မိန်းကလေးများ အတင်းပြောခြင်း၏ ရလဒ်

etoneSeptember 1, 20101min04

လူ့ပတ်ဝန်းကျင်မှာအတင်းပြောတတ်

တဲ့ အကျင့်ဟာ လူမှုရေးအရ နှာခေါင်းရှုံ့ချင်စရာ ဖြစ်နိုင်ပေမယ့် ဆေးပညာအရတော့ မိန်းကလေးတွေအတွက် အကျိုးထူးတွေ ရစေနိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေဟာ အတင်းခြင်းဟာ မိန်းကလေးတွေကို ပိုပြီးကျန်းမာစေသလို ပိုပြီးလည်း ပျော်ရွှင်စေတယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့လို့ပါပဲ။ သုတေသီတွေရဲ့ အပြောအရတော့ အတင်းပြောတဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်မှာ progesteroneလို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုး ပုံမှန်ထက် အများကြီးပိုပြီး ထွက်လာတတ်ပြီး အဲဒီဟိုမုန်းဟာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ဖိစီးမှု ဝေဒနာကို သိသိသာသာ လျော့ပါးစေပါတယ်တဲ့။ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေဟာ ကျောင်းသူပေါင်း (၁၆၀)လောက်ကို အတွဲလိုက်သတ်မှတ်ပေးပြီး လေ့လာကြည့်တဲ့အခါမှာ အတင်းအဖျင်းပြောရင်း ဗဟုသုတ ဖလှယ်ကြတဲ့ မိန်းကလေးတွေက စကားနည်းပြီး အတင်းပြောရတာ ဝါသနာမပါတဲ့ မိန်းကလေးတွေထက် ကျန်းမာရေးကောင်းသလို ပိုပြီးလည်း ပျော်ရွှင်တက်ကြွနေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြတယ်။ ပိုပြီးထူးခြားတဲ့အချက်က အတင်းပြောတဲ့ မိန်းကလေးတွေဟာ ပေါင်းသင်းဆက်ဆံရေး ကဏ္ဍမှာ ပိုပြီးတော့ အကျိုးသက်ရောက်မှုတွေ ရှိလာပြီး လူမှုရေးနယ်ပယ်မှာ တွင်ကျယ်ဝင်ဆံ့လာပါတယ်တဲ့။ ဆရာဝန်တွေရဲ့ အဆိုအရတော့ မိန်းကလေးတွေဟာ သူတို့စိတ်အားထက်သန်တဲ့ ကိစ္စတစ်ခုမှာ တိုးတိုးကြိတ်ကြိတ် ပြောနေကြရတာ မိနစ်(၂၀)လောက် ကြာရုံနဲ့တင် progesteroneပမာဏဟာ ထူးထူးခြားခြား တိုးတက်မြင့်မားလာတယ်လို့ သိရပါတယ်။ ခပ်အေးအေးနဲ့ စကားသိပ်မပြောတဲ့ မိန်းကလေးတွေမှာတော့ progesteroneဟာ လုံးဝတက်မလာဘူးလို့ ဆရာဝန်တွေက ရှင်းပြခဲ့တယ်။ ပါမောက္ခ စတက်ဖနီဘရောင်းဟာ ဒီသုတေသနလုပ်ငန်းမှာ ခေါင်းဆောင်ဖြစ်ပြီး သူက တွေ့ရှိချက်တွေကို Hormones and Behaviourဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ “လူနှစ်ယောက် အတင်းပြောနေတဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးယှက်နွယ်မှုဟာ ပိုပြီးခိုင်ခံ့လာသလို progesteroneကလည်း ထိုးတက်လာပါတယ်။ ဒါဟာ ဇီဝကမ္မလှုပ်ရှားမှုတွေနဲ့ လူတွေရဲ့ အကျင့်စရိုက်အပေါ်မှာ အကောင်းလက္ခဏာဘက်က သက်ရောက်နိုင်တဲ့ အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုပါ”လို့ ပါမောက္ခကြီးက ရှင်းပြပါတယ်။ progesteroneရဲ့ ကောင်းကျိုးတစ်ခုက ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်လာစေတဲ့ oestrogenကိုတောင် လျှော့ချပေးနိုင်တဲ့အတွက် လူတိုင်း အတင်းများများပြောသင့်တယ်လို့တောင် ပါမောက္ခကြီးက ကျီစယ်သွားပါသေးတယ်။

src: planet

http://www.lannthit.com/ မှကူးယူဖော်ပြပါသည်။

4 comments

  • sususan

    September 2, 2010 at 10:47 am

    ဒီနေ့ကစပြီး..များများပြောတော့မယ်..

    Reply

  • twitty

    September 2, 2010 at 12:52 pm

    အိုး… သူများအကြောင်းလည်းမပြောတတ်ပါ.. စပ်မိစပ်ရာ ဘာညာကွိကွ.. တစ်နေ.ကိုအနည်းဆုံးတစ်နာရီလောက်တော့ပြောရတော့မယ်… ဟဲဟဲ

    Reply

  • ရွှေထား

    September 5, 2010 at 7:12 am

    ကဲ ယောက်မတို့ရေ… ကျန်းမာစေဖို့ အတင်းပြောကြစို့ 😀

    Reply

  • Gong Zhu

    September 15, 2010 at 1:03 am

    ဘာမှမလုပ်တော့ဘူး အတင်းပဲပြောတော့မယ် . . . ဟီးဟီး 😛

    Reply

Leave a Reply to twitty Cancel Reply

Your email address will not be published.