လွယ်စီတုံတောင်ကသာယာသည်

aye.kkDecember 15, 20172min011
ဓမ္မမိတ်ဆွေသားအမိ။
သားနှင့်အတူတူ တရားအားထုတ်ဘူးသည့်ဦးဇင်းပါ။
ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းဆရာတော်ဘုရားမှ ညစဉ်တရားစစ်ချိန်၌ မြန်မာဘာသာမှ ထိုင်းဘာသာဖြင့် စကားပြန်ဆိုပေးရန် အတွက် သာသနာအကျိုးဆောင်ရွက်ရန်သွားမည်ဖြစ်၍ သားဖြစ်သူအား မှာစရာရှိတာ မှာနေသည့် ကျောင်းအစ်မ။
ဓမ္မမိတ်ဆွေလှူဒါန်းထားသည့် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းခွဲ(လွယ်စီတုံ)။
ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းဆရာတော်ဘုရားကြီးအား ဓမ္မမိတ်ဆွေကျောင်းအစ်မမှ ကြည်ညိုနေသည့် မှတ်တမ်းဓါတ်ပုံ။
ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းပေါ်သို ့တက်သည့်လမ်း(လွယ်စီတုံ)။

မနေ ့က

ဓမ္မမိတ်ဆွေကျောင်းအစ်မ၏အိမ်သို ့

အလယ်ရောက်ဖြစ်သည်။

ဘာသာရေးမှာစိတ်တူကိုယ်တူမို ့ပေါင်းဖြစ်ကြသည်။

ကျောင်းဆောက်လုပ်ရန်အတွက်၊ကျောင်းအစ်မပိုင်ဆိုင်သော

မြေနေရာကြည့်ရန်သွားရင်း၊သာယာသည့်လွယ်စီတုံတောင်ကို

တွေ ့မြင်လိုက်ရသည့်အတွက်၊အမှတ်တရဓတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။

လွယ်စီတုံတောင်ပေါ်သို ့ခဏခဏရောက်ဖူး၊နေဖူးခဲ့သည့်၊

မိတ်ဆွေတစ်ယောက်လည်းပါလာသဖြင့်၊

လွယ်စီတုံတောင်၌ သဘာဝအလျောက် ဖြစ်ပေါ်နေသည့်

ရှုခင်းအနေအထားများနှင့်ထူးခြားဆန်းပြားသည့် အကြောင်းအရာများကို

ပြောပြသဖြင့် လွမ်းမောဘွယ်ရာကောင်းလှတာကိုခံစားရပါတယ်။

လွယ်စီတုံတောင်ကို ရောက်ဖူးချင်ပါသော်လည်း၊

လက်ရှိတွင် ကျွန်မ၏ ကျန်းမာရေးအခြေအနေအရ၊

လွယ်စီတုံတောင်ပေါ်သို ့တက်ရောက်ရန် မဖြစ်နိုင်ပါလေ။

ကျွန်မ၏မိတ်ဆွေ ကျောင်းအစ်မ အလယ်ခေါ်သွားသည့်

လွယ်စီတုံရွာမှာဆောက်လုပ်လှူဒါန်းထားသည့်

ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းခွဲလေးကိုရောက်ဖြစ်ခဲ့ပါတယ်။

နောက်ထပ်ဆောက်လုပ်ရန်မြေနေရာကြည့်ရင်းနဲ ့ပါ။

လွမ်းမောဘွယ်ရာ သာယာလှပနေသော

လွယ်စီတုံတောင်ကိုဖြင့် အဝေးကနေ

ဓမ္မမိတ်ဆွေကျောင်းအစ်မ ကိုယ်တိုင်ကားမောင်းပြီးလိုက်ပို ့။
လွယ်စီတုံရွာ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းမှ လွယ်စီတုံတောင်အား တွေ ့မြင်ရ။

အမှတ်တရရိုက်ဖြစ်ခဲ့ပါတယ်။

လွယ်စီတုံတောင်၌ ထူးခြားဆန်းပြားလှသည့် အကြောင်း

အရာများကို၊ ကြုံတွေ ့ခံစားရသည့် မိတ်ဆွေကိုယ်တိုင်က

အဖြစ်သနစ်များကို ပြောပြသဖြင့် နားထောင်မိပါသော်

လည်း၊ ပြန်ပြောပြပါကယုံကြည်လက်ခံနိုင်ရန် ခဲယဉ်းလှ

သည့်ကိစ္စများ ဖြစ်နေ၍၊  မပြောပြလိုပါ။

အဝေးကမြင်နေရသည့် လွယ်စီတုံတောင်

ကိုယ်တိုင်သာ ရောက်ဖူးချင်မိပါသည်။

 

11 comments

  • Thint Aye Yeik

    December 15, 2017 at 2:31 pm

    မပြောချင်ဘူးဆိုတာကိုမှ ပို သိချင်လာတယ်…
    ပြောပါဗျာ။ ယုံကြည်ရ ခက်ခဲမယ်ဆိုရင်တောင် သိချင်မိသေးတယ်

    Reply

  • aye.kk

    December 15, 2017 at 3:09 pm

    သိချင်ရင်
    ပြောပြပါမယ်။
    မယုံရင်တော့ ပုံပြင်လို ့သဘောထားလိုက်ပါ။
    လွယ်စီတုံတောင်မှာ
    နတ်တွေကျွေးတဲ့အသီး(၁၀)မျိုးကို
    ကံထူးသူတိုင်းစားခဲ့ကြရတယ်လို ့ပြောပြပါတယ်။
    စလင်းကျောက်လိုကြည်လင်လှပနေတဲ့ကျောက်သားတောင်တွေဟာ
    လူတွေပန်းပုထုထားတယ်လို ့ထင်မှတ်ရလောက်အောင် ဘုရားဆင်းတုပုံသဏ္ဍန်တွေ
    မြင်တွေ ့ရမယ့်အပြင်၊ လူထိုင်ခုံပုံသဏ္ဍန်တွေ ကျောက်သားထုတွေ ရှိနေပါတယ်တဲ့။
    လပြည့်လကွယ်ညတိုင်း ယခုအချိန်ထိ ရှမ်းအိုးစည်ဗုံသံတွေကြားရလေ့ရှိနေပါတယ်တဲ့။
    လွယ်စတုံတောင်မှာ လျှိုတွေ အမြားအပြားရှိနေပီး ရေစီးသံတွေဟာ တူရိယာသံလို
    ထင်မှတ်မှားရပေမယ့်လို ့ ၊ လပြည့်လကွယ်ညတွေမှာတော့ ထူးခြားစွာ ကြားရတဲ့အပြင်
    သစ်ပင်လုံးပတ် အရွယ်အစားရှိတဲ့ မြွေစိမ်းတွေဟာ လူတွေကို အနန္တရာယ်မပြုဘူးလို ့
    သိရပါတယ်၊တူမောင်ရေ..။

    Reply

  • Shar Thet Man

    December 15, 2017 at 5:27 pm

    လွယ်စီတောင်ကဘယ်မှာရှိတာလဲ

    Reply

  • aye.kk

    December 15, 2017 at 7:01 pm

    ရှားသက်မန်
    တာချီလိတ်မှာပါ။

    Reply

  • ကထူးဆန်း

    December 17, 2017 at 11:14 pm

    သွားလို့ ရ လား ဟင် ..သွားကြည့် ချင် တယ်
    အန်တီရေ ဆရာမကြိး ဒေါ်ခင်လေးနွယ် ဆေးတွေ စားပါလား .. D3 သောက်ပါလား ။

    Reply

  • aye.kk

    December 18, 2017 at 1:39 pm

    ကထူးဆန်း
    ကျေးဇူးပါ။
    လွယ်စီတုံတောင်ကို သွားလို ့ရပါတယ်။
    တူမောင်ပြောတဲ့ဆေး သောက်ကြည့်ပါ့မယ်။

    Reply

  • aye.kk

    December 18, 2017 at 1:41 pm

    ကထူးဆန်း
    တောင်ဆိတ်တွေလည်း
    အလွန်ပေါတာ မြင်တွေ ့ရမှာပါ တူမောင်ရေ။

    Reply

  • Ma Ei

    December 19, 2017 at 3:17 pm

    ရောက်ဖူးချင်လိုက်တာ အစ်မအေးရယ်

    Reply

  • aye.kk

    December 19, 2017 at 5:27 pm

    လာခဲ့ပါ မအိရေ။

    Reply

  • kai

    December 21, 2017 at 1:36 pm

    ဓာတ်ပုံတွေကနေမြင်ရတာတော့.. တော်တော်လှတယ်..။
    မြန်မာပြည်ကို.. ထိုင်းကနေပတ်ဝင်မလို့ကြံနေတာ.. တာချီလိပ်ဖက်ကဆိုတော့.. အဲဒီကနေဝင်.. ကော့သောင်းဖက်က ထွက်ချင်တာ..။ :i:

    Reply

  • aye.kk

    December 26, 2017 at 4:22 am

    သူဂျီး
    လာခဲ့ဖို ့ဖိတ်ခေါ်ပါတယ်။
    သူဂျီးဆန္ဒရှိနေတာသိရတဲ့အတွက်လည်း၊ဝမ်းသာမိပါတယ်။
    သူဂျီးကိုလည်း။လာလည်စေချင်မိပါကြောင်းပြောပြပါရစေ။

    Reply

Leave a Reply

Your email address will not be published.