ဤလူတို့ပြည်တွင် အဘိဓမ္မာတရားကိုမဟောသောအကြောင်းရင်း

etoneSeptember 1, 20101min01

မြတ်စွာဘုရားဟောကြားသော ဒေသနာတော်တို့မှာ သုတ်၊ အဘိဓမ္မာ၊ ဝိနည်းဟူ၍ သုံးမျိုးခွဲခြား ထားရာတွင် အခြားဒေသနာတော်များကို ဤလူတို့ပြည်၌ ဟောကြားတော်မူခဲ့ပါသော်လည်း အဘိဓမ္မာ ဒေသနာတော်ကိုမူ ဤလူတို့ပြည်၌ ဟောကြားတော်မမူပေ။ ဝါတွင်းသုံးလပတ်လုံး (ရက်ပေါင်းကိုးဆယ်ခန့်) ဟောကြားရမည့် ဤအဘိဓမ္မာဒေသနာတော်ကြီးကို ဤလူတို့ပြည်တွင် ဟောကြားရန် မလျော်ဘဲဖြစ်နေသည်။ မြတ်စွာဘုရားက ဟောကြားနိုင်သည်ဆိုဦးတော့ နာကြားကြရမည် ဖြစ်သော လူပရိသတ်တို့တွင် နာကြားနိုင်ရာသော ဣရိယာပုထ်ကား မရှိပေ။ နေ့ရောညဉ့်ပါ မပြတ် သုံးလတာကာလပတ်လုံး နာကြားဖို့မဆိုထားနှင့် လူတို့အနေဖြင့်မူ သုံးရက်ပင် မထတန်း နာကြားနိုင်ကြမည်မဟုတ်။

ယခုမျက်မှောက် ဓမ္မကထိကတို့ သုံးနာရီခန့် ဟောကြားလျှင်ပင် တချို့တရားနာပရိသတ်တို့မှာ ငိုက်သူငိုက်၊ ထပြန်သူပြန် ဖြစ်ကုန်ကြသည်။ ထို့ကြောင့် နတ်တို့ပြည်၌ နာရီပိုင်းမျှသာ ကြာမည်ဖြစ်သော တာဝတိံသာ နတ်တို့ဌာနကိုလည်းကောင်း၊ ဤမျှသော အချိန်ကာလ၌ ငြီးငွေ့ဖွယ်မရှိဘဲ နာကြားနိုင်သော နတ်၊ ဗြဟ္မာပရိသတ်ကို လည်းကောင်း၊ ရွေးချယ်တော်မူ ပြီးလျှင် ဤအဘိဓမ္မာဒေသနာတော်ကြီးကို တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူလေသည်။

One comment

  • ghost

    September 1, 2010 at 5:44 pm

    ဘာသာရေးမှာ အထူးသဖြင့် ကျွန်တော်တို့ ဘာသာမှာ ကို့အထင် ကို့အာဘော် ကိုထည့်မရေးသင့်ဘူး ကိုယ်တိုင် တိတိကျကျ မသိဘဲနဲ တွေးခေါ်ကြံစတာမလုပ်သင့်ဘူး တခြားဘာသာခြားတွေရဲထောက်ချက် ဖြစ်စေနိုင်တယ်
    “ဦးဇင်း ကျော်ဟိန်းမှ ဒေါက်တာ နန္ဒမာလာဘိဝံသ အားမေးမြန်းချက်” အသံဖိုင်တောင်း ပြီးနားကြည့်ပါ
    နောက် ရှင်ဥက္ကထ ရဲ ကျောက်တွင်းအရေးတော်ပုံ ဖတ်ကြည့်စေချင်ပါတယ်။

    Reply

Leave a Reply to ghost Cancel Reply

Your email address will not be published.