သာယာလှပ သံတောင်ကြီးဒေသ

မြူခိုးတွေ တောတောင်သဘာဝအလှတွေနဲ့ ချမ်းအေးသာယာလှပနေတဲ့ မြို့ငယ်လေးတစ်မြို့ပါ။

သံတောင်ကြီးဒေသဟာ ကရင်ပြည်နယ် သံတောင်မြို့နယ်မှာတည်ရှိပါတယ်။

ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ တခြားမြို့နယ်တွေနဲ့ တဆက်တည်းသွားလာရန် အဆင်မပြေပဲ ပဲခူးတိုင်း၊တောင်ငူမြို့မှ တဆင့်သွားလာရပါတယ်။

တောင်ငူမြို့မှ အရှေ့ဘက် စစ်တောင်းတံတားကိုကျော်ကာ ၁၃မိုင်ခန့် ကားလမ်းအတိုင်းသွားလျှာင် ကရင်ပြည်နယ် သံတောင်မြို့ကိုရောက်ရှိပြီး ထိုမှတဆင့် သံတောင်ကြီးအထူးဒေသ တောင်စခန်းမြို့သို့ ၁ရမိုင်ခန့် ဆက်တက်ရပါတယ်။

သံတောင်ကြီးတောင်စခန်းမြို့သို့ တက်ရန် အတက်လမ်း၊အဆင်းလမ်း ဆိုပြီး ၂လမ်းရှိပါတယ်။

သံတောင်ကြီးတောင်စခန်းမြို့ပေါ်မှာ ရိုးရိုးလူနေရပ်ကွက်များနဲ့၊ဘုရင့်နောင်တပ်မြို့ ဆိုပြီး ၂ပိုင်းရှိပါတယ်။

သံတောင်ကြီးတောင်စခန်းမြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၅၀ဝကျော်အမြင့်မှာတည်ရှိပြီး

သံတောင်ကြီးမြို့ရှိ ကရင်ဒဏ္ဍာရီလာ ပုံပြင်ထဲက နော်ဘူဘောဆုတောင်းတော်ဟာ ယခုအခါ လူသိများလာပါတယ်။

နော်ဘူဘောတောင်တော်က ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၈၂၄ပေ မှာတည်ရှိပြီး တောင်ခြေမှာ တောင်ပေါ်သို့ လှေကားထစ်အရှည် ၅၆ဝပေ တက်ရောက်ရပါတယ်။

နော်ဘူဘောတောင်ထိပ်မှ ပတ်ဝန်းကျင်တခွင် အံ့မခန်းဖွယ် ရှုမငြီးစရာ တောတောင် သဘာဝအလှများကို တစ်ဝကြီးခံစားနိုင်ပြီးစိတ်လက်ပေါ့ပါးခြင်းနှင့်အတူ ဘဝအမောများဖြေဖျောက်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

 

 

 

ကိုယ်ပိုင်ဓာတ်ပုံများဖြစ်ပါတယ်။ကူးယူသုံးစွဲလိုက ခရတ်ဒစ်ပေးပါရန်။

8 comments

  • Thint Aye Yeik

    February 1, 2017 at 1:39 pm

    .နော်ဘူဘောတောင်ပေါ် ရောက်တော့ ထိပ်ဆုံးကို တက်ဖို့ လှေကားထစ်လေးတွေ တက်ရတယ်။ အဲ့လှေကါးတလျှောက် တက်သွားရတဲ့ အရသာကို အကြိုက်ဆုံးပဲ။ ပတ်ပတ်လည်မှာ မြင်ရတဲ့ တောင်စဉ်အထပ်ထပ်နဲ့. . .လှေကားထစ်ဘေးတွေမှာ ပေါက်နေတဲ့ တောပန်းလေးတွေနဲ့။ အနီရောင်ရဲရဲပန်းပွင့်လေးတွေကို ဟိုးးးအဝေးက တောင်စဉ်တောင်တန်းကြီးတွေ နောက်ခံထားပြီး ပုံတွေ အများကြီး ရိုက်ခဲ့ဖူးတယ်။ လေကောင်းလေသန့်လည်း ရပြီး မြင်ကွင်းကလည်း ကိုယ်ဟာ တောင်စွယ်တောင်ထပ်ကြီးတွေရဲ့ အလယ်မှာ ရောက်နေသလို ခံစားရ။

    တစ်ခေါက်သွားပြီး ထပ် ထပ် သွားချင်သေးတဲ့နေရာတွေထဲ အဲ့နေရာလည်း ပါတယ်။

    Reply

  • ဘုရားဖူးခရီးပဲ သွားချင်တဲ့သူတွေအတွက်ကတော့ သံတောင်ကြီးမှာ ဘာမှမရှိဘူးလို့ ပြောကြတယ်…
    တကယ်တမ်း လည်မယ်ဆို သံတောင်ကြီးမှာ လည်စရာတွေ အပြည့်ပဲ..
    တောင်အောက်ကို တောလမ်းက ဆင်းပြီး ရွာတွေဘက်သွားလည်တာ.. ရေတံခွန်ဘက်ကိုသွားတာ အများကြီးလုပ်လို့ရတယ်…
    သံတောင်ကြီးမှာ ၃ ညအိပ်နေခဲ့ဖူးတယ်.. အရမ်းပျော်စရာကောင်းတယ်..

    Reply

    • အစ်မတို့တော့ တစ်ခါမှမအိပ်ဘူး အမွန်ရေ နေ့ချင်းပြန်ပဲသွားတယ်။သံတောင်ကတော့ ငယ်ငယ်က ဆိုင်ကယ်နဲ့အကြိမ်ကြိမ်သွားနေကြ ရေစိမ်နေကြ။သံတောင်ကြီးကတော့ အရင်က တက်လို့သိပ်အဆင်မပြေ

      Reply

  • kai

    February 1, 2017 at 5:18 pm

    ရာသီဥတုအခြေအနေက… အေးသလား..။
    ပုံ၂ က… တိုက်အိမ်ခန်းလေးမှာတော့ နေကြည့်ချင်သား.. :k:

    Reply

    • ရာသီဥတုက နွေခေါင်ခေါင်တက်သွားရင်တောင် အပေါ်မှာအေးစိမ့်စိမ့်လေးပါသူကြီး..နော်ဘူဘောတောင်ထိပ်မှာတော့ လေတဝီးဝီးနဲ့ချမ်းတယ်။
      မန်းလေးကနေ လားရှိုးဘက်တက်သွားသလို အေးလာတာ။

      Reply

  • CharTooLan

    February 16, 2017 at 4:56 pm

    တောင်တော် တို့.. မောင်တော် တို့… စတဲ့အသုံးအနှုန်းတွေ့ရင်
    ရီချင်နာ ရှု့ခင်းအရမ်းလှတယ်

    Reply

Leave a Reply

Your email address will not be published.