ပဲခူးမြစ်ရေမြင့်တက် အိမ်ထောင်စု ငါးထောင်ခန့် ရွှေ့ပြောင်း

toyoSeptember 1, 20102min03

ပဲခူးမြစ်ရေ မြင့်တက်လာ မှုကြောင့် ပဲခူးမြို့ရှိ ရပ်ကွက်တချို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေရာ အိမ်ထောင် စုပေါင်း ၅၀၀ဝ (ငါးထောင်) ခန့်ကို နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။

Bago-Floodမြစ်ရေကြီးမှုလွတ်ရာတွင် ရွှေ့ပြောင်းနေထိုင်ရသည့် ရေဘေး ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ)

“မနေ့မနက်ပိုင်း ကတည်းက ရပ်ကွက် တွေထဲကို ရေဝင်လာတယ် ၊ အခုဆိုရင် အိုးလေးစု ၊ ဆက်ပိုင်း ၊ ကျွန်းသာယာ ၊ ကလျာဏီ ၊ မဇင်း ၊ ဇိုင်းဂနိုင်း ရပ်ကွက် တွေထဲမှာ ရေတွေချည်းပဲ ၊ ရန်ကုန်-မန္တလေး လမ်းပေါ်လည်း ရေကျော်နေပြီ ၊ ကားလေးတွေ မောင်းလို့ မရတော့ဘူး”ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။

ပဲခူးမြစ်ရေသည် ယမန်နေ့က ပဲခူးမြို့၏ စိုးရိမ်ရေအမှတ် ၉၁ဝ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေ အမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြစ်ရေတိုးလာမှုကြောင့် အိမ်ထောင်စုပေါင်း ၅၀၀ဝ ခန့်ကို နီးစပ်ရာဘုန်းကြီးကျောင်းများ ၊ စာသင်ကျောင်းများအတွင်း နေရာ ရွှေ့ပြောင်းပေးထားရကြောင်း ရေဘေးဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ပဲခူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အဖွဲ့ဝင် လူငယ်တဦးက ပြောသည်။

“ဒီနေ့အနောက်ရွှေနံ့သာ ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ ရေဘေးဒုက္ခသည် ၄၀ဝ ကျော်အတွက် ဦးပဉ္ဇင်းတို့ ထမင်းထုပ်ဝေတယ်၊ နောက် ၅ ရက်လောက် အထိတော့ ရေးဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးနေရဦးမယ့်သဘောရှိတယ်”ဟု တောင်နံစု ကျေးရွာ ပရဟိတ ကျောင်းထိုင် ဆရာတော် ဦးကိတ္တိက မိန့်သည်။

မိုးကြီးမှုကြောင့် ပဲခူးမြစ်ရေတိုးသည့်အပြင် ပဲခူးမြို့အထက် မိုင်(၄၀)ခန့် အကွာရှိ ဇောင်းတူဆည် ရေဖောက်ချမှုကြောင့်လည်း မြို့ထဲအထိ ရေဝင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ ဆည်တော်ကြီးဆည် ရေဖောက်ချမှုကြောင့် မတ္တရာမြို့နယ်အတွင်း ၌လည်း ယခုလ ၁ရ ရက်မှ ၂ဝ ရက် အထိ ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်တချို့ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်။

3 comments

  • etone

    September 1, 2010 at 3:24 am

    ဆည်တွေလျှောက်ဆောက်တုန်းကဆောက်ပြီး ဝင်ဆံ့အောင်မဆောက်ပဲ ပြန်ဖောက်ထုတ်တော့ ဒေသခံတွေရေဘေးကြုံရပြန်ပြီပေါ့။

    Reply

  • လင်းဝေကျော်

    September 1, 2010 at 9:52 am

    ဆည်တွေကြောင့်ကော မြစ်ရေကြီးတာကြောင့်ကောပါ။

    Reply

  • Khin Thida Soe

    September 1, 2010 at 12:08 pm

    ဒါမျိုး ကျတော့ တရားဝင် မကြေငြာဘူးလား

    ွှTV ထဲက နေ ကြေငြာပါ့လား

    Reply

Leave a Reply

Your email address will not be published.