လေးစားမိပါသည်။(အပိုင်း-၁)

aye.kkJanuary 30, 20181min06

လူဆိုတာ

ကိုယ့်ထက်တော်နေပါလျှင်၊ မလေးစားပဲမနေနိုင်တာအမှန်ပင်။

ကျွန်မအနေနဲ ့သူ ့ကို၊  စတင်သိကျွမ်းခင်မင်ခဲ့စဉ်က

သူ ့အိမ်သိုု ့အလယ်ခေါ်သဖြင့် လိုက်သွားခဲ့ပါတယ်။

သူဆိုတာက၊ကျွန်မ၏မိတ်ဆွေ ဇဗ္ဗူတော်ဝင်လှပါ။

ကျွန်မအနေဖြင့် သူ ့ကိုစတင် သိကျွမ်း ခင်ခဲ့စဉ် နေ ့ကတည်းကပင်၊ သူ ့အိမ်ခေါ်လယ်သဖြင့်

အလယ်ရာက်သွားခဲ့ပါတယ်။။

သူနေသည့် နေအိမ်ခြံဝန်းကအတော်ပင် ကျယ်ဝန်းလှတာ တွေ ့မြင်ရပါတယ်။

အိမ်၏ ညာဖက်ခြမ်း၊ မြေကွက်လပ်တွင် ကြံပင်တွေကို ကိုယ်တိုင်စိုက်ထားပြီး ကြံများကရင့်မှည့်နေတာ

တွေ ့ရပါတယ်။သူခေါ်လယ်တဲ့အချိန်က၊  နေ ့လည်ခင်း အချိန်မို ့သူရဲ ့ နေအိမ်မှာ ချက်ထားတဲ့

ထမင်းဟင်းတွေ နဲ ့ဧည့်ခံလို ့

ခင်မင်မှအရ သူနဲ ့အတူလက်ရည် တစ်ပြင်တည်း၊ ထမင်းလက်ဆုံစားဖြစ် ကြပါတယ်။

ထမင်းစား နားနေပြီး ၊စကားစမည် ပြောဆိုဖြစ်ကြပါတယ်။

ညနေခင်း (၃)နာရီလောက် မှ ပြန်ဖို ့လည်း သူက ကျွန်မကို တောင်းဆိုပါတယ်။

ဘုန်းကြီးကျောင်းမှာ ကြံရည်သွားလှူချင်ကြောင်းနဲ ့ကုသိုလ်ရရေးအတွက် သူနှင့်အတူ

လိုက်စေချင်သဖြင့် ၊ ကျွန်မကိုခေါ်ပါတယ်။

ကျွန်မလည်း မငြင်းသာပါဘူး။ ကုသိုလ်အရေးမို ့ပါ။

စားသောက်ကြပြီ, ခဏအနားယူပြီး ၊ နေ ့ခင်း(၂)နာရီကျော်လောက်မှာတော့

အိမ်ခြံဝန်းထဲမှာ သူကိုယ်တိုင် စိုက်ထားတဲ့၊

ရင့်မှည့်နေတဲ့ကြံပင်တွေကို ၊သူကိုယ်တိုင် ဓားရှည်တစ်လက်ယူ၊ရှပ်အကျင်္ီထူထူကို အပေါ်တစ်ထပ်

ထပ်ဝတ်ဆင်ပြီး၊ မြန်မြန် သွက်သွက်လေးနဲ  ့သူကိုယ်တိုင် အားပါးတရ  ခုတ်ပါတယ်။

ဘုန်းကြီးကျောင်းမှာ ၊ ဥပုသ်သည်တွေ,တရားအားထုတ်နေတဲ့ရဟန်း,ယောဂီ,သီလရှင်အပါအဝင်

ဝေယျာဝစ္စလုပ်တဲ့သူတွေပါ မကျန်၊ သုံးဆောင်ရအောင်ပါ။

ကျွန်မလည်း ကုသိုလ်ကို ၊ကိုယ်ကိုယ်တိုင် ကိုယ်ထိလက်ရောက်ပါဝင်နိုင်ရအောင် သူနဲ ့အတူ

ကြံပင်တွေကို ဝိုင်းခုတ်ကူပေးမိပါတယ်။ ကြံရွက်တွေက ခန္ဓာကိုယ်အသားနဲ ့ထိတာနဲ ့ယားယံပါတယ်။

ကျွန်မ၏မိတ်ဆွေက၊ ကျွန်မကို  ကြံပင်တွေခုတ်တဲ့အခါ ယားယံမှာစိုးရိမ်ပြီး ၊ အကျင်္ီထူထူ ထပ်ဝတ်ဆင်ခိုင်းပါတယ်။

ဒါမေမယ့်လည်း ခြေထောက်တွေ,ခြေသလုံးသားတွေ ဂုတ်တွေမှာ ယားယံလာတော့ ဆက်မခုတ်ဖြစ်တော့ပါဘူး။

သူကိုယ်တိုင် ယားယံမှာပါ ။

သူကိုယ်တိုင် မမောမပမ်း ခုတ်နိုင်တာကိုလည်း ၊ ကျွန်မအနေနဲ ့သူ ့ကိုအားကျမိခဲ့ပါတယ်။

အားရမိပါတယ်။

ကျွန်မကသူ ့ကို လူငှားပြီး ခုတ်လည်းရရဲ ့သားနဲ ့၊ သူကိုယ်တိုင် ဘာကြောင့်

ခုတ်နေရတာလဲလို ့မေးကြည့်မိတော့၊

အပြည့်အဝကုသိုလ် ရယူချင်လို ့သူကိုယ်တိုင်ခုတ်တာလို ့ပြောပြတော့၊ ကျွန်မက သူ ့စေတနာကို

လေးစားမိခဲ့ရပါတယ်။

ခုတ်ပြီးရလာတဲ့ကြံတွေကို ကြံရည်ကြိတ်စက်မှာ ကြိတ်ခိုင်းပြီးရရှိလာတဲ့ ၊ကြံရည်ချိုချိုတွေကို

ကျွန်မကိုပါ အတူတူခေါ်သွားပြီး ဘုန်းကြီးကျောင်းတစ်ပါတည်းယူဆောင်ပြီး၊ သွားလှူပါတယ်။

ဒါက သူ ့ကို ကျွန်မ၊ စတင် ခင်မင်သိကျွမ်းခဲ့စဉ် အချိန်ကပါ။

 

 

6 comments

  • Shar Thet Man

    February 2, 2018 at 4:30 pm

    ဆက်ရေးပါဦးနော်

    Reply

    • aye.kk

      February 17, 2018 at 3:00 pm

      အပိုင်း(၂)တင်ပေးလိုက်ပါတယ်။

      Reply

    • aye.kk

      February 17, 2018 at 3:01 pm

      ကျေးဇူးပါတူမောင်ရေ ့။

      Reply

  • manawphyulay

    February 14, 2018 at 3:50 pm

    စိတ်ဝင်စားဖို့ ကောင်းတယ်တီအေးရေ… သူ့အကြောင်းလေး ဆက်ရေးပေးပါဦး။

    Reply

    • aye.kk

      February 17, 2018 at 3:03 pm

      အပိုင်း(၂)
      တင်ထားပေးပြီနော်,မနောလေးရေ။

      Reply

Leave a Reply to aye.kk Cancel Reply

Your email address will not be published.