ယောင်ဝါးဝါး

Win Lwin LayFebruary 27, 20171min05

” မင်္ဂလာပါဆရာ ”
” အေး မင်္ဂလာပါကွယ် ထိုင်ပါ ”
” ဟုတ်ကဲ့ အနာဂတ် ကံကြမ္မာကို မေးချင်လို့ပါ ”
” ရတယ်လေ အရင်ဘယ်တုန်က ဘာဖြစ်ခဲ့မယ် အခုဘာတွေဖြစ်နေတယ် နောင်အနာဂါတ်မှာ ဘာတေွဖြစ်အုံးမယ် အဲလို ဘာတွေဖြစ်မယ့်ထဲ အဆိုးတွေများပါရင် အဲဒီအဆိုးတွေပျောက်အောင် ဆရာယတြာပါ တွက်ချက်ပေးလိုက်အုံးမှာ ”
” အရင်ကဘာတွေဖြစ်ခဲ့တာနဲ့ အခုဘာတွေဖြစ်နေတာကိုတော့ သိနေပြီးသားမို့မသိချင်တော့ပါဘူး ဆရာရယ် နောင် အနာဂတ်မှာဘာတွေဖြစ်မလဲတာ လိုရင်းဟောရင်ရပါတယ် ”
” အေးလေ အဲဒါဆိုလဲ ဆရာလေကုန်နည်းနည်းသက်တာတာပေါ့ကွယ် အဲ ဆိုစမ်းပါအုံး မောင်ရင်မွေးနေ့က ”
” ကျွန်တော်မွေးနေ့က ဘာလုပ်မလို့လဲဟင် ”
” ဟ မောင်ရင်ဘဲ အနာဂတ် ကံကြမ္မာအတွက် ဗေဒင်မေးမလို့မဟုတ်လား ”
” ဟုတ်တယ်လေ ”
” အေးလေ အဲဒါကြောင့် ဆရာတွက်ရအောင် မောင်ရင်မွေးနေ့ပြောလေ ”
” ဆရာပြောတာလဲ ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့်မဟုတ်ဘူး ဖြစ်နေတယ် ”
” ဟေ့ မောင်ရင် အူကြောင်ကြောင်မလုပ်နဲ့ ဒါဆို မောင်ရင်အတွက်မဟုတ်ရင် ဘယ်သူ့အတွက်လဲ မောင်ရင်ကောင်မလေးလား အမေအတွက်လား အဖေအတွက်လား မေးမယ့်သူရဲ့ မွေးနေ့ပြောပေးလေကွာ ”
” အဲဒီမေးမယ့်သူရဲ့ မွေးနေ့ကို မသိတာ ”
” ဟကောင်ရ ကိုယ်မေးမယ့်သူရဲ့ မွေးနေ့မသိဘဲနဲ့ ငါကဘယ်လိုတွက်ဟောရမှာလဲကွာ ဒါနဲ့ နေပါအုံး မင်းမေးမဲ့သူက ဘယ်သူဖြစ်နေလို့ လဲ ဆိုစမ်းပါအုံး ”
” ဒီလိုပါဆရာ ကျွန်တော်သိချင်တဲ့ အနာဂတ်ကံကြမ္မာက ဒီမြန်မာနိုင်ငံကို ပြောတာပါ အဲဒါဟောပေးလို့ ရသလားဆရာ ”
” ဪ ဒီမြန်မာနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာလား ဟောလို့ရတာပေါ့ သိပ်ရတာပေါ့ကွာ ”
” ဒါဆို ဟောပြပါလား ဆရာ ”
” အေး ငါအတိအကျ ဟောလိုက်မယ် ဒီမြန်မာနိုင်ငံရဲ့ အနာဂါတ်ကံကြမ္မာက မင်း လိုဘဲ ယောင်ဝါးဝါးပါကွာ ကဲ ရှင်းပြီလား “

5 comments

  • kai

    February 27, 2017 at 6:42 pm

    မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ နေ့အချိန်နာရီကို နိုင်ငံရဲ့ မွေးနေ့အဖြစ်သတ်မှတ်တယ်တဲ့..။
    အဲဒီအချိန်က.. အဲဒီခေတ်က.. ဗဗဒင်ကဝိအကျော်တွေ သေသေချာချာတွက်ပေးခဲ့တာ..။

    ဆိုတော့..
    နာဆာက ဂြိုလ်တွေ.. နက္ခတ်တွေရဲ့.. တည်နေရာ.. အတိုင်းအထွာပညာတွေကို.. မြန်မာတချို့ လေ့လာနိုင်တဲ့.. ခေတ်လည်းရောက်ရော.. ကွန်ပျူတာထဲထည့်.. မြန်မာနိုင်ငံမွေးနေ့ကို.. ပြန်တွက်တော့.. အဲဒီခေတ်က မတိကျတာတွေကြောင့်.. နက္ခတ်အရ မှားယွင်းနေတာတွေရှိတယ်တဲ့…
    ဖြစ်ပုံက.. မိနစ်စက္ကန့်လေးနည်းနည်းလေးလွဲနေပြီး.. အဲဒီလွဲတာက.. နက္ခတ်ဗေဒင်တွက်ချက် ပြောင်းပြန်တွေဖြစ်ကုန်တယ်ဆိုတာပဲ..။

    မယုံမရှိနဲ့.. တကယ်တွေ့..။ :k:

    Reply

  • Thint Aye Yeik

    February 28, 2017 at 9:16 am

    မြန်မာပြည်အနာဂတ်က ယောင်ဝါးဝါး
    ဟုတ်ပါ့။
    မှုန်ရီးဝိုးဝါး ဖြစ်နေတာပဲ။
    ဘာပြီးရင် ဘာလာမယ်ဆိုတာတွေတော့ ရှိပါရဲ့။
    ဒါမယ့် ဖြစ်သင့်တာတွေက ဖြစ်မလာာာ
    မဖြစ်သင့်တာတွေသာ ဖြစ်လာာာ

    Reply

  • •*¨နန်းတော်ရာသူ •*¨

    February 28, 2017 at 10:36 am

    လက်တွဲကူသူထက် ခြေထိုးသူတွေသာများနေတဲ့အစိုးရအဖွဲ့
    အနီးကပ်လုံခြုံရေးကတောင် ငါတို့တကယ်လုံခြုံအောင်စောင့်ရှောက်ပေးရမယ့်လူတွေလို့သတ်မှတ်ကြသေးပုံမရ။
    အရိုးမှာစွဲနေတာက အဘတွေမှသခင်၊အဘတွေမှဘုရင်
    အဘအရှိန်တွေငြိမ်းနိုင်ဖို့မလွယ်သေးသလို ထမင်းလုံးတစ္စေခြောက်သလို မြင်နေတွေ့နေသမျှ လက်တွေ့ကိုင်လိုက်တိုင်း ထိမရလုပ်မရသလိုပုံစံ

    Reply

  • ခင်ခ

    March 10, 2017 at 2:13 pm

    တစ်နှစ်သားဆိုတော့ စမ်းတဝါးဝါး လမ်လျှောက်ခါစမို့ပါ။

    Reply

  • သျှားသက်မာန်

    March 21, 2017 at 5:44 pm

    ပျောက်သောလမ်းမှာစမ်းတဝါးဝါး..

    Reply

Leave a Reply to Thint Aye Yeik Cancel Reply

Your email address will not be published.