသိပ်တော့ အုံ့ပုံး တဲ့…

ဖွင့်ဟဝန်ခံတော့လဲ ရဲတင်းလွန်းတယ်တဲ့

ဘယ်သူတွေဘယ်လိုထင်နေကြပါစေ

လူရယ်လို့ဖြစ်လာရင် လူ့လောကနီတိကို နားလည်လိုက်နာပြီး

တန်ဖိုးရှိအောင်နေထိုင်တတ်မယ်ဆိုရင်

မိန်းကလေးတစ်ယောက်ဟာ

လူ့လောကအလယ်မှာ နေထိုင်လို့ ရနိုင်ကောင်းပါရဲ့ ….. နော့်၊

6 comments

  • kopauk mandalay

    September 5, 2010 at 11:44 am

    အခုလက်ရှိခေတ်မှာ မိန်းကလေးတွေအတွက် ဒီလောက်တော့ စိတ်မကျဉ်းကျပ်တော့ဘူးလို့ယူဆပါတယ်။
    အထိုက်အလျှောက်တော့ လွတ်လပ်ခွင့်ရနေပါပြီ။
    ဒါပေမယ့် မိန်းခလေးဖြစ်တဲ့အတွက်ယောကျာ်းလေးတွေလောက်တော့ပွင့်လင်းလို့မရသေးတာကတော့သေချာပါတယ်။
    ဟိုးအရင်ရှေးတုန်းက ရုပ်ရှင်ထဲကလို ပြောစရာရင်ဖွင့်စရာလူမရှိလို့ ခေါင်းအုံးကြီးကို လူလိုသဘောထားလို့ပြောရတဲ့ခေတ်ကတော့ ကုန်သွားပါပြီ။

    Reply

  • ဆူး

    September 5, 2010 at 12:21 pm

    မိန်းကလေးတွေ အဲဒီလိုတော့ သနားစရာ မဟုတ်တော့ပါဘူးကွယ် ပညာတွေ တတ်လို့ ကိုယ်ပိုင်အတွေးတွေ ရှိနေကြပြီ။ တခြားမှာ ဆရာ မလုပ်နိုင်ရင်တောင် အိမ်မှာတော့ ဆရာဘဲ မိသားစုမှာဘဲ ကြည့်မလား လင်မယားတွေမှာဘဲ ကြည့်မလား အကုန် အလေးပေးပြီး လိုက်နာတဲ့ ခေတ်ဖြစ်နေပြီ သို့သော်.. ဘာသာရေးနဲ့ ထိန်းချုပ်မှုတွေ ရှိနေရင်တော့ ပြောတတ်ဘူးနော်။

    Reply

  • kounglay

    September 5, 2010 at 1:36 pm

    လဝန်းငယ်………..
    မင်းခေတ်နောက်မှာကျန်နေတယ်နော်
    ရိုးရိုးတွေးရင်ရိုးရိုးလေးပါ………….
    မင်းပျော်ရွင်မှုတွေဘယ်သူ ့ဆီပါသွားလို ့လဲ

    Reply

  • Ma Ma Gyi

    September 5, 2010 at 1:59 pm

    မိန်းကလေးတွေဆိုတာတော့ ယဉ်ကျေးမှု့နဲ့ကိုက်ညီတဲ့အပြုအမှု အနေအထိုင်တော့ လိုက်နာဖို့တော့လိုအပ်ပါတယ် အလွန်အမင်း ပိုနေတာမျိုး ၊ ကျဉ်းကျပ်လောက်အောင်လိုက်နာတာမျိုး မဟုတ်ပဲနဲ့ အလျှော့အတင်းကို ကိုယ်ကိုတိုင်ညှိပြီးနေထိုင်တတ်မယ် ဆိုရင် တော့ လူလောကအလယ်မှာ စိတ်ချမ်းသာစွာနဲ့နေထိုင်နိုင်ပါတယ်

    Reply

  • chitsayar

    September 5, 2010 at 5:01 pm

    မိန်မမာယာ သဲကိုးဖြာတဲ့
    မိန်းမဖျက် ပြည်ပျက်သတဲ့
    အဲ့ဒါကို
    ကွယ်လွန်သူ စိုင်းထီးဆိုင် ကြီးက
    ချစ်လို ့တော့ ဟုတ်ပါစေနဲ ့
    ချစ်ခြင်းတွက် စာနာတယ်
    ပျော်ရုံသာ စဆိုရင်လေ ကိုယ်မဟုတ်ပေမယ့်
    သွားတိုင်းတော့ မင်းတွက်ဆို
    ဘာညာ
    ဘညာ
    ဆိုလားဗျာ

    Reply

  • search123

    September 29, 2010 at 9:00 am

    ွှ’အ’ တဲ့မိန်းကလေးဖြစ်ဖြစ် ပွင့်လင်းရဲတင်း တဲ့မိန်းကလေးဖြစ်ဖြစ် ကိုယ့် ကိုယ်ကို ထိန်းသိမ်းနိုင်ဖို့သာ အရေးအကြီးဆုံးပါ…သူများပြောတိုင်းနားမယောင်နဲ့..
    သူများပြောတိုင်း စိတ်မယိုင်နဲ့…ဘယ်သူ့ကိုမှ မယုံနဲ့။
    အထူးသဖြင့် ချစ်သူရည်းစားရှိတဲ့ မိန်းကလေးတွေ..
    ကိုယ့်ဘဝ ကိုလွယ်လွယ်နဲ့ မပေးကြပါနဲ့..လွယ်လွယ်ရရင် လွယ်လွယ်ပဲထင်ပြီး လွယ်လွယ်ပဲ စွန့်ပစ်ခံရတတ်တယ်…

    Reply

Leave a Reply to kounglay Cancel Reply

Your email address will not be published.