မကြာခင်ရွာထဲ ငါ မီးဝင်ရှို့မိတော့မယ်

မကြာခင်ရွာထဲ ငါ မီးဝင်ရှို့မိတော့မယ်

Monday, May 16, 2016

—————-
ရွာထဲမှာလူပိန်းတွေ တရုုံးရုုံးနဲ့ ရုုပ်ရှင်ရုုံတွေ ကြည့်ချင်ပွဲတွေ
ဟန်ရေးတပြပြနဲ့  နာမည်ကျော် ဗလာကောင်တွေ
တံဆိပ်ကောင်းယောင်ဆောင်ထားတဲ့အတုုစစ်စစ်တွေ
တဖြည်းဖြည်းနဲ့ရွာဟာ အနံ့အသက် မကောင်းတော့ဘူး
တော်ကြာဆီထမင်းတော်ကြာစာကလေးကြော်
အမြင်မတော်အကြားမတော်မှုတွေက ညှော်လွန်းတယ်
လူလည်တွေကစားတဲ့ပွဲမှာ မလည့်တလည်တွေ လည်ထွက်သွားခဲ့ကြ
အဖတ်လည်းဆယ်မရတော့  ..
သူ့အရပ်နဲ့သူ့ဇာတ်ဆိုုသလိုုဘုုတ်နဲ့ ကျီးတွေ
မျက်နှာဖုုံးစွပ်ထားတဲ့တစ်နပ်စားသူရဲကောင်းတွေ
ပွဲအလန့်မှာဝင်ဝင်ခင်းထားတဲ့ ဖျာချပ်တွေ  ..
စိတ်တွေအလာ့ဂျစ်ဖြစ်ဖြစ်လာ
တံတွေးခွက်ကြီးတွေပေါ်လက်ပစ်ကူးရင်း ကမ်းတက်လာကြ
ဘုုမသိဘမသိတွေက ကယ်တင်ရှင်လိုု ကြိုဆိုုကြ (သောင်းသောင်းဖျဖျ)
ချွတ်ခြုံကျဇာတ်ကွက်တွေကိုုမျက်နှာလွှဲလိုုက်တဲ့အခါ
ရွာပြင်မှာမြေပြင်ညီ နည်းနည်းပဲ ကျန်တော့တယ်  ..
လူမရှိတုုန်းဘုုရင်ခဏတက်လုုပ်နေတဲ့ လူကြမ်း
တဖျန်းဖျန်းကြားနေရတဲ့လောကဓံကြာပွတ်သံ
ဟေ့ကောင်မင်းအမှန်တရားက ပရွက်ဆိတ်တက်နေပြီ
အမြုပ်တွေတစီစီနဲ့အသက်လည်းငင်လုို့
ကိုုယ့်ခြေရာခွက်ကိုုယ်သမုုဒ္ဒရာလုုပ်နေကြသူတွေ
ကိုုယ့်လေကိုုယ်ထန်ကိုုယ့်လှိုင်းကိုုယ်ကြီး
မဟာ့မဟာလုုပ်ဇာတ်ကြီးတွေ ဟီးထအောင်မြင်လာခဲ့
ပဲ့ကျလာတဲ့ကိုုယ့်ကျင့်တရားတွေက မြင်မကောင်း
လူပိန်းလက်ခုုပ်သံတွေတဖြောင်းဖြောင်း
အနံအသက်တွေကတထောင်းထောင်း
ယင်တွေလည်းတလောင်းလောင်း …
အကြောင်းသင့်ခဲ့ရင်တော့မကြာခင် ငါမီးဝင်ရှို့မိတော့မယ်
မနော်ဟရီ
၆၊၆၊၁၄
http://manorhary.blogspot.com/search?updated-max=2016-05-21T14:34:00%2B06:30&max-results=7 …မှ…
ကူးယူ ဖော်ပြပါသည်။

 

 

 

 

2 comments

  • Shar Thet Man

    December 27, 2017 at 2:42 pm

    မနော်ဟယ်ရီဆိုတာ ကိုအလင်းသစ်ပဲလား

    Reply

    • Thint Aye Yeik

      December 27, 2017 at 3:03 pm

      ငင်….
      မနော်ဟရီ ဆိုတဲ့ စာရေးဆရာမကို မသိတာလား။
      ဒီလောက် နာမည်ကြီးကို….

      မနောက်ပါနဲ့ အဒေါ်ရယ်
      :k:

      Reply

Leave a Reply

Your email address will not be published.