မနာလို ဖြစ်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်….

etoneSeptember 1, 20101min01

တပါးသူအား မနာလို ဖြစ်ခြင်းသည် ကျန်းမာရေးကို ထိခိုက် စေနိုင်ကြောင်း သိရှိရသည်။ အိမ်နီးချင်းများ၊ မိတ်ဆွေ သူငယ်ချင်းများ အပေါ် မနာလိုသော စိတ်ထားသည် နှလုံးကို ထိခိုက်စေသလို

ဆီးချို၊ သွေးတိုး စသည့် ဝေဒနာများ ဖြစ်ပွားစေမှု ကိုလည်း မြင့်တက် လာစေကြောင်း ဆရာဝန်များက ရှာဖွေ တွေ့ရှိ ထားခဲ့ပြီ ဖြစ်သည်။ သူတပါး၏ အောင်မြင်မှု အပေါ် မုဒိတာ မပွားနိုင်သည့် သူများမှာ ဟိုမုန်း မညီမျှမှုများ ဖြစ်ပေါ်တတ်သလို ကိုယ်ခံ စွမ်းအင်လည်း ကျဆင်း လာတတ်သဖြင့် ဆီးချို ဖြစ်နိုင်ခြေ သာမန်ထက် သိသိသာသာ တိုးပွားလာကြောင်း ချီကာဂို တက္ကသိုလ်မှ သုတေသီများက သတိပေး ပြောကြားခဲ့သည်။

၎င်းတို့သည် အသက်(၅၇) နှစ်မှ (၈၅)နှစ် အကြား သက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီး (၃၀၀၀)ကျော်ကို လေ့လာမှုများ ပြုလုပ်ပြီး ယခု ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ လူအများစုသည် အသက်ကြီးလာသည်နှင့် အမျှ စိတ်ဓာတ်ရေးရာနှင့် ကျန်းမာရေးတို့ ဆက်ယှက်မှုသည် သိသာစွာ မြင့်တက်လာခဲ့ကြောင်း သုတေသီများက ရှင်းပြခဲ့ကြသည်။

ထိုသို့သော အနေအထား မျိုးတွင် သူတပါးအား မနာလိုခြင်းကဲ့သို့ မကောင်းမြင်သော စိတ်အခြေအနေသည် ကျန်းမာရေးအား ကြီးမားစွာ ဆိုးကျိုး သက်ရောက်စေမည် ဖြစ်သည်ဟု ဆိုသည်။

သုတေသန အဖွဲ့မှ ပညာရှင် တစ်ဦးဖြစ်သော ဂျနီဗီဗီ ဖမ်ခန်တား က စိတ်က လှုံ့ဆော်သဖြင့် ပြောင်းလဲနေသော ဟိုမုန်းများသည် လူတစ်ဦးချင်း စီ၏ ကျန်းမာရေး အတွက် အမျိုးမျိုးသော သက်ရောက်မှုများ ရှိနေနိုင်ကြောင်း ရှင်းလင်း ပြောကြား သွားခဲ့သည်။

One comment

  • kopauk mandalay

    September 1, 2010 at 11:35 am

    သိပ်မှန်တာပေါ့ဗျာ။
    သူများကိုမနာလိုစိ်တ်ရှိနေရင် ဘယ်လာပြီးစိတ်ကြည်လင်ပါတေ့ါမလဲနော်။
    စိတ်မကြည်လင်ဘူးဆိုမှတော့ စိတ်နဲ့ထိန်းချုပ်ထားရတဲ့ဒီကိုယ်ခန္ဒာကြီး က ဘယ်လာကောင်းနိုင်ပါတော့မလဲပေါ့နော်.

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.