“မန်းဂေဇက် အလွမ်း”    

“မန်းဂေဇက် အလွမ်း”

30-4-2018 ည M လုလင်ခေါ် ကလုခေါ် မောင်ယဉ်အောင်နဲ့ တာမွေက ဝင်းမှာ ထိုင်ဖြစ်ကြသည်။

သူက နက်ဖြန်ဆို 6နှစ်ပြည့်ပြီနော်လို့ သတိတရပြောသည်။

အေးဟ ဘာမှ မကြာသလိုဘဲ လို့ ပြန်ပြောရင်း

လွန်လေပြီးသောကာလက မန်းဂေဇက်အဖွဲ့သားများကိုသတိရမိသည်။

သူနဲ့ကျနော် စတင် သိကျွမ်းသောနေ့သည်

7-1-2012

အဲ့နေ့သည် အဝေးရောက်  အင်ဇာဂီ ၏မွေးနေ့လည်းဖြစ်သည်။

အနောက်ကြည့်မြင့်တိုင်ဆေးရုံနားက ပါရေစီယမ်မှာ။

အဘဖောလည်းရောက်နေသည်။

ရွာသားတွေစုစည်းပြီးတွေ့ကြသည်။

အဲ့နေ့မှာ အိတုန် စတင်သော အလှုကိစ္စ တစ်ခုအတွက်ဆွေးနွေးကြသည်။

အဲ့ဒီက အပြန်မှာ မောင်ယဉ်အောင်နဲ့ ကျနော် ရွှေတိဂုံဘုရားကိုသွားပြီး

ဓါတ်ပုံရိုက်ကြသည်။

ကျနော်သည် ထိုအချိန်က ဓါတ်ပုံ ပိုး အဆိပ်တက်နေချိန်၊

ညတွင်ဓါတ်ဖမ်းနည်းကိုမောင်ယဉ်အောင်က သင်ပြပေးသည်။

ထိုအချိန်က စလိုက်သော သံယောဇဉ်ကြိုး သည် ကျနော်နှင့်မောင်ယဉ်အောင်

အကြားတွင် တင်းတင်း ကြီးချည်နှောင်ထားဆဲ၊

ကျနော်ရန်ကုန်လာတိုင်း သူနဲ့ တွေ့ သည်မှာ ယခုအချိန်ထိပင်။

အိတုန်အလှူသည် ကောင်းမွန်စွာဖြစ်မြောက်ခဲ့ပါသည်။

ကျော်သူ ဦးဆောင်နေသည့် နာရေး ကူညီမူ့ အသင်းတွင် လှူဒါန်းဖြစ်ခဲ့ပါသည်။

ပထမဦးဆုံးသောခြေလှမ်း။

ထိုနောက် ဆူး မမ မပဒုမ္မာတို့ ဦးဆောင်သော အလှူတစ်ခု ကို စတင်ခဲ့ပြန်ပါသည်။

အလှူငွေကောက်ခံရေးအတွက် ရွာသားအားလုံးတက်ညီလက်ညီ။

1-5-2012နေ့တွင် သီတဂူဆရာတော် ဦးဆောင် သော ဆေးရုံ ရှိရာ

ပန်းတနော်မြို့သို့ မန်းဂေဇက်အဖွဲ့သားများ ကား တစ်စီးငှား၍ အတူသွားခဲ့ကြပါသည်။

မမေ့နို်င်သောခရီး  ။

ပျော်ခဲ့ရသောခရီး။

စည်းလုံးမူ့ ကို ပြသောခရီး။

ယနေ့ 1-5-2018  ခြောက်နှစ်တာကြာမြင့်ချိန်တွင်။

မန်းဂေဇက်အဖွဲ့သားများ တကွဲတပြားစီ။

ဘဝများလည်း မတူပြောင်းလဲကုန်ပြီ။

သတိတရ အမှတ်တရ

လွမ်းဆွတ်မူ့များဖြင့်  စာရေးလိုက်ပါသည်

 

ကိုပေါက်လက်ဆောင် မန်းဂေဇက်အမှတ်တရ

1-5-2018

6 comments

  • ကထူးဆန်း

    May 1, 2018 at 10:48 am

    သတိတရ အမှတ်တရ

    လွမ်းဆွတ်မူ့များဖြင့်…………………….ditto…….. ပါ လေးပေါက်

    Reply

  • Shar Thet Man

    May 2, 2018 at 3:50 pm

    ဂဇက်တည်တံ့ပါစေ

    Reply

  • Thint Aye Yeik

    May 14, 2018 at 11:03 am

    အခု ဂဇက်ကဖြင့်…အရင်လို ပူညံပူညံတွေနဲ့ စည်စည်ကားကားလည်း မရှိတော့ပြီ…
    ဆိုတော့ ရွာကနေ မြို့ဖြစ်သွားလို့ ထင်ပါရဲ့။
    အရင်… ရွာကဖြင့်… လွမ်းချင်သူတို့အတွက် လွမ်းစရာ…

    Reply

  • aye.kk

    May 15, 2018 at 7:50 am

    ယူတတ်ရင်သံဝေဂ။

    Reply

  • ဦး လေး မန်း

    June 18, 2018 at 9:20 am

    တခါမှမဆုံဘူးပေမဲ့အဝေးကနေကူပီးလွမ်းသွားပါကြောင်း၊
    ဓါတ်ပုံလေးတွေလဲတချို့တလေသိမ်းထားပါကြောင်း၊

    Reply

  • manawphyulay

    August 14, 2018 at 10:44 am

    ဘာပဲဖြစ်ဖြစ် လေးပေါက်ရေ..
    အရင်က အချိန်လေးတွေ ရန်ဖြစ်လိုက် စိတ်ကောက်လိုက် ပြန်ချစ်လိုက်နဲ့အချိန်တွေကို သတိရနေဆဲပါ…. လွမ်းမိနေဆဲပါ လေးလေးရေ…

    Reply

Leave a Reply

Your email address will not be published.