Facebook Hell

Facebook ပေါ်မှာ့ကျင့်ဝတ်ဆိုတာ ဘယ်မှာလဲ။
ကျင့်ဝတ်ဆိုပြီး တွင်တွင်အော်နေတဲ့ နာမည်ကြီးတွေမှာတောင်
ရှေ့ဖုံးနောက်ပေါ်အဖြစ်ရယ်ပါ။

လူတွေဟာ ဖြစ်ပျက်သမျှအရာရာတိုင်းကို FB ဆိုတဲ့ ကမာ္ဘကြီးတစ်ခုထဲ မှတ်ချက်တွေကောင်းအပေးခံရဖို့
အချိန်နှင့်တစ်ပြေးညီ အလုအယက်တင်နေကြတယ်။
ပြုလုပ်သမျှ အရာတိုင်းကလည်း FB တင်ဖို့ချည့်သက်သက်ဖြစ်နေတယ်။
(ဥပမာ တရားနာနေသူ၊တရားထိုင်နေသူ တစ်ယောက်ဟာ ဘယ်လိုစိတ်နဲ့ တရားနှလုံးသွင်းပြီး တရားနာနေဟန်၊တရားထိုင်နေဟန်ကို ဓာတ်ပုံအရိုက်ခံပါသလဲ။)

ပရဟိတအဖွဲ့တွေ၊နာရေးကူညီမှုအသင်းတွေဟာ
နာရေးပုံတွေ၊အနိဌာရုံတွေ ခွင့်ပြုချက်မဲ့ တင်ခွင့်ရနေကြတယ်။

မီးလောင်၊ရေကြီး စတဲ့ ဘေးအန္တရာယ်တစ်ခုခုကျရောက်လိုက်တာနဲ့
ဆင်းရဲ၊ချမ်းသာ ဘယ်လူတန်းစားမဆို ဒုက္ခသည်တွေအသွင်
လူတကာ စုပ်တစ်သပ်သပ်နဲ့ အသနားခံဘဝရောက်ကုန်ရှာတယ်။

လူတိုင်းဟာ မိမိတို့ပြုမူနေထိုင် သွားလာမှုတိုင်းမှာ မိမိကိုယ်မိမိမပိုင်သလိုဖြစ်လာကြတယ်။
မိမိတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကို လူအများရဲ့ဆုံးဖြတ်၊သုံးသပ်၊အမိန့်ချ၊ဝေဖန်မှုတွေကြားအလဲထိုးခံနေကြရတယ်။

အမှန်တကယ် တတ်ကျွမ်းနားလည်တဲ့လူတွေဟာ ဟိတ်ဟန်ကြီးကြီး ဆရာကြီးအသွင်ယူထားသူများရဲ့အာဘော်တွေနဲ့ ယှဉ်ပြောနေကြရတယ်။
တစ်ခါတစ်ရံ အတုအယောင်များရဲ့ဝေဖန်မှုကို အစစ်အမှန်တွေက ခံနေကြရတယ်။
ကောသလမင်းရဲ့ အိပ်မက် ၁၆ချက်ဟာ ဒီနေရာမှာလည်း ဒက်ထိမှန်နေပြန်တယ်။

တစ်ခါတစ်လေကျတော့ အလှမ်းကျယ်ပြီး အလယ်လပ်နေတဲ့ စနစ်ဆိုးရဲ့သားကောင်တွေဟာ
အမှန်တကယ်လေ့လာသုံးသပ် စောင့်စည်းတတ်လာကြဖို့ ဒီလို ဗရမ်းဗတာ စည်းလွတ်ဝါးလွတ်တွေကနေပဲ သင်ခန်းစာယူရင်း လမ်းမှန်သွားမလားလို့ရယ်ပဲ မျှော်လင့်မိနေသေးတယ်။

4 comments

  • ဦး လေး မန်း

    July 31, 2017 at 2:20 pm

    အခုကFB ကို စိတ်​ကို ဖွင်​့ထုတ်​ဘို့ ​ပေါက်​ကွဲဘို့​နေရာတခုလိုသုံးတဲ့လူ​တွေကပိုများ​နေသလိုဘဲ။ အလကား​နေရင်​းဝင်​ဆဲ​နေတာများမြင်​မ​ကောင်​းဘူးဗျာ။ သတင်​း​တွေသိချင်​လို့သာ ဖွင်​ကြည်​့​နေရတာ တခါတ​လေ အကုသိုလ်​ အ​တော်​များသဗျ။

    Reply

  • လူကလေး

    August 1, 2017 at 11:01 am

    ဒါတွေပေါ်ပေါက်လာတာဟာ ကောင်းသောရည်ရွယ်ချက်တွေနဲ့မို့သာ အောင်မြင်လာတာပါ သုံးတတ်ရင် သုံးတတ်သလို အကျိုးရှိမယ့် resource တခု ပါပဲ ကို့ရဲ့အသုံးချတတ်မှုပေါ်မှာသာမူတည်ပါတယ် မြန်မာတချို့ရဲ့ တလွဲဆံပင်ကောင်း တဲ့ လုပ်ကြလို့ပါ
    ကို့ရဲ့ အသုံးချတတ်မှုပေါ်မူတည်ပြီး လေ့လာလို့ မကုန်နိုင်တဲ့ပညာရပ်တွေရှာမီးနိုင်သလို လူအများရဲ့ အော်ကြောလန် အော်ကလီဆန်စရာကောင်းတဲ့ လူအဖြစ်သို့လည်း ရောက်နိုင်ပါတယ်

    Reply

  • သင့်အေးရိပ်

    August 1, 2017 at 3:45 pm

    fb ကို အခုနောက်ပိုင်း ရက်တွေထဲမယ် စိတ်ကုန်ချင်ချင်
    😆

    Reply

  • manawphyulay

    August 2, 2017 at 3:57 pm

    မနောကတော့ ဖတ်မှတ် ယူသင့်တာယူ သုံးသင့်တာသုံး ပယ်သင့်တာပယ် မယုုံသင့်တာမယုံ
    နားအေးပါးအေးပဲနေတော့တယ်…

    Reply

Leave a Reply

Your email address will not be published.