ထူးထူးခြားခြားအိပ်ရာခင်းများ

etoneAugust 31, 20101min02

ဥပုံစံ အိပ်ရာခင်း
အိပ်ရာခင်းအသစ်ပေါ်မှာ ဥတွေ ကျကွဲ နေသည့် ပုံစံမျိုး ဖန်တီးပြုလုပ်ထားသည်။ ခေတ်မီပြီး အိမ်၏ အသွင်အပြင်ကို အနုပညာ အလှဖြင့် ဖမ်းစားနိုင်အောင် လှုံ့ဆော်နိုင်မည့် အနေအထား ဖြစ်သည်။ ဖန်တီးသူမှာ ဗာလင်တီးနားအက်ဒရီတို (Valentina Audrito)
ဆိုသူ ဖြစ်ပြီး ယင်းကို သားရေစ သို့မဟုတ် ဥအနှစ်များကိုပါ သဏ္ဌာန်လုပ်
သရုပ်တူအောင် ဖန်တီးပြုလုပ်ထားသဖြင့် တကယ်ဥအိပ်ရာခင်းဟုပင် ထင်မှတ်ရသည်။

အနာကပ်ပလာစတာပုံစံ အိပ်ရာခင်း
ဖန်တီးသူ ရီကာဒိုဇာမားရ်ကို့စ် (Ricardo Garza Marcos) အနာကပ် ပလာစတာပုံစံ အိပ်ရာခင်းအနေအထား ဖြစ်သည်။

ရေညှိ အိပ်ရာခင်း
လတ်ဆတ်သော မြက်ခင်းပေါ်၌ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းကြောင့် သွေးလည်ပတ်မှုကောင်းစေသည်ဟု လူအများက ပြောကြရာ ပန်းခြံတစ်ခုသို့ သွား၍ ပြုမူနိုင်သော်လည်း ယင်းသို့ မတတ်နိုင်သော သူများ အတွက် ငုယင်လာချန်း
(Nguyen La Chanh) ဆိုသူ ဖန်တီးပြုလုပ်ထားသော ရေညှိအိပ်ရာခင်း
ပေါ်ထွက်လာသည်။ မိမိထားစေချင်သည့်နေရာတွင် ထား၍ရသည့်အပြင် ရေချိုးခန်း
ကဲ့သို့သော နေရာမျိုးတွင်လည်း အဆင်ပြေစွာ အသုံးပြုနိုင်သည်။ ရေညှိလုံး၊
ကျွန်းရေညှိ၊ သစ်တောရေညှိ စသည်ဖြင့် မျိုးစုံ ဖန်တီးထားသည်။


သွေးရောင်လွှမ်းသည့် အိပ်ရာခင်း

လန်ဒန်တောင်ပိုင်းတက္ကသိုလ်မှ အင်ဂျင်နီယာ ကျောင်းသားနှစ်ယောက် ဖန်တီးပြုလုပ်လိုက်သည့် အိပ်ရာခင်း ဖြစ်သည်။ အထူးသဖြင့် မီးစုန်းဓာတ် အမှုန့်များကို အဆိုပါအိပ်ရာခင်းအတွင်း ထည့်သွင်းထားသော မီးလုံးများထဲတွင် ထည့်သွင်းထားသဖြင့် သွေးရောင်လွှမ်းသော
အိပ်ရာခင်းကို တွေ့မြင်ရခြင်းဖြစ်သည်။ LED မီးသီးများကို
ထည့်သွင်းအသုံးပြုထားသဖြင့် ယင်းအတွက် လျှပ်စစ်ဓာတ်အား
ပြန်လည်အားသွင်းပေးမည့် စနစ်ကိုပါ ထည့်သွင်း ထားသဖြင့် အခင်းရော၊ အမိုး၌ပါ
ရွေးချယ်အသုံးပြုနိုင်သည်

E-mail

လူသားအရေပြား အိပ်ရာခင်းလား
ခရစ်စီကွန့်အန့် (Chrissy Conant) ဆိုသူ၏ အနုပညာ ပြကွက်ဖြစ်သည်။ လူသား အရေပြားပုံစံမျိုး ဖန်တီးထားရာတွင် တိရစာ္ဆန်တစ်ကောင်၏ အရေခွံပုံသဏ္ဌာန်မျိုး ဖြစ်နေသည်။ ရိုးရိုး သာမန်တိရစာ္ဆန် အရေခွံကို ဤသို့ ဤပုံ ပြုလုပ်၍ ရသော်လည်း
လူသားအရေခွံပုံစံမျိုး အိမ်ရာခင်းကို ဘာအတွက်ကြောင့်
ဖန်တီးသလဲဆိုခြင်းနှင့် ပတ်သက်၍မူ ဖန်တီးသူက အဖြေမပေးထားချေ။

အသားညှပ်ပေါင်မုန့် အိပ်ရာခင်း
အသားများဖြင့် ပြုလုပ်ထားသည့် အိပ်ရာခင်းကို သင်၏ ကြမ်းပြင်၌ ဘာကြောင့် ခင်းထားသလဲဆိုသည့် မေးခွန်းကို ဖြေဖို့ ဤအသားညှပ်ပေါင်မုန့် အိပ်ရာခင်းက အဆင်သင့်ဖြစ်နေပါလိမ့်မည်။ အီတလီနိုင်ငံ၊ ဘိုလော့ဂျ်ညာမြို့၏
နွေရာသီအသွင်အပြင် ဖက်ရှင်ဒီဇိုင်းဟု ဆိုရင်လည်း မှားမည် မထင်ပေ။

ပါရှားပဟေဠိ အိပ်ရာခင်း
ကတ်ရင်းဆွန်လဲ့ညာ (Katrin Sonnleitner) ဖန်တီးပြုလုပ်ထားသည့်ကြမ်းခင်းပုံစံ အိပ်ရာခင်း ဖြစ်ပြီး ပါရှားနိုင်ငံ၌ ပြုလုပ်လေ့ ရှိသော ပဟေဋ္ဌိအကွက်များ ပါဝင်သည့် အိပ်ရာခင်းဖြစ်ပြီး ပဟေဠိမေးခွန်းပေါင်း ထောင်ပေါင်းများစွာကို ထည့်သွင်း
ပြုလုပ် ထားသည်။

ကမာ္ဘကြီး ပူနွေးလာသည့် အိပ်ရာခင်း
ဘာစီလိုနာ အခြေစိုက် အိပ်ရာခင်း ကုမ္ပဏီ တစ်ခုဖြစ်သည့် နာနီမာကွီနာ (Nanimaquina) နှင့် မက္ကဆီကန် ဒီဇိုင်းဆရာများ (NEL) စုပေါင်းဖန်တီး ထားသည့် ကမာ္ဘကြီး ပူနွေးလာသော ပုံစံအနေအထား အိပ်ရာခင်း ဖြစ်သည်။ စပိန်နိုင်ငံ၊
ဗလင်စီယာမြို့၌ ၂၀၀၈ ခုနှစ်က ပြသခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပရိဘောဂ ပြပွဲ၌
ပြသထားစဉ် တွေ့မြင်ရသည့် အနေအထား ဖြစ်သည်။

2 comments

  • kopauk mandalay

    August 31, 2010 at 3:57 pm

    တော်ပါပြီဗျာ အဲဒါတွေက ဈေးကြီးလို့ မတတ်နိုင်ပါဘူး။
    ဗမာပီပီသင်ဖျူးဖျာလေးခင်း လေတဖြူးဖြူးတိုက်နေတဲ့နေရာလေးမှာ မှို့ခေါင်းအုံးလေးချပြီးကျောခင်းလို်က်ချင်ပါတယ်နော်။
    တွေးကြည့်တာနဲ့တင်အတော်ဇိမ်ရှိသွားတယ်ဗျ။

    Reply

  • Gong Zhu

    September 16, 2010 at 4:13 pm

    လူသားအရေပြား အိပ်ရာခင်းလား ကြောက်ပါတယ် ။ ။ ။ ည ဘက်အဲ့ဒါကြီးကို သရဲ မှတ်လို့ လန့်ပြီး လိပ်ပြာလွင့်သွားဦးမယ် ။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.