ကမ္ဘာပေါ်တွင် လူငယ်အလုပ်လက်မဲ့ ၈၁ သန်းအထိ စံချိန်တင်မြင့်တက်

Yin Nyine NwayAugust 31, 20101min02


ဂျီနီဗာ- လွန်ခဲ့သည့်နှစ်က ကမ္ဘာ့အလုပ် လက်မဲ့လူငယ်များ စံချိန်တင်မြင့်တက်ခဲ့ရာ အလုပ်အကိုင်မရှိသူ လူငယ် ၈၁သန်းရှိခဲ့ပြီး မျှော်လင့်ချက်မဲ့ကာ လမ်းပျောက်နေသော မျိုးဆက်တစ်ဆက်ဖြစ်လာမည့် အလား အလာရှိနေခဲ့ကြောင်း သိရသည်။ အသက် (၁၅)နှစ်မှ (၂၄)နှစ်အရွယ် အလုပ်လက်မဲ့ များ ၁၃ရာခိုင်နှုန်းတိုးပွားလာခြင်းက ၂ဝဝရ ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကာလက လူငယ်အလုပ်လက်မဲ့ ၁၁ဒသမ၉ရာခိုင်နှုန်း နှင့် နှိုင်းစာလျှင် အလုပ်လက်မဲ့နှုန်းများစွာ တိုးပွားလာခြင်းဖြစ်ကြောင်း နိုင်ငံတကာလုပ် သားအဖွဲ့အစည်း(ILO)မှ ပြောကြားခဲ့သည်။
ILO၏အစီရင်ခံစာတွင် ကြိုတင် ခန့်မှန်းချက်အရ ယခုနှစ်တွင် လူငယ်လူရွယ် အလုပ်လက်မဲ့များ ၁၃ ဒသမ ၁ ရာခိုင်နှုန်း ပို၍တိုးပွားလာမည်ဟု ဆိုသည်။
ကမ္ဘာပေါ်တွင် အသက်(၁၅)နှစ် မှ (၂၄)နှစ်အရွယ် လူငယ်သန်း ၆၂ဝရှိပြီး ၂ဝဝရခုနှစ်နှောင်းပိုင်းနှင့် လွန်ခဲ့သည့်နှစ် ကုန်အကြားတွင် လူငယ်အလုပ်လက်မဲ့ အရေအတွက် ရ ဒသမ ၈သန်းအထိရှိလာ ခဲ့သည်ဟု သိရသည်။ လက်ရှိလူငယ် အလုပ်လက်မဲ့အရေအတွက်မှာ ILO ၏ ရေတွက်မှုအရ အမြင့်ဆုံးပင်ဖြစ်သည်ဟု ILOမှ မစ္စဆာရာအယ်လ်ဒါက ပြောကြား ခဲ့သည်။ အစီရင်ခံစာတွင်ဖော်ပြချက်အရ လူငယ်များအား ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများနှင့် စီးပွားရေးဖြစ်ထွန်းနေသော နိုင်ငံများရှိ လုပ်သားဈေးကွက်များမှ ထုတ် ပစ်ခဲ့ခြင်းကို တွေ့ရှိရပြီး ထိုသို့သော အခြေ အနေက လူငယ်တို့အား လုပ်ငန်းခွင်ရှိရာ သို့ ပြန်လာရန် စိတ်ဓာတ်ကျဆင်းမှုကိုဖြစ် ပေါ်စေသည်ဟုဆိုသည်။ လမ်းပျောက်ဆုံး နေသော မျိုးဆက်အမွေကို ဆက်ခံခြင်းက လူငယ်များကို လုပ်သားဈေးကွက်မှဖယ်ခွာ စေသည့်အနေအထားကို ဖြစ်ပေါ်စေမည် ဟု ဆိုသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူငယ်များ သည် ကမ္ဘာ့လူဦးရေ၏ ၉ဝရာခိုင်နှုန်းရှိပြီး ထိုလူငယ်များ အလုပ်လက်မဲ့ဖြစ်မှုနှင့် ဆင်း ရဲချို့တဲ့မှုက စီးပွားရေးတွင် အားနည်းချက် ကို ပိုမိုဖြစ်ပေါ်စေမည်ဟု ကုလသမဂ္ဂလုပ် သားအေဂျင်စီမှ ပြောကြားခဲ့သည်။ ထိုသို့ သော အခြေအနေက စိုးရိမ်ဖွယ်ရာသော ပဲ့တင်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး လူငယ်များအနေဖြင့် အလုပ်အကိုင်ရှာဖွေ နိုင်ခြင်းမရှိပါက အသုံးမကျသော၊ ပျင်းရိ သော အသိစိတ်ကို ဖြစ်ပေါ်စေမည်ဖြစ်ကာ ထိုမှတစ်ဆင့် ရာဇဝတ်ပြစ်မှု၊ စိတ်ကျန်းမာ ရေး ပြဿနာ၊ အကြမ်းဖက်မှု၊ ပဋိပက္ခနှင့် မူးယစ်ဆေးသုံးစွဲမှုများကို တိုးပွားစေမည် ဟု ဆိုသည်။ အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသော ကြိုတင်ခန့်မှန်းချက်အရ လာမည့်နှစ်တွင် လူငယ်အလုပ်လက်မဲ့များ ဆက်လက်တိုးပွားနေမည်ဖြစ်ပြီး အမေရိ ကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂ရနိုင်ငံတို့တွင် လူငယ်အလုပ်မဲ့များကို ဆက်လက်တွေ့မြင်နေရမည်ဟု ILO မှ ပြောကြားခဲ့ကြောင်း သိရသည်။

2 comments

  • မန်း ရိပ်

    August 31, 2010 at 8:55 am

    လူသားတွေက တနေ့ထက်တနေ့ တိုးတိုးလာတာကိုး

    Reply

  • Gong Zhu

    September 16, 2010 at 4:09 pm

    ဟုတ်တယ်နော် . . . နောက်ဆိုလူတွေနေစရာမရှိတော့ရင်ဘယ်လိုလုပ်မလဲ . . .

    Reply

Leave a Reply to Gong Zhu Cancel Reply

Your email address will not be published.