photoshop ရဲ့ ခဲပန်းချီ

နိုင်နိုင်September 2, 20101min00

ခဲပန်းချီ လုပ်မယ် မိမိတို့ ကာလာနဲ့ ရိုက်ထားတဲ့ မူရင်းပုံလေးတွေကို photoshop လေးနဲ့ ပြောင်းလည်း ပြုပြင်ကြည့်ရအောင် ကျွန်တော်လုပ်ထားတဲ့ ပုံလေး ဖော်ပြထားပါတယ် မူရင်းပုံနဲ့ ပြုပြင် ပြီး ခဲပန်းချီ ပုံကို ယှဉ်တွဲ ဖော်ပြထားပါတယ် ….

တစ်ခါတစ်ရံမှာ colour တွေမှာ နဲ့ ငြီးငွေ့နေတယ် black and white လေး စမ်းသက် ကြည့်ချင်တယ်ဆို ဒီလိုပါဗျာ လုပ်နည်းက လွယ်ပါတယ် … ပထမ ဦးစွာ photoshop ကို စပြီးဖွင့်လိုက်ပါ File >> open မှ မိမိ ပြုလုပ်ချင်တဲ့ ပုံတစ်ပုံကို ယူလိုက်ပါ ။ Layer Box မရှိဘူးဆိုရင် ကြိုတင် ယူထားလိုက်ပါ Window မှ Layers ဆိုတာကို သွား click လိုက်ပါ F7 ဆိုလည်းရပါတယ်။ဒါဆို ယူထားပြီးသားပုံကို စတင် အလုပ်လုပ်လို့ရပါပြီ .. Keyboard မှ Ctrl + Shif + U ကိုနှိပ်ပါ နှိပ်ပြီးချိန်မှာ ပုံဟာ မူလအနေထားနဲ့မတူ ပြောင်းလည်းသွားပါဦးမယ် အိုကေ ဆက်လုပ်ပါမယ်။ Layer box မှ Background ဆိုတာကို မြင်တွေ့ရပါလိမ့်မယ် Right Click နှိပ်လိုက်ပါ Duplicate Layer.. နှိပ်ပါ ok လိုက်ပါဦး ပုံမှန် အားဖြင့် layer အောက်မှာ Normal ဆိုတာ ရှိပါမယ် တစ်ချက် click လိုက်ပါ color dodge ဆိုတာကို ရွေးပေးပါ အဲဒီနောက်မှာတော့ Ctrl + I ကို နှိပ်ပါ ရှိနေတဲ့ ပုံ ပျောက်သွားပါမယ်။ menu bar မှ Filter >> Blur>>GaussianBlur ဒီအထိ အိုကေနော် Radius: မှာ Pixels ကို မိမိတို့ အဆင်ပြေသလို ရွေးနိုင်ပါတယ် ပြီးရင် တော့ ok လိုက်ပေါ့ဗျာ ဒါဆိုရင် မိမိတို့ လိုချင်တဲ့ ခဲပန်းချီ စတိုင်လေး ပိုင်ဆိုင်ရပြီပေါ့…အတက်နိုင်ဆုံး နားလည်လွယ်အောင်ရေးသားပေးလိုက်ပါတယ် အဆင်မပြေပါက ကွန်မန်းမှာ ပြောပေးပါဗျာ ..မှတ်ချက် (ဒီလုပ်နည်းလေးဟာ တစ်ခြား နည်းလမ်းကောင်းများလည်း ရှိကောင်းရှိနိုင်ပါတယ်) ကျွန်တော် တက်သလောက်သာ ဖော်ပြပေးခြင်းဖြစ်ပါတယ်) ကျေးဇူးတင်လျှက် ..အားပေးမှုကို အစဉ် ကြိုဆိုနေပါတယ်…။

Leave a Reply

Your email address will not be published.