ရန်ကုန်မြို ့ကပန်းမြို ့တော်

Mon LayMarch 28, 20176min03

ဒီတစ်ခေါက်မွန်လေးရောက်ဖြစ်တဲ့နေရာလေးကတော့ ရန်ကုန်မြို ့ရဲ့လူစည် ကားဆုံးနေရာလေးတစ်ခုဖြစ်တဲ့ ပြည်သူ့ရင်ပြင်ကိုပဲဖြစ်ပါတယ်။ အဲ့ရင်ပြင်ထဲ မှာ Myanmar International Lighting Festival ပွဲကို မတ်လဆန်းကနေ ဧပြီလကုန်အထိ (သင်္ကြန်တွင်းမပါ) ကျင်းပပေးမယ်ဆိုတော့..နိုင်ငံခြားကမီး ရောင်စုံထွန်းတဲ့ပန်းခြံတွေလိုမျိုးလှလှ ပပလေးလုပ်ပြီးကျင်းပပေးသွားမယ်လို့လည်းသိလိုက်ရရော..နေရာဆန်းဆန်း

တွေကိုသိရင်ချက်ချင်းကိုကောက်ထသွားချင်တဲ့စိတ်ကထိန်းမရတော့ မနေ ့ကပဲ

စိတ်တူကိုယ်တူသယ်ရင်းတစ်ယောက်နဲ ့သွားလိုက်တာပေ့ါ။သူကလည်းကိုယ့် အကြောင်းသိနေတော့ လိုက်ပို့ပါ..လိုက်ပို့ပါ..လို့ပြောနေတော့..ကိုယ်လည်း

အဲ့ပွဲကိုအမြန်ဆုံးလေးသွားလိုက်ပါတယ်။

#Myanmar_International_Lighting_Festival

#Yangon, Myanmar

#People’s_Park

#ဘယ်လိုသွားကြမလဲ

ရန်ကုန်မှာနေတဲ့သူတွေကတော့ ပြည်သူ့ရင်ပြင်ကဘယ်နေရာမှာလဲဆိုတာ ရှင်းပြစရာတောင်လိုမယ်မထင်ပါဘူးနော်။ မြေနီကုန်းနားမှာရှိတာပါ။၂၀၁၆ ခုနှစ် အကယ်ဒမီကျင်းပသွားတဲ့နေရာလည်းဖြစ်ပါတယ်။

#ဘာတွေတွေ့လဲ

အဝင်ဝကိုရောက်တာနဲ ့အထဲကိုဝင်ဖို ့အရင်ဦးဆုံး ဝင်ကြေး ၃၀ဝ ပေးရပါတယ်။ ပြီးတာနဲ ့ပန်းလေးတွေ၊ မီးလေးတွေနဲ ့တန်ဆာဆင်ထားတဲ့ နေရာကိုရောက်ဖို့ဆက်လမ်းလျှောက်ရပါတယ်။ သူကတော့ ဝင်ကြေး ၃၀၀ဝ (လူကြီး)၊ ကလေး ၁၀၀ဝ နဲ ့ကျောင်းသူ၊ ကျောင်းသားဆို ၁၅၀ဝ ပါ။ ကဲ..ဝင်ကြပြီပေါ့နော်။ မြင်မြင်ချင်းတွေ့ရမှာကတော့ အသဲပုံမုခ်ဦးကို မီးလုံးလေး တွေနဲ ့အမိုးပါမကျန်တန်ဆာဆင်ထားပြီး လူတွေဓါတ်ပုံမနားတမ်းရိုက်နေတာကိုတွေ့ရပါလိမ့်မယ်။ အဲ့လျှောက်လမ်းလေး ကလည်းမီးလုံးလေးတွေနဲ့ အလှဆင်ထားတော့တမျိုးလေးလှနေပါတယ်။ အဲ့အဝင်ဝကိုနည်းနည်းကျော်လာတာနဲ ့ညာဘက်ခြမ်းမှာအရင်မြက်ခင်းပြင်နေ ရာကို မီးလုံးပန်းလေးတွေအစားထိုးပြီးစိုက်ထားတာကိုတွေ့ရမှာပါ။ မွန်လေးဆို တာ..ဒါ ဗီယက်နမ်က Ba Na Hill တောင်ပေါ်ကပန်းခင်းကြီးထဲရောက်သွားသ လားအောက်မေ့မိပါတယ်..အဲလောက်လှပါတယ်။ မိုးတဖြည်းဖြည်းချုပ်လာလေ

မီးလုံးလေးတွေရဲ့အလှကပိုပေါ်လာလေပါပဲ။ ပုံလေးတွေကြည့်ရင်သိပါလိမ့်မယ်။ ပန်းလေးတွေနဲ ့အလှဆင်ထားသည့်အပြင် ဆင်ပုံလေးတွေ၊ ငန်းပုံလေးတွေ၊ မင်းသားမင်းသမီးပုံလေးတွေ၊ couple ပုံလေး

တွေ၊အသဲပုံလေးတွေ၊ စင်ဒရဲလား ဒေါက်ဖိနပ်ပုံလေးတွေ၊ ခေါင်းလောင်းပုံလေး တွေ၊ Piano ပုံလေးတွေ၊ အနောက်နိုင်ငံက အထိမ်းအမှတ်ပုံလေးတွေစတဲ့ ကလေးရော၊ လူ ကြီးပါလုံးဝကြိုက်ကြတဲ့ပုံလေးတွေဖော်ပြီး မီးလေးတွေနဲ့အလှဆင်ထားတာဆို တော့ selfieတို့၊ wefie တို့ကောင်းကောင်း လေးဆွဲနိုင်တဲ့နေရာလေးတစ်ခုပါ..အရမ်းမိုက်ပါတယ်.ငွေ

၃၀၀ဝ လေးနဲ့ နိုင်ငံခြားရောက်နေသလိုခံစားရမယ့်နေရာလေးပါ.ကဲ…အချိန်က လည်းဧပြီလတစ်လလောက်ပဲကျန်တော့တာမို့..ဘဝမှာအမှတ်တရလေးတွေရ စေဖို့..အမြန်လေးသွားလိုက်ကြပါဦးနော်..

တစ်ခုပြောချင်တာလေးကတော့ ညဘက်မှပိုလှတယ်ဆိုပေမယ့် ညနေ ၅ နာရီ ကျော်ထဲက ပြည်သူ့ရင်ပြင်ထဲကြိုရောက်နေရင်ပိုကောင်းပါတယ်။ အဝင် ဝမှာအရမ်းကြီးတန်းစီစရာမလိုတော့ဘူး။နည်းနည်းနောက်ကျလေ..အကြာကြီး

တန်းစီးနေရတာကိုတွေ့ခဲ့လို့ပါပဲ..

#ယူသွားရမယ့်အရာများ

Selfie stick၊ ကင်မရာ။

#travelemperor

3 comments

  • ဂျစ်စူ

    March 28, 2017 at 1:29 pm

    ဪ..မကြည့်နိုင်သေးပါဘူး.
    မီးသီးများ မြင်ဖူးနေတာပဲလေ..
    ဝင်ကြေး ၃၀၀ဝ ဆို တစ်ယောက်စာမူးလို ့ရတယ်
    ဘီအီးဘိုးလေး နှမြောစရာ… 😆

    Reply

  • သျှားသက်မာန်

    March 28, 2017 at 2:11 pm

    ဟဟ

    Reply

  • Courage

    April 12, 2017 at 6:16 pm

    ပုံဖေါ်ထားတာတွေလှလှမလှလှ အဲ့လိုမီးရောင်စုံတွေမြင်ရတာကိုက သဘောကျစရာကြီးပါရော။

    Reply

Leave a Reply

Your email address will not be published.