Holland ဒေသ Giethoorn မြို့
ခရီးသွားများ – ရေကြောင်းကို သာ အသုံးပြုတဲ့ လမ်းများသာ ရှိတဲ့ Holland ဒေသ Giethoorn မြို့ သို့ ဦးတည် ခရီးဆက်ခြင်း
Holland ဒေသ Giethoorn မြို့ ဟာ ပုံပြင်စာအုပ်တွေထဲက မြို့လေး တစ်မြို့ ဆို မမှားပါဘူး။ တစ်နည်းအားဖြင့် ဒီမြို့လေး မှာ ကားလမ်း ဆိုတာမရှိပါဘူး။ အဲဒီအစား မြို့တစ်ခုလုံးကို ချစ်စရာကောင်းပြီးစွန်းမိုက်တဲ့ ရေကြောင်း လမ်းကို သာ အသုံးပြုပြီး ဆက်သွယ်ထားတာပါ။ လူဦးရေ ၂၆၀ဝသာ ရှိတဲ့ဒီလှပတဲ့ နေရာလေးဟာ ပုံပြင်စာအုပ်တွေထဲမှာ ဇာတ်လမ်းတည်နေရာ အဖြစ်ပိုပြီး ဖော်ပြခြင်းခံရတဲ့ တိုင်အောင်ခရီးသွား လာရောက်လည်ပတ်မှုတော့ နည်းပါတယ်။
Giethoorn မြို့လေးကို နေ့ခင်းဘက် သွားလည်ရုံသာဆိုရင် သက်တောင့်သက်သာနဲ့ ရှုခင်းအားလုံးနှံ့စပ်အောင် ခြေလျင် သွားကြည့်နိုင်ဖို့ လူသွားစင်္ကြန်တွေ လည်း ပြုလုပ်ထားပါတယ်။ ပြောကြတာကတော့ စာပို့သမားတောင်လှေနဲ့ စာအသွားအပြန် လိုက်ပို့ တယ်တဲ့။ ဒီမြို့လေးကို ဒတ်ချ်နိုင်ငံရဲ့ ဗန်းနစ်မြို့လေး(Dutch Venice) လို့တောင် တင်စားကြပါတယ်။ ဘာကို ဆိုလိုတာလဲ ဆိုတာ အခုဖော်ပြပေးထားတဲ့ လူစုလူဝေးတွေ မရှိတဲ့တူးမြောင်းမြို့လေးရဲ့ ပုံလေးတွေကို ကြည့်ရင်သိပါလိမ့်မယ်။

Image Credit : Piotr ilowiecki / Flickr

Image Credit : Nemodus Photos / Flickr

Image Credit : Piotr ilowiecki / Flickr

Image Credit : Berk Knottenbeld / Flickr
Reference : www.travelandleisure.com

2 comments
Thint Aye Yeik
December 8, 2016 at 3:49 pm
ကိုယ့် အင်တာနက်လိုင်းကပဲ မကောင်းလို့လား မသိ…
ပုံတွေ… မမြင်ရ…
😆
သျှားသက်မာန်
December 9, 2016 at 1:03 pm
ပုံလေးတွေပါကြည့်ကြည့်ပါ………….စမ်းချောင်းလေးထဲမှာဘုတ်လေးတွေစီးပြီးသွားနေကြတာချစ်စရာလေးတွေ