” အဆုံးသတ်ကစားပွဲ “

“အဆုံးသတ် ကစားပွဲ”

ညောင်မြစ်တွေ

လိုက်တူးပြီးတဲ့အဆုံး

တွေ့ ရတဲ့ ပုတ်သင်ဥတွေထဲမှာ

အပုပ်တစ်လုံးပါနေတာ

 ဆန်းသလားကွာ။

အမြင်မှာတောင် ပက်ပက်စက်စက်

ရှုံးနေတဲ့

တစ်ချပ်မှောက်ကစားပွဲမှာ

မှောက်ထားတဲ့အောက်ဖဲ

လှန်ပြဘို့ မလိုတော့ဘူးထင်တယ်။

ကောက်ကျစ်တဲ့ နှုလုံးသွေးနဲ့ရေးမယ့်

မိစ္ဆာပန်းချီကားတစ်ချပ်

အဆုံးသတ်ဘို့ အတွက်

ရက်စက်တဲ့ စုတ်ချက် တစ်ချက်သာ

လိုပါတော့ တယ်

ကဲ     မိတ်ဆွေ

ကစားပွဲ ရဲ့ အဆုံး

 အရှုံးအနိုင် အတွက်

ခင်ဗျား

ဘယ်ဘက်ကထိုင်ချင်ပါသလဲ။

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးစဉ်

12517

5 comments

  • ဦး လေး မန်း

    May 19, 2017 at 1:01 pm

    သူတို့အတွက်​ ဂိတ်​ဆုံး​နေပါ ပြီဗျာ။ လက်​နက်​နဲ့အနိုင်​ မကျင်​့ရင်​ ဒီတသက်​ အရင်​​နေရာပြန်​မရ နိုင်​​တော့ပါဘူး။

    Reply

  • သင့်အေးရိပ်

    May 19, 2017 at 10:10 pm

    မိစ္ဆာပန်းချီကားတစ်ချပ်
    အဆုံးသတ်ဘို့ အတွက်
    ရက်စက်တဲ့ စုတ်ချက် တစ်ချက်သာ
    လိုတော့တယ် ဆိုတဲ့အကြောင်း
    ဆက်တွေးနေမိတယ်

    Reply

  • kai

    May 20, 2017 at 4:26 am

    ပုတ်သင်ရဲ့ဥ ပုပ်တာဆန်းသလား
    ရက်စက်တဲ့စုတ်ချက်ဟာ
    မြှုပ်ထားသူ ထ,ဆွဲလည်းရမှာပဲ။ ။

    Reply

  • သျှားသက်မာန်

    May 22, 2017 at 9:40 am

    မိုက်တယ်

    Reply

  • •*¨နန်းတော်ရာသူ •*¨

    June 13, 2017 at 11:17 am

    ဘယ်ဘက်ကမှမထိုင်ချင်ဘူး
    သူများနောက်လိုက်လုပ်ရမှာအမုန်းဆုံးအလုပ် 😛

    Reply

Leave a Reply

Your email address will not be published.