ချစ်ဖို့ကောင်းတဲ့အပြင် ပျော်စရာပါကောင်းတဲ့ အိမ်နီးချင်းနိုင်ငံလေး လာအိုဆီသို

Mon LayJune 29, 20176min010

#Laos

#Vang Vieng

#Tubing

#Hot Air Balloon

#ဘယ်လိုသွားခဲ့ကြလဲ

ရန်ကုန်ကနေဘန်ကောက်ကိုလေယာဉ်Transit စီး၊ ပြီးရင်ဘန်ကောက်ကနေ နယ်စပ်Nong Khaiကိုညအိပ်

ရထားနဲ ့သွားပြီး အဲကနေမှလာအိုကိုကူးပြီးသွားတယ်ပေါ့နော်။

ထုံးစံအတိုင်းလေယာဉ်လက်မှတ်သက်သာရင်အကုန်အဆင်ပြေတယ်ဆိုတော့ကာမေလထဲသွား

မယ့်ဟာကို ဇန်နဝါရီထဲကကြိုဝယ်တာပေါ့။ မွန်လေးတို့ကတော့ ဘန်ကောက်ဆိုNok Air traveler ဆိုတော့ Nok Air ပဲစီးသွားတာပေါ့။ အသွားအပြန်မှဒေါ်လာ ၈၄ ရယ်၊ လာအိုကနေပြန်လာတော့ လာအို-ဘန်ကောက်က ၆၀+ ၉ (ကီလို)ဆိုတော့ လေယာဉ်ခက၂နိုင်ငံကို ၁၅၃ နဲ့သွားလို့ရသွားတာပေါ့…တန်တီးတီးတန်

Nok Air လေယာဉ်မှာကျွေးတာလေး..ခုလိုပြောင်းသွားတော့ ဝမ်းသာမိတယ် Nok Air

ကိုယ်နဲ့ငယ်ငယ်လေးထဲကကစားဖော်ကစားဖက်ညီမလေး

#ချစ်ဖို့ကောင်းတဲ့ညအိပ်ရထားလေး

ဘူတာရုံ

ဘန်ကောက်လေဆိပ်ကနေဆင်းတာနဲ့ မြို ့ထဲမှာရှိတဲ့Hualamphong Station ရထားဘူတာဆီကိုပြေး

ကြတာပေါ့..ဘယ်တိုးနဲ့မှသွားတာမဟုတ်တော့ရထားလက်မှတ်မရရင်ဘန်ကောက်မှာတစ်ည သောင်တင်မှာလေ..အပြန်တင်ချင်တင်..အသွားကစိတ်ဇောနေတော့တင်လို့မဖြစ်ဘူးဆိုပြီး သုတ်ချေတင်ကြတာပေ့ါ။ သိပ်မကြာဘူးရထားဘူတာကိုရောက်လာတော့ဒီနေ့ည(၈) နာရီထွက်မယ့်ရထားလက်မှတ်ကိုဖြတ်လိုက်ပါတယ်။ အမှန်ကအောက်ဘက်အိပ်စင်ကိုလိုချင်တာ..သယ်ရင်း၃ယောက်နဲ့ ညီမသားအမိတို့လည်းအပေါ်ကြီးပဲရသွား

တယ်လေ။ သွားတဲ့သူတွေဘယ်လောက်တောင်များလဲဆိုရင်

အခန်းပါတဲ့ရထားတွဲတောင်၂ခန်းပဲကျန်တော့တဲ့အပြင်ရိုးရိုးအိပ်စင်က

အောက်ဘက်တွေအကုန်ပြည့်နေပြီး အပေါ်အိပ်စင်တွေ၂ဝပဲကျန်ပါတော့တယ်။ ဒါတော်တော်ရှည် တဲ့ရထားတွဲပါ

မွန်လေးတို့ဝယ်ခဲ့တဲ့အိပ်စင်က တစ်ယောက်ကိုဘတ် (၇၄၈)ပါ။ ရထားပေါ်တက်လိုက်တာနဲ့ အေးစက်နေပြီး ကိုယ်အိပ် ရမယ့်အိပ်စင်ဆီသွားလိုက်ကြပါတယ်။ ရထားစစထွက်ချင်းတော့ အိပ်စင်လာမလုပ်သေးဘဲ..

ခဏနေတော့ ရထားပေါ်ကဝန်ထမ်းအကိုကြီးတစ်ယောက်ရောက်လာပြီး အိပ်ယာတွေကိုတစ်ခုပြီးတစ်ခုလိုက်

ခင်းပေးပါတယ်။ ကို်ယ်လည်းသူဘယ်လိုလုပ်လဲဆိုပြီးလိုက်ကြည့် နေရင်းကနေ..ဟော..တစ်ခုပြီးသွားပါတယ်။

သူသာပြီးသွားတယ်။ ကို်ယ်က ဘယ်ဟာကိုသူအရင် လုပ်လိုက်မှန်းမသိလိုက်နိုင်လောက်အောင်အရည်

အချင်းရှိပြီးအတွေ့အကြုံရင့်ကျက်မှန်းသိသာလေသည်။ ကိုယ်တွေလည်းဗိုက်ဆာလာတော့ ရထားပေါ်မှာပဲ

ညစာစားခဲ့ကြတာပေါ့။ တစ်ယောက်ကိုမှ ဘတ်၆ဝထဲရယ်။ ဆန်နည်းနည်းမာတာ ကလွဲလို့ ကျန်တာအကုန်စား

ကောင်းပါတယ်။ ရထားပေါ်ကအိပ်သာက လည်းလေယာဉ်ပေါ်ကအတိုင်းပါပဲ..အရမ်းမိုက်တယ်။ သန့်ရှင်းတာ

များ..မွန်လေးတို့နိုင်ငံကညအိပ် ရထားတွေကိုလည်းအဲလိုလေးဖြစ်စေချင်ပါတယ်။ အိပ်စင်လေးတွေကလိုက်ကာ

လေးတွေနဲ့ဆိုတော့ ကိုယ်အိပ်တော့မယ်ဆိုကို်ယ့်လိုက်ကာ ကိုဆွဲပြီးပိတ်ရုံပါပဲ။ ပြီးတော့ ဘယ်ဘူတာရောက်နေ

ပြီလဲဆိုတာကိုလည်းသိဖို့ Tv screenလေးလည်းပါတာ မို့အရမ်းကိုမိုက်ပါတယ်။ တကယ့်အပျံစားလေးပဲ။ အရမ်းတော့အေးတယ်နော်။ ဘယ်လောက်တောင် အေးလဲဆိုရင်ညဘက်အိပ်နေရင်း သွေးထဲအသားထဲကကိုစိမ့်ပြီးအေးလာတာ…။ ဒါပေမဲ့အရမ်းမိုက်တယ်.။

ရထားလက်မှတ်လေး

အဲကိုသွားရမှာ

ရထားသွားစီးပြီ

မွန်လေးတို့နိုင်ငံကညအိပ်ရထားတွေကိုလည်းခုလိုအဆင်မြင့်စေချင်တယ်

ရထားပေါ်မှာအဲလိုငြိမ့်တယ်..ညအိပ်ရင်ပိုတောင်ငြိမ့်သေး
ရထားပေါ်ကချစ်ဖို့ကောင်းတဲ့ညစာ
အိပ်စင်အထပ်မြင့်

မနက်(၆)နာရီကျတော့ နယ်စပ်မြို ့လေး Nong Khaiကိုရောက်လာပါပြီ။ ဘန်ကောက်immigration ကိုဝင်ဖို့

တုတ်တုတ်ကို တစ်ယောက်(၃၀)ဘတ်နဲ့စီးသွားရပါတယ်။ ပြီးတော့အဲကနေ ၁၅ မိနစ်လောက်ကားစီးလိုက်ရင်

လာအိုimmigrationကိုထပ်ရောက်ပါတယ်။ လာအိုimmigration ကိုဖြတ်ပြီးတာနဲ့ Vang Viengကိုသွားဖို့ ကား

စုငှားတော့တစ်ယောက်ကို ဘတ် (၇၄၀)ပါ။ မနက်စာကို လမ်းဘေးဆိုင်မှာပဲဆွဲလိုက်ကြပါတယ်။ လမ်းဘေး

ဆိုင်သာဆိုတယ်။ အရသာကဘယ်လိုကောင်းမှန်းမသိ။ ဗီယက်နမ်ကိုပြန်ရောက်သွား သလားအောက်မေ့ရ

ပါတယ်။ ဧရာမပန်းကန်ကြီးထဲမှာခေါက်ဆွဲတွေ၊ အသားတွေနဲ့။ အရွက်တွေပါအားရပါးရ စားလို့ရအောင်၊ အပေါ့

အငံတို့ပါထည့်လို့ရအောင် ငံပြာရည်ပုလင်းတု့ိကို သက်သက်ကိုလာချပေးတယ်။ အရွက်ကြိုက်တဲ့မွန်လေးအ

တွက်ကတော့ ရှလွတ်ပေ့ါ။ တစ်ပန်းကန်ကိုတစ်ယောက်ထဲ မကုန်လို့ သယ်ရင်းနဲ့နှစ်ယောက်စားတာတောင်

တော်တော်လေးစားယူရပါတယ်။ ကိုယ့်ဘေးနားကကောင်လေးတွေများ အဲလိုပန်းကန်ကြီးတွေနဲ့ တစ်ယောက်

တစ်ပွဲစားသွားကြတာများ..တော်တော်အစားကြီးတာပဲလို့…ဟီး။

လာအိုimmigration ကိုဒီform ဖြည့်ပြီး ဒီကားနဲ့ထပ်သွားရတယ်

လမ်းဘေးမှာစားခဲ့တဲ့ဆိုင်လေး..အရွက်တွေကိုကြိုက်သလောက်စား..ရှလွတ်

ကားကလည်း ဟွန်ဒိုင်းအမျိုးအစားနဲ့သက်တောင့် သက်သာလည်းရှိပါတယ်။ ကားပေါ်မှာအိပ်ပြီးလိုက်သွားတာ Vang Vieng ကို နေ့လည်(၂)နာရီရောက်မှ ပဲနိုးသွားပါတယ်။ မွန်လေးတို့လည်း Grand View Guest House မှာCheck-in ဝင်ပြီး

နေ့လည်စာထွက်စားကြပါတယ်။

ဖူးခပ်ကလမ်းလေးတွေလိုပဲ

#Blue Lagoon

သူ ့ကိုမွန်လေးတို့တည်းတဲ့ဟိုတယ်ကနေ နာရီဝက်သာသာ ကားနဲ့ထပ်သွားရပါတယ်။ အနောက်နိုင်ငံမှာဈေး

ကြီးပေးရတဲ့ ဒီblue lagoon က လာအိုမှာ သူတို့ငွေနဲ့ဆို ၄၀၀၀ဝ kip (၅ ဒေါ်လာ) ပဲရှိတယ်။ ရောက်တာနဲ့မွန်လေးတို့လည်းရေကူးအကျီတွေ သွားလဲကြပြီး စိမ်းပြာရောင်ဖြစ်နေတဲ့Blue Lagoon ထဲကိုဆင်း

သွားကြတော့တာပဲ..အေးတယ်ဆိုတာဘယ်လို ပြောရမှန်းတောင်မသိ။ ရေကနက်တော့ မွန်လေးတို့ကို Life Jacketတွေပေးဝတ်ခိုင်းပါတယ်။ ဟုတ်မှဟုတ်ပါ့မလားပေါ့ဆိုပြီးရေထဲဆင်းကြည့်တာ ဟုတ်ပါ့။  အစပ်ပိုင်းလောက်ပဲတိမ်တယ် ခြေထောက်ထောက်လို့ရတယ်။နောက်ပိုင်းခြေထောက် ထပ်ထောက်လို့မရတော့ဘူး။ အဲဒါနဲ့ life jacket လေးကိုခိုပြီး ဟိုဘက်ဒီဘက်ကူးလိုက်ရတာပေါ့။ ကိုရီးယားတွေအလာများတယ်။ Youth over boy အဖွဲ့က ဒီကိုလာပြီး MTVရိုက်ပြီးကတည်းက သူတို့နို်င်ငံမှာနာမည်ကြီးသွားပြီး ကို်ရီးယားတွေတအားလာကြတာတဲ့။

သူတို့ဆိုသစ်ပင်ပေါ်ကနေ ကန်ထဲကိုတဝုန်းဝုန်းနဲ့ဒိုင်ဗင်ထိုး ခုန်ချကြတာပျော်စရာကြီး။ တစ်ယောက်ခုန်ချရင် မသိလည်း အားပေးတဲ့အနေနဲ့ နံပါတ်စဉ် လိုက်ရေပေးကြတယ်။ ကိုယ်တွေကတော့အဲလောက်မရဲဘူး။ သူတို့နားမှာရှိတဲ့ ဒန်းတွေပေါ်တက်တယ် ရေကူးတယ်။ ဟိုဘက်ကူးလိုက်၊ဒီဘက်ကူးလိုက် ဓါတ်ပုံတွေရိုက်လိုက်နဲ့ အရမ်းပျော်စရာကောင်းတာ။

စွန်းပျော်..မျောက်လွှဲကျော်နှစ်ယောက်
ပျော်ဖို့ကောင်းတဲ့ Blue Lagoon မှာ
အရမ်းပျော်ရပါတယ်
ဟိုဘက်ဒီဘက်ကိုအဲ့ကြိုးနဲ့ပဲကူးနေတာ

#Tubing

သူကတော့ ကို်ယ့်ဟိုတယ်ကနေမြင်ရတဲ့ Nang Song မြစ်ထဲမှာ ဘောကွင်းနဲ့ဇိမ်လေး

ခံပြီးမျှောရတာပေါ့။ ဈေးကတော့ စပေါ်အနေနဲ့ ၆၅၀၀ဝ kip။ သူလည်း နာရီဝက်သာသာလောက်သွားပြီးမှ ဘောကွင်းနဲ့မျှောရတာမျိုး။ ကားကချပေးခဲ့ပြီး ကို်ယ်တွေက အဲ့မြစ်ထဲမှာ မြစ်ရေစီးချောင်းနဲ့မျှောပေါ့။ စစချင်းမျှောတုန်းကတော့ ကြောက်သလိုလိုနဲ့ နောက်ပိုင်းတော့ရေစီးသန်တဲ့နေရာရောက်လာတော့ ကိုယ်ကအလိုက်သင့်လေးမျောသွားရုံပဲ။ ဘေးမှာလည်း တောတောင်တွေ၊ တံတားလေးတွေ၊ ဆိုင်တန်းလေးတွေနဲ့သာသာယာယာပဲ။ တချို ့ကတော့ Kayking လုပ်ကြတယ်။ တချို့နေရာတွေတော့ အန္တရာယ်များတယ်။ အုပ်စုလိုက်သွားရင် အဖွဲ့တွေကွဲသွားတတ်လို့ တစ်ဘောကွင်းနဲ့တစ်ဘောကွင်း ချိတ်ပြီးသွားကြဖို့ပြောချင်ပါတယ်။ ဒါပေမဲ့လည်း အရမ်းလည်းမကြောက်ပါနဲ့။ အရမ်းပျော်ဖို့ကောင်းတယ်ဆိုတာ..ခုစာရေးနေရင်းတောင် ပြန်မျှောချင်နေပြီ။

Tubing စီးဖူးသွားပြီ
Tubing လေးစီး.စိတ်ကူးလေးယဉ်

#Water cave

သူကတော့ သိပ်လှတဲ့ကျောက်ဆောင်တွေဆီသွားပြီး အဲ့အောက်ကနေ ဘောကွင်းနဲ့ကြိုးတန်းပြီးလျှောက်သွား

ရတာမျိုးပါ။ ရက်လည်းသိပ်မရခဲ့လို့မလုပ်ခဲ့လိုက်ဘူး။ နောက်တစ်ခေါက်ရောက်ရင် လုပ်ပါမယ်။

#Zip line

လာအိုမှာ Zip line ပေါတာ

လာအိုရောက်မှပဲသိရတော့တယ်..သူ့လောက်တခြားဟာတွေ

ပေါမယ်မထင်ဘူး။ tubing လုပ်နေရင်းနဲ့ကို zip line လုပ်နေတဲ့သူတွေဟိုဘက်ကူးလိုက်၊ ဒီဘက်ကူးလိုက်နဲ့ ဟော မပြီးသေးဘူး..တောင်ပေါ်မှာထပ်ပြီး ဟိုဘက်ကူးကြပြန်ပြီ။ အဲလောက်ကိုများတာ..မပြီးနိုင်တာ..အရှည်ကြီးပဲ။ Cave မှာလုပ်မှာလား ရေတံခွန်တွေမှာ

လုပ်မှာလား..ရွေးလိုက်ရုံပါပဲ။

#Rock Climbing

သူကတော့ကျောက်တောင်တွေ ပေါ်ကိုကြိုးတွေဆိုုင်းပြီးတွယ်တတ်ရတာမျိုးတာအရမ်းမိုက်တယ်။

#Hot Air Balloon

Balloon လား..ပုဂံမှာသိပ်ပြီးစီးချင်ခဲ့တဲ့ဟာကြီးပေ့ါ။ ဒါပေမဲ့ ဒေါ်လာ ၃၀ဝ ဆိုတော့ တခြားနိုင်ငံခြားတစ်ခုပဲ

သွားလိုက်တော့မယ်.ဆိုပြီး လာအိုကိုရောက်လာခဲ့တော့ သူက ဒေါ်လာ ၈ရတဲ့။ ဘယ်လို…ဘယ်လို..ဘာကြောင့်တောင်ဈေးသက်သာရတာလဲ..safetyမှကောင်းရဲ ့လားပေါ့။ တကယ်စီးကြည့်တော့မှ အရမ်းလည်းစီးလို့ကောင်းတယ်။ ပုဂံက ရှုခင်းနဲ့တော့ကွာတာပေါ့။ ဒါပေမဲ့ လာအို

ကရှုခင်းတွေကလည်း အရမ်းမိုက်ပါတယ်။ စိမ်းစိုသာယာတဲ့တောတောာင်တွေရယ်၊ တသွင်သွင်စီးနေတဲ့စမ်း

ချောင်းလေးတွေ၊မြစ်ချောင်းလေးတွေ၊ လယ်ကွင်းတွေကတမျှော်တခေါ် ကြားထဲမှာ နေလုံးကြီးကဝင်သွားတာမျိုး

တွေ..တိမ်တွေကလည်းကိုယ့်ဘေးမှာ ဖြတ်သွားတာမျိုးတွေ..အိုး..မိုင်..ဂေါ့။ ရောင်စုံနဲ့သိပ်လှတဲ့ balloon ကြီးက ကိုယ့်ကိုတခဏတာဘဝအမောတွေပြေပျောက်သွားစေနို်င်တယ်လို့ကိုယ်ပြောရင် မင်းရဲရဲကြီးလက်ခံလိုက်စမ်းပါ။


Balloon ပေါ်မှာ
ရောင်စုံ Balloon နဲ့မွန်လေးနဲ့
အနောက်မှာမွန်လေးတို့တည်းတဲ့ ဟိုတယ်လေ

#အစားအသောက်

သူတို့ထမင်းက မွန်လေးတို့စားနေကြဆန်မဟုတ်ပဲ..အဆာခံအောင် ကောက်ညင်းကိုပေါင်းပြီးလုပ်ထားတာပါ။ မွန်လေးတို့စားခဲ့တဲ့အကင်ဆိုင်ကတော့ ဘာကောင်းသလဲမမေးနဲ့ လာစားကြတဲ့လူတွေလည်းများတယ်။ ကို်ယ်တွေဆိုစားပြီးရင်း ထပ်စားကြတာတောင်အကုန်မြန်တယ်..ဟိုဟာကုန်သွားပြီ။ ဒီဟာကုန်သွားပြီနဲ့။ ဆိုင်

တွေရော..ဘားဆိုင်တွေကိုအစုံအလင်ရှိပါတယ်။ သူတို့ဆို ကိုယ်တွေကို ကိုရီးယားလိုလိုက်နှုတ်ဆက်ကြတယ်။ ကိုရီးယားတွေအလာများတာကိုး။ တစ်မြို ့လုံးကိုရီးယားတွေကြီးပဲ။ ဖူးခပ်လောက်တော့သိပ်မစည်ပေမဲ့ နောက်

ပိုင်း ဖူးခပ်လိုဖြစ်လာလိမ့်မယ်လို့ထင်မိပါတယ်

 

#ဘယ်လောက်ကုန်ခဲ့လဲ

စုစုပေါင်းကတော့ ဒေါ်လာ ၄၀ဝ နီးပါးပဲကုန်ခဲ့တယ်။

အရမ်းကိုပျော်ဖို့ကောင်းပြီး ရထားစီးရတဲ့အတွေ့အကြုံအပြင် activities တွေလုပ်ခဲ့ရတဲ့ဒီလာအိုခရီးစဉ်ကိုတော့

မွန်လေးဘယ်တော့မှမေ့တော့မှာမဟုတ်ပါဘူး.

 

 

 

 

 

10 comments

  • ဦးကျောက်ခဲ

    June 30, 2017 at 12:53 am

    လာအို အမဲသား အမဲလုံးခေါက်ဆွဲပြုတ်ကတော့ ရှယ်ပဲ …
    အများကြီးမို့ တစ်ပွဲလုံးကုန်အောင် မနည်းစားရတယ် …
    ညနေဘက် နေစောင်းချိန် မဲခေါင်မြစ်ကမ်းနဖူးမှာထိုင်ပြီး …
    Beerlao လေးသောက် … ဆေး၆ လေး ဖွာ… တကယ့် နတ်စည်းစိမ် … :k:
    .
    ဗီယန်ကျန်းမှာ မြန်မာ အတော်များများရှိတယ် …
    တချို့က အဲသည့်မှာ သူဋ္ဌေးကြီးတွေတောင် ဖြစ်နေကြပြီ …

    Reply

  • အတော်မိုက်တယ်ဟ
    Trip Review လေးတွေ ရေးပေးတာ ကျေးကျေး..
    ခရီးသွားရင် package tour တွေ မသွားချင်ဘူး.. ကိုယ့်ဘာသာ လည်ရတာပဲ ပိုကြိုက်တယ်.. :mrgreen:

    Reply

  • Shar Thet Man

    June 30, 2017 at 4:26 pm

    ဟုတ်တယ်..လာအိုဘီယာသောက်ကောင်းတယ်ပြောတယ်….မသောက်ခဲ့ရဘူး

    Reply

  • Shar Thet Man

    June 30, 2017 at 4:27 pm

    ဟုတ်တယ် ကိုယ့်ဖာသာသွားရတာပဲကြိုက်လို့ နောက်ထပ်ရေးမယ့်ခရီးစဉ်တွေရှိပါသေးတယ်..အားပေးပါဦး

    Reply

  • Shar Thet Man

    July 3, 2017 at 12:44 pm

    သူများပို ့စ်ကိုဘယ်သူ အနီပြတာလဲကွ…သူများခရီးသွားတာကိုမနာလိုအူတိုတဲ့သူပဲဖြစ်မယ်..လူတွေများမကောင်းမြင်စိတ်တော်တော်များတာပဲမုဒိတာမပွားတဲ့အပြင်

    Reply

    • ဦးကျောက်ခဲ

      July 3, 2017 at 1:31 pm

      ဂဇက်မန်ဘာချင်းတော့ အနီပေးလေ့မရှိဘူးလို့ ထင်တာပဲ …
      ဂုဏ်ယူလိုက်စမ်းပါ … အဲဒါ ဒီပို့စ်ကို ဝင်ဖတ်သူရှိတယ်ဆိုတဲ့ သဘော… :k:

      Reply

  • Shar Thet Man

    July 4, 2017 at 5:15 pm

    အမလေးတော်

    Reply

  • manawphyulay

    July 12, 2017 at 2:23 pm

    အင်း ခရီးသွားလေး ဖတ်ရတော့ ကိုယ်တိုင်သွားရသလိုပဲ ခံစားမိပါတယ်။ တစ်ခါမှလည်း မရောက်ဖူးတော့ အထူးအဆန်းလေးတွေ မြင်ရတာပေါ့နော်…

    နောက်ပြောရဦးမယ်ညီမလေးရေ ဒီလို အနီလေးတွေ မမြင်ရတာ အတော်ကြာပါပေါ့… အရင်တုန်းကဆို ဒီထက် ၁ဝဆလောက်အနီတွေများတာ ခုက ဘာမှမဟုတ်သေးဘူး….

    Reply

  • Shar Thet Man

    October 30, 2017 at 3:08 pm

    ဟုတ်လားအဲသလောက်အနီများတာလား

    Reply

Leave a Reply

Your email address will not be published.