မသိဘူး ချစ်တယ်ကွာ

zaw linNovember 14, 20171min00

ချိုနွဲ့ရီ

တီတာချစ်ခွန်း

နေချည်ယွန်းတော့

နော့ကာမြူသည်

ကလူကျီဆယ်

ရယ်ရွှင်ပြုံးတုံ့

မပြုံးတုံ့နှင့်

ပုလဲသွယ်စီတန်း

ရင်ခေတ်ပန်းပျို

သန္တာနှုတ်ခမ်း

မြရည်သန်းစို

မျက်ဝန်းညိုရှင်

ကျွန့်သခင်အား

အသည်းကိုပေး

ချစ်ရေးဆိုသော်

ကျီဆယ်ကာပြေး

လေချိုသွေးသည်

ကြားလေသွေးသော်

ဝေးမှာစိုးမိ

တွေးမကြည့်လို

ချစ်မူပိုအား

ချစ်သနားလျှင်

ပြုံးလိုက်စမ်းပါ့

ဟန်ဆောင်နေရင်ပင်ပန်းမယ်။

Leave a Reply

Your email address will not be published.