ပင်လုံဆီသို့ ခြေတလှမ်း (ချင်း)

၂၀၁၅ခုုနှစ်၊ အောက်တုိုဘာလ(၁၅)ရက်နေ့ မှာ နုိုင်ငံ တော်အစုိုးရနှင့် တုိုင်းရင်းသားလက်နက်ကုိုင် အဖွဲ့အစည်း (၈) ဖွဲ့အကြား ချုပ်ဆုိုခဲ့သည့် တစ်နုိုင်ငံလုုံး ပစ်ခတ်တုိုက်ခုိုက်မှု ရပ်စဲရေးသဘောတူစာချုုပ် (NCA)၏ နုိုင်ငံရေးလမ်းပြမြေပုုံတွင်ပါရှိသည့် “အမျိုး သားအဆင့်နုိုင်ငံရေးဆွေးပွဲများကျင်းပခြင်း” ကုို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့်
ချင်းပြည်နယ် ထန်တလန်မြို့တွင်ချင်းလူမျိုးများ နိုင်ငံရေး
ဆွေးနွေးပွဲ ကို ကျင်းပပြီးစီးခဲ့ပြီးဖြစ်ါတယ်။
အသေးစိတ်ဆွေးနွေးမှု့များကို မဖော်ပြခဲ့သေးပေမဲ့
ဆွေးနွေးမှု့ အဓိက အချက်များကို တရားဝင်ထုတ်ပြန်ချက်များ
ကို ပြည်သူများသိရှိနိုင်စေရန် တင်ပြအပ်ပါတယ်။
**************************************************************************

ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးမှုပူးတဲေွကာ်မတီ၏ သတင်းထုတ်ပြန်ချက်။
—-+—-+—-+—-
၂၀၁ရ ခုနှစ်၊ မတ်လ (၁) ရက်။

ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ချင်း) ကို ချင်းအမျိုးသားနိုင်ငံ ရေးဆွေးနွေးမှုပူးတွေဲကာ်မတီ (CNDJC) ၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်၊ ထန်တလန်မြို့တငွ် ၂၀၁ရ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်မှ မတ်လ (၁) ရက်အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါ သည်။

ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲသို့ ပြည်နယ်တွင်း၊ ပြည်နယ်ပြင်ပမှ ချင်းအမျိုးသားတပ်ဦး၏ ကိုယ်စားလှယ်တော် (၁၅၁) ဦး၊ နိုင်ငံရေးပါတီများ၏ ချင်းကိုယ်စားလှယ်တော် (၂၀၂) ဦး၊ ချင်း အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်တော် (၁၆၁) ဦး၊ ပါဝင်သင့်ပါဝင်ထိုက်သည့် ချင်း ကိုယ်စားလှယ်တော် (၂၀) ဦး၊ ကြီးကြပ်မှုကော်မတီဝင်များ၊ ဧည့်သည်တော်များ နှင့် လေ့လာသူ များ (၁၁၈) ဦး၊ စုစုပေါင်း (၆၅၂) ဦး တက်ရောက်ခြဲ့ကပါသည်။

ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံ မူများနှင့်ပတ်သက်၍ အောက်ဖော်ပြပါ အကြောင်းအရာများကို ဆွေးနွေးကာ ချင်းလူမျိုးတို့၏ သ ဘောထားအမြင်များစုစည်းမှုကို ဆောင်ရွက်ခဲ့ပါသည်။ ၁။ အချုပ်အခြာအာဏာ (Sovereign Power) ၂။ တန်းတူရေး (Equality) ၃။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-Determination) ၄။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုမူ (Federal Principles) ၅။ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း (Ethnic Minority Rights) ၆။ ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး နှင့် ကျား၊မဆိုင်ရာ တန်းတူညီမျှမှု (Democracy, Human Rights and Gender Equality) ၇။ ပါတီစုံဒီမိုကရေစီ (Multi-Party Democracy System) ၈။ ဘာသာရေးကို အခြေမခံသောနိုင်ငံ (Secular State) ၉။ အခြား အခြေခံမူများ (Other Principles)
ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးမှုပူးတွေဲကာ်မတီ

ချင်းအမျိုးသားတို့၏ ဘုံသဘောထားအမြင်များ နှင့် မတူကြွဲပားသည့်အမြင်များ စုစည်းချက်ကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) တို့မှတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ သို့ တင်သွင်းသွား မည် ဖြစ်ပါသည်။

ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ချင်း) ကို အချိန်အကန့်အ သတ်၊ ခရီးသာွးလာရေးအခက်အခဲ အပါအဝင် အကန့်အသတ်များရှိသော်လည်း ချင်းအမျိုးသား တစ်ရပ်လုံး၏ အမျိုးသားရေးနိုးကြားမှု၊ တာဝန်ရှိသူများ၏ ကြိုးပမ်းအားထုတ်မှု နှင့် ထန်တလန် နှစ်ခြင်းအသင်းတော်အပါအဝင် ဒေသခံများ၏ ဧည့်ဝတ်ကျေပြွန်မှုတို့ကြောင့် အောင်မြင်စွာ ကျင်း ပနိုင်ခဲ့ပါသည် …..ဟု ထုတ်ပြန်လိုက်ပါကြောင်း……။

7 comments

  • Thint Aye Yeik

    March 3, 2017 at 2:47 pm

    .ခြေတစ်လှမ်း”ချင်း”တော့ သွားနေတာပဲ။
    သွားဖန်များ … ခရီးတော့ ရောက်မှာပါပဲလေ…
    သွားကြပါ… သွားကြပါလို့… တိုက်တွန်းတဲ့သူက ဘယ်လောက် အာပေါက်အောင် တိုက်တွန်းပါစေအုန်း
    အရှေ့က ဖြောင့်ဖြောင့် လျှောက်သူတွေနောက်ကနေ စိတ်ပါ လက်ပါ ဖြောင့်ဖြောင့် လိုက်ကြဖို့လည်း လိုပါသေး….

    😆

    Reply

    • မင်း ခန့် ကျော်

      March 3, 2017 at 3:57 pm

      ရှေ့ကကောက်ကောက်သွားလဲ
      နောက်က ဖြောင့်ဖြောင့်လိုက်တဲ့လူမျိုး
      အ,သည်ပဲပြောရမလားမသိ ….။

      Reply

  • kai

    March 3, 2017 at 5:03 pm

    ပြောသာပြောတာ…
    အမေရိကားရောက်တဲ့သူတွေထဲ.. ချင်းတိုင်းရင်းသားက.. အများဆုံးတခု…။
    ပြီးတော့.. ပညာတတ်လည်းအများဆုံး..။

    Reply

    • CharTooLan

      March 6, 2017 at 5:06 pm

      ချင်းပြည်နယ်တစ်ခုလုံးကိုပြန်ကြည့်ပေးနိုင်ရင်ကောင်းမှာပဲ ပြည်တွင်းကတွေ့ဖူးသမျှထဲမှာ
      ချင်းတွေက အရာရာအချို့တဲ့ဆုံးဖစ်နေလို့

      Reply

    • မင်း ခန့် ကျော်

      March 7, 2017 at 3:43 pm

      တစ်ခုခု အတိုင်းအတာအထိ အစိုးရဘက့်ပြေလည်နိုင်ခဲ့
      မယ်ဆိုရင် ပြည်နယ်ကို ပြန်ကြည့်မဲ့ သဌေးတွေ ရှိဖို့ပဲ
      သူကြီးရေ….။

      Reply

  • •*¨နန်းတော်ရာသူ •*¨

    March 5, 2017 at 11:13 pm

    ခက်တာတစ်ခုက တိုင်းရင်းသားတွေအများစုစိတ်မှာ မြန်မာအုပ်ချုပ်သူတွေအပေူနယ်ချဲ့ကျူးကျော်သူတွေရယ်လို့စွဲနေတဲ့လူတွေအများကြီးရှိနေသေးတယ်။ငါ့လူမျိုးမှ ငါ့လူမျိုးဆိုပြီးရိုက်သွင်းခံထားရတဲ့ ရခိုင်ကလေးတတွေလည်းမြင်ဖူးတယ်။။

    Reply

    • မင်း ခန့် ကျော်

      March 7, 2017 at 3:53 pm

      နယ်မြေ အနေအထား ဓလေ့စရိုက် ကွာဟမှု ့ ကြောင့်က
      တစ်ကြောင်း…..။
      ရှေးကတည်းက မြန်မာဘုရင်လက်အောက်ခံမဟုတ်ပဲ
      သီးခြားနေကြတဲ့လူမျိုးစုတွေဖြစ်တာကတစ်ကြောင်း….။
      လွတ်လပ်ရေးရပြီးနောက် ဗမာ***အစိုးရအဆက်ဆက်နဲ့
      လက်တွဲခဲ့ပေမဲ့ အမြဲနှပ်ပစ်ခံရသည်ကချည်းတစ်ကြောင်း…။
      စစ်ကြောင်းများ ပြည်နယ်အတွင်း လှုပ်ရှားသည့်အခါ
      လူထုအပေါ် ကြမ်းကြုပ်စွာ ဆက်ဆံခံရသည်များ ကတစ်ကြောင်း….။
      ဒါတွေကြောင် ဌာနေ ချင်းတိုင်းရင်းသားတွေဘက်က ဗမာ*** တွေအပေါ် အဲသလိုစိတ်ကလေးတွေ ရှိလာတာ
      မဆန်းဘူးဆိုတော့ (ဦးသိန်းတန်စကားအရ) ဖြစ်ထိုက်ပါတယ်လေ: mrgreen:
      ဒါကို ဒေါ်စုလက်ထက်မှာမှ မချေဖျက်နိုင်ကြရင် အကုန်လုံးအတွက် အရှုံးချည်း…..။

      Reply

Leave a Reply to •*¨နန်းတော်ရာသူ •*¨ Cancel Reply

Your email address will not be published.