အရင်ဆုံး စဉ်းစားဖို့လိုတယ်

သင့်စိတ်တွင် မအောင်မြင်ဘူးလို့ ထင်ရင် စမလုပ်ပါနဲ့ သင့်ရဲ့စိတ်တွင် negative thinking များနေရင် မအောင်မြင်ဖို့ သေချာနေပြီ ကျွန်တော်တို့ အဆောက်အဦး ဆောက်တော့မယ်ဆိုရင် လိုချင်တဲ့ စကေးကို တိတိကျကျ သတ်မှတ်ပြီး လိုအပ်မဲ့ပစ္စည်းတွေနဲ့ ဆောက်လုပ်မှသာ ရေရှည် တည်တံ့မှာပါ ထို့အပြင် ရရှိမဲ့ အကျိုး အမြတ်နဲ့ ရင်းနှီးရမဲ့ အရင်းအနှီး ထိုက်တန်ရဲ့လားဆိုတာလည်း တွက်ဆရမှာပါ ဘယ်အလုပ်မဆို အောင်မြင်ချင်ရင် အရင်ဆုံး စဉ်းစားတွေးခေါ်ဖို့လိုပါတယ် မိမိလုပ်မဲ့ အလုပ်တစ်ခုဟာ မိမိ တတ်မြောက်တဲ့ အလုပ်လား တခြားသူရဲ့ အကူအညီနဲ့ လုပ်ရတဲ့ အလုပ်လား မိမိအလုပ်ဟာ ဘယ်သူ့မှ မလုပ်ရသေးတဲ့ အလုပ်လား နေရာတိုင်းမှာ ရေပန်းစားနေတဲ့ အလုပ်လား မိမိရဲ့ အားသာချက် အားနည်းချက် မိမိဝန်ထမ်းတွေရဲ့ အားသားချက် အားနည်းချက် တခြားလုပ်ငန်းတွေနဲ့ ယှဉ်ရင် မိမိလုပ်ငန်းက အားသာနေသလား အားနည်းချက်တွေရှိနေလား တခြားလုပ်ငန်းတွေထက် ဝန်ဆောင်မှုပိုကောင်းလား မိမိ တို့လုပ်ငန်းရဲ့ နေရာ လမ်းပန်းဆက်သွယ်ရေး အစစအရာရာ စဉ်းစားဆင်ခြင်ပြီးမှသာ စတင်လုပ်ကိုင်သင့်ပါသည် စတင်လုပ်ကိုင်ပြီးဆိုကတည်းက သင် ရပ်လို့မရတော့ပါ တခြားလုပ်ငန်းတွေထက် သာလွန်အောင် အမြဲမပြတ် လေ့လာ နေရပါမည် သင် ရပ်လိုက်ပြီးဆိုရင်တော့ သင့်ကို ကျော်တတ်သွားကြပါမည် သင်လုပ်တဲ့ လုပ်ငန်းဟာ ရှုံးနိမ့်မှုတွေနဲ့လည်း ကြုံးကောင်းကြုံနိုင်ပါလိမ့်မည် သင်ရဲ့ လုပ်ငန်းဟာ level 1, level 2, level 3 အဆင့်ဆင့်တတ်လာတာကြောင့် level 3 မှာရှုံးနိမ့်လို့ level 1 ပြန်မရောက်သွားပါ exit ဖြင့်ထွက်မှသာလျှင် game over ဖြစ်ပါလိမ့်မည်။

သီဟထွန်း

6 comments

  • Thint Aye Yeik

    March 3, 2017 at 2:41 pm

    သင် ရပ်လိုက်ပြီးဆိုရင်တော့ သင့်ကို ကျော်တတ်သွားကြပါမည်
    ————————————————————-
    ပိုစ့်တွေ တင်တာ မရပ်လိုက်နဲ့နော်…
    😆

    Reply

    • သီ ဟ ထွန်း

      March 4, 2017 at 12:29 pm

      ဟုတ်ကဲ့ အားပေးပါအုံး

      Reply

  • kai

    March 3, 2017 at 5:00 pm

    အမှားကြီးလုပ်နေရင်ရောကွယ်..
    ကျော်သွားကြမှာပဲလား…။ ကျော်ပါစေ…။
    ဆိုတော့..
    ကာတွန်းလေးတပုဒ်ရှိတယ်..။ မောင်ဝဏ္ဏထင်တာပဲ.. ရေးတာ..။
    “တနေ့တလံ ပုဂံဘယ်ရွေ့မလဲ… “တဲ့..။ တယောက်ကကျွေးကျော်တယ်..။ ချီတက်လမ်းလျှောက်မယ်ပေါ့.. ပုံက..။
    နောက်တယောက်ကကြည့်ရင်.. တွေးတယ်..။
    “ပုဂံကဘယ်မှမရွေ့ပါ..။ ပြောင်းပြန်ကြီးဖြစ်နေသောကြောင့်… ” တဲ့..။
    ပုံက.. အဲဒီလူချီတက်မယ့်လမ်းရဲ့ ..ပြောင်းပြန်ကျောဖက်မှာ.. ပုဂံမြို့ကြီး..။ :k:

    Reply

  • myat pearl phyu

    March 4, 2017 at 11:48 am

    ဒါပေါ့ ဒါပေါ့ စဉ်းစားကြရမှာပေါ့..။
    စီးပွါးရေးသမား ဦးနှောက်ပဲလေ..။
    ကစားနေတာ၊ အလှူလုပ်နေတာမှ မဟုတ်ပဲ..။
    အရှုံးပေါ်မယ့်အလုပ်ကို ဘယ်သူက လုပ်ချင်ပါ့မလဲ။
    ဘာပဲလုပ်လုပ် အမြတ်ကျှန်ဖို့ အမြတ်ရဖို့အရေးကြီးဆုံးပဲ။
    အရင်းပြုတ်သွားလို့ကတော့ Go to မြောင်းထဲပေါ့..။
    Anyway, စိတ်ဓါတ်မကျပဲ အတွေ့အကြုံကောင်းတစ်ခုအဖြစ် သင်ခန်းစာယူပြီး လဲရာက ပြန်ထရမှာပဲမဟုတ်လား..။
    ကြုံကြိုက်လို့ ကိုဇင်ဇေ စု တု ပြု ထားတဲ့ ဒါလေး share ခဲ့ချင်ပါတယ်..။

    စီးပွားရေး လုပ်ချင်တဲ့လူငယ်တွေ မှာ ရှိသင့်တဲ့ အရည်အချင်း ၁ဝ ချက်

    ၁။ စိတ်ကူး စိတ်သန်းကောင်းတွေ ရှိရမယ် …
    တီထွင်တတ်ရမယ် …
    ဖန်တီးတတ်ရမယ်..

    ၂။ စီးပွားစီမံကိန်း ဆွဲတတ်ရမယ် ( Business Plan OR Business Model )
    ( ဒါမှမဟုတ် ) လုပ်ရင်းကိုင်ရင်း ရေရှည်ကြိုတွက်တတ်ရမယ် …

    ၃။ ဈေးကွက် ထိုးဖောက်တတ်ရမယ် …
    ကိုယ့်ကို /ကိုယ့်ထုတ်ကုန်/ ဝန်ဆောင်မှုကို လူသိအောင် လုပ်တတ်ရမယ် …

    ၄။ ကိုယ့် ထုတ်ကုန်/ ဝန်ဆောင်မှုအကြောင်းကို
    သေချာ ပြောပြနိုင်ရမယ် …
    ရောင်း တတ်ရမယ် …

    ၅။ စီမံ ခန့်ခွဲနိုင်ရမယ် ( လူ / အချိန် / ငွေ / အရင်းမြစ် စတာတွေကို )
    – လူနဲ့ ပတ်သတ်လို့ အသင်းအဖွဲ့စိတ်ဓာတ်ရှိရမယ်..
    ခေါင်းဆောင်မှု နိုင်ရမယ် …

    ၆။ ဇွဲ ရှိရမယ် …
    အရှုံးက သင်ခန်းစာယူပြီး ပြန်ထ တတ်ရမယ်…

    ၇။ စိတ် ရှည်ရမယ် …
    တစ်ချိန်တည်းမှာပဲ လိုအပ်ရင် စိတ်မြန်ရမယ် …
    ( လိုအပ်တာကို သွက်သွက်လက်လက် ထလုပ်နိုင်ရမယ် )

    ၈။ အနာဂတ် ကို လှမ်းမျှော်ကြည့်နိုင်တဲ့အမြင်
    ( ဒါမှ မဟုတ် ) အနာဂတ် ဖန်တီးချင်တဲ့ အမြင် ရှိရမယ် …

    ၉။ ဘာကြောင့် စီးပွားရေး လုပ်ချင်တာလဲ ဆိုတဲ့
    အကြောင်းပြချက် ခိုင်ခိုင်မာမာရှိရမယ် …
    အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် အဖြစ်ကိုရောက်ဖို့
    ဘာတွေ ပေးဆပ်နိုင်မလဲ ဆိုတာ ကြိုတင် တွေးထားရမယ် …

    ၁၀။ ကိုယ်က အထက်ပါ အချက်တွေကို မလုပ်နိုင်ရင်
    လုပ်နိုင်သူတွေကို ရှာဖွေစည်းရုံးနိုင်ရမယ် …
    သူတို့နဲ့ ကိုယ်တို့ကြားမှာ သူလည်း အဆင်ပြေ
    ကိုယ်လည်း အဆင်ပြေတဲ့ အခြေအနေတစ်ခု တည်ဆောက်နိုင်ရမယ်…။

    Reply

    • သီ ဟ ထွန်း

      March 4, 2017 at 12:30 pm

      ကျေူးဇူးပါ ခင်ဇျာ

      Reply

  • သျှားသက်မာန်

    March 27, 2017 at 4:17 pm

    ရက်စ်ဆား

    Reply

Leave a Reply

Your email address will not be published.