အခါခါ

ခင္ခFebruary 23, 20181min05

” အခါခါ ”

အပြစ်တင်မှု့ကို
ခံရတဲ့အခါ
ဝမ်းနည်းသွားပေမယ့်
စိတ်မဆိုးရက်တာ
အခါခါ

ဂရုစိုက်မှု့ကို
ခံရတဲ့အခါ
ကျေနပ်ချက်ကို
ထုတ်မပြပေမယ့်
ပျော်ရွှင်မိတာ
အခါခါ

ဥပေက္ခာပြုမှု့ကို
ခံရတဲ့အခါ
နာကျင်နှလုံးသား
တုန်ခါသွားပေမယ့်
မမုန်းရက်မိတာ
အခါခါ

အမှတ်မထင်
ဆူကာပူကာ
ပြောခံရလည်း
စိတ်တိုစွာနဲ့
ပြန်ပြောချင်ပေမယ့်
နုတ်ဆိတ်မိ်ခဲ့တာ
အခါခါ

စိတ်ပူလို့ပြော
မတုန်လှုပ်တဲ့သဘော
အလေးမထား
ဂရုမစိုက်ကြုံပေမယ့်
အပြစ်မမြင်မိတာ
အခါခါ

လှည့်စားတဲ့အပြော
သိရှိပေမယ့်
ဖုံးကွယ်မှု့ကို
လိုက်မဖော်ချင်လို့
ခေါင်းငြိမ့်ပေးမိတာ
အခါခါ

တစ်ခါတရံ
လူတစ်ယောက်ရဲ့
အတ္တတွေကို
ဟန်ဆောင်ဖုံးတာ
မာယာပညာ
တခုလားလို့
တွေးမိတာလည်း
အခါခါ။

ခင်ခ။

5 comments

  • aye.kk

    February 24, 2018 at 9:18 am

    အင်မတန်ကောင်းတဲ့
    အခါအခါလေးပါ။

    Reply

  • Thint Aye Yeik

    February 25, 2018 at 5:22 pm

    အခါခါ ပြန် ဖတ်ချင်စရာလေး

    Reply

  • aye.kk

    February 25, 2018 at 6:52 pm

    အင်မတန်ကောင်းတဲ့
    စိတ်ထားလေးပါ။

    Reply

  • Shar Thet Man

    February 27, 2018 at 4:25 pm

    တော်တော်လေးကောင်းပါတယ်

    Reply

  • ဦး လေး မန်း

    March 14, 2018 at 9:30 pm

    အားနာတတ်စွာ အခါခါ လို့ပြောရမယ်ထင်တယ်နော်၊

    Reply

Leave a Reply

Your email address will not be published.