မိမိုးရေ….(၂)

naymoneMarch 27, 20101min00

မိမိုးရေ…
အသက်ကြီးလာလေလေ ဒုက္ခဆိုတာခါးလေလေပဲ
လောကဓံဆိုး လေးပါးနဲ့တွေတော့မှ
ငါဟာရင့်ကျက်သင့်သလောက်မရင်ကျက်ခဲ့မှန်းသိရ….
ဖြစ်နိုင်ရင်ငါးကိုယ်လောက်ခွဲချင်ရဲ့
နောက်ပွားလေးကိုယ်ကတော့
အဆိုးလေးပါးခံစားစေပေါ့
ကျေးဇူးနဲ့မေတ္တာတရားရဲ့တာဝန်ယူတက်မှုမှာ
ငါဟာလုံလောက်အောင်မစွမ်းဆောင်နိုင်ခဲ့ဘူး
ခေါင်းငုံလက်ပိုက် ငါဟာအိမ်စာမပြီးခဲ့တဲ့
ကျောင်းသားတစ်ယောက်ရယ်ပါ
ခေတ်နဲ့စနစ်နဲ့ရဲ့ ပုံစံတကျမှားယွင်းမှုမှာ
အမှန်တရားရဲ့ အံဝင်ခွင်ကျမဖြစ်မှုဟာ
ငါအပြစ်တဲ့လား
လက်လျှော့လိုက်ရတော့မလားပဲ မိမိုးရေ…..
အမှန်တရားပေါ်မှာတည်ဆောက်တာထက်
အလုပ်ဖြစ်ရေး အဓိက ဟာ ဝယ်လိုအားမြင့်တက်နေတာကို
နင်မသိတော့လည်း ငါရှင်းရခက်ရဲ့
လျှောက်လွှဲချက်တွေဘယ်လောက်ပေးပေး
တရားခံကတော့တရားခံပါပဲ…
မိမိုးရယ်……
နေမုန်း

Leave a Reply

Your email address will not be published.