Along with Gods, Two World

Mon LayMay 23, 20181min01

ဒီတစ်ခါတော့ ဗုဒ္ဓဘာသာဝင်တို့နဲ့နီးစပ်မှုရှိတဲ့ ကိုးရီယားကားလေးတစ်ကားကို ပြန်ပြီး review ရေးချင်ပါတယ်။

ကားနာမည်လေးက Along with gods, Two world တဲ့။ ကိုရီးယားနိုင်ငံမှာ 2017က ရုံတင်သွားခဲ့တဲ့ကား။

ဒါရိုက်တာ ကင်ယုံဟွာက ကာတွန်းဆရာ ဂျိုဟိုမင်ရဲ့ဝက်ဘ်ကာတွန်းစီးရီးကို အသက်သွင်းရိုက်ကူးထားတဲ့ကားပါ။
အဓိကသရုပ်ဆောင်တွေက Ha Jung-woo၊ Cha Tae-hyun၊ Ju Ji-hoon၊ Lee Jung-jae၊ Do Kyung-soo၊ Kim Hyang-gi တို့ဖြစ်ပြီး Lotte Entertainment က ဖြန့်ချိထား တာပါ။
မီးသတ်သမား ကင်ဂျာဟုန် ဟာ တာဝန်ထမ်းဆောင်ရင်း မမျှော်လင့်ဘဲ သေဆုံးသွားပြီး ဘဝ ကူးပြောင်းသွားခဲ့ပါတယ်။ အဲ့ဂျာဟုန်ဟာ မရဏတိုင်းပြည်က အစောင့်အ ရှောက်သုံးယောက်နဲ့ ဆုံပါတယ်။ အဲဒီသုံးယောက်ထဲမှာ ဂန်ရင်းက ခေါင်းဆောင်ဖြစ်ပြီး လူသားတွေ ပေါ် ခင်မင်ကြင်နာစိတ်ရှိပါတယ်။
လူတစ်ယောက်ယောက် သေဆုံးပြီဆိုရင် မရဏနိုင်ငံကို သွားဖို့ အစောင့်အရှောက်တွေ အတူလိုက်ပါလေ့ရှိပြီး သေဆုံးသူ ဟာ လူ့ပြည်လား၊ ငရဲလား၊ ကောင်းကင်ဘုံလား ဆက်သွားရ မယ့်နေရာအတွက် ၄၉ ရက်အ တွင်းမှာ အဆင့်ခုနစ်ဆင့် ဖြတ် သန်းစစ်ဆေးခံရမှာပါ။
မီးသတ်သမားလေးဂျာဟုန် အဖို့ ဂန်ရင်းနဲ့အဖွဲ့ ခေါ်ဆောင်ရာ နောက်ကို လိုက်သွားရပြီး လမ်း တစ်လျှောက် ထူးဆန်းတာတွေ ဆက်တိုက်ကြုံရပါတယ်။ ဂျာ ဟုန် သွားရမယ့်ဘုံအတွက် စစ် ဆေးခံရတဲ့ အဆင့်တွေကိုလည်း အထူးပြုလုပ်ချက်တွေနဲ့ တင် ဆက်ထားလို့ ဆန်းဆန်းပြားပြား ရှုစားရမှာပါ။
ဂျာဟုန်က ရိုးသားအပြစ် ကင်းတာကြောင့် ကောင်းမွန်ရာဘဝကို ပြန်ရောက်ဖို့ ဂန်ရင်းတို့က ကြိုးစားကာကွယ်ပေးပါတယ်။
မီးသတ်သမားလေးဂျာဟုန် မရဏတိုင်းပြည်မှာ ဖြတ်သန်းရ မယ့် ၄၉ ရက်တာစွန့်စားခန်းက ဘယ်လိုရလဒ်နဲ့အဆုံးသတ်မလဲ ဆိုတာကတော့…ဆက်ကြည့်နော်။
အဲ့မှာ မိဘကိုအော်ငေါက်ပစ်မှားတဲ့သူတွေကို ဘယ်လိုငရဲသွားမယ်၊ ငွေလိမ်စားတဲ့သူတွေ ဘယ်လိုငရဲမှာခံရမယ်၊ လူတွေကိုသတ်ရင် ဘာဖြစ်မယ်၊
လိမ်ပြောရင် ဘယ်ရောက်မယ်ကအစ..ပါလို့ ဗုဒ္ဓဘာသာဝင်တို့နဲ့ တော်တော်လေးကိုတူပါတယ်..ကြည့်လည်းကြည့်စေချင်ပါတယ်။
မွန်လေးကတော့ကိုယ်ကြိုက်တဲ့မင်းသားပါလို့ကြည့်ရင်းကနေ..တော်တော်လေးကောင်းတဲ့ဇာတ်လမ်းလေးပါ။ရိုက်ချက်တွေလည်းတော်တော်လေးအဆင့်မြင့်ပါတယ်။.ကြည့်ဖြစ်အောင်ကြည့်ပါနော်..ဖေ့ဘုတ်မှာ မြန်မာစာတန်းထိုးပြီးတင်ထားကြတဲ့သူတွေရှိပါတယ်..ဝယ်စရာမလိုပါ။:P အချိန်ကလည်း 2နာရီထဲရယ်။
အားတဲ့အချိန်တခြားကားလေးတွေလည်းထပ်ကြည့်ပြီး ပြန်ရှယ်ပေးပါဦးမယ်။

One comment

  • ဦးကြောင်ကြီး

    June 23, 2018 at 9:02 am

    ခြစ်သျှားကိုဆားလို့ မလဏမင်းဆီပို့မယ်ဆိုလဲ အားရပါးရဆားပီး သွားမှယ်

    Reply

Leave a Reply

Your email address will not be published.