Krabi ကို သွားလည်သင့်တဲ့ အကြောင်းရင်း ၁ဝ ခု

Mon LayDecember 7, 20161min04

ထိုင်းနိုင်ငံမှာ ရှိတဲ့ Krabi ကို သွားလည်ဖို့ အကြောင်းပြချက်ရှာနေပါသလား။

ထိုင်းနိုင်ငံ က လှပလွန်းတဲ့ Andaman ကမ်းခြေ Krabi ပြည်နယ် လေးဟာ သာယာလွန်းတာကြောင့် နိဗ္ဗာန်ဘုံလေးကို ရှာဖွေနေသူတွေ အဖို့ အရမ်းကို ပြီးပြည့်စုံတဲ့ နေရာလေးတစ်ခု ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ သဘာဝအလှနဲ့ မြို့ပြနဲ့ ဝေးတဲ့ ကမ်းခြေတွေမှာ သင့်စိတ်ကြိုက် အနားယူရင်းအပန်းပြေ လန်းဆန်းတက်ကြွတဲ့ အားလပ်ရက်တွေ ဖြစ်သွားမှာ အမှန်ပါပဲ။

၁။ သင့်စိတ်ကူးထဲက နိဗ္ဗာန်ဘုံလေး အကြောင်းစဉ်းစားလိုက်ရင် သင့် အမြင်အာရုံထဲ ဝင်လာတဲ့ ပုံရိပ်တွေဟာ Krabiက လှပတဲ့ ရှုခင်းတွေနဲ့ ထပ်တူကျပါလိမ့်မယ်။ စိမ်းလန်းပြီး စိုစွတ်လှပတဲ့ ပတ်ဝန်းကျင်၊ ကြည်လင်နေတဲ့ ရေပြာပြာလေး နဲ့ သဘာဝအလှ မပျက်စီးသေးတဲ့ ကမ်းခြေ တွေဟာ အမတန် လှပပါတယ်။ ဒီနေရာကို ရောက်လိုက်ရင်ဘဲ ပို့စကက်ဒ် ထဲကို ရောက်နေသလို ခံစားရမှာမို့လို့ ဓာတ်ပုံများများ ရိုက်ဖို့ကင်မရာ ယူခဲ့ဖို့ မမေ့နဲ့နော်။

၂။ Krabi ပြည်နယ်ဟာ သူ့ရဲ့စွဲဆောင်မှု ရှိလှတဲ့နေဝင်ချိန် နဲ့ စွန်းမိုက်တဲ့ မိုးတိမ်တောင် တွေ၊ လျှပ်စီးတွေ ကြောင့် ထင်ရှားလှပါတယ်။ ကမ်းခြေမှာ ထိုင်ပြီး အရက်ချိုနဲ့ အရက်ခါးစပ်ထားတဲ့ cocktail လေး သောက်၊ ညနေတိုင်း မိုးကုတ်စက်ဝိုင်းကို ဆေးခြယ်နေတဲ့ လှပတဲ့ လိမ္မော်ရောင်နဲ့ အဝါရောင် ကောင်းကင်ကြီး ကို ကြည့်ရင်း အနားယူရတာကလည်း စွန်းမိုက်တယ်။

Thailand_

၃။ အကယ်၍ ကမ်းခြေရှေ့က အဝတ်ပုခက် ကြီး ကနေ သင်ထလာနိုင်တယ်ဆိုရင် လှပတဲ့နိဗ္ဗာန်ဘုံလေး မှာ သင့်ကိုအပျင်းပြေစေမယ့် အရာတွေ အများကြီး ရှိပါသေးတယ်။ Railay ကမ်းခြေ မှာ ကျောက်တောင်တက်မလား။ Ko Phi Phi ကျွန်း မှာ ရေအောက် အသက်ရှူပိုက်ကို သုံးပြီး ရေငုပ်ရင်း ရေအောက်ကမာ္ဘကို ကြည့်မလား။ Ko Hong မှာရှိတဲ့ Emerald Lagoon လို့ခေါ်တဲ့ကျောက်ဆောင်တွေကြားထဲကဒီရေတက်မှ ဝင်လို့ရတဲ့ မြစိမ်းရောင် ထုံးကျောက်ရေအိုင်လေးထဲ မှာ ကယက်လှေ စီးမလား။ ဘာပဲလုပ်လုပ်သင် စွန်းပျော်မယ်ဆိုတာ သေချာပါတယ်။

၄။ကမာ္ဘပေါ်ကသက်တမ်းအရင့်ဆုံးအပူပိုင်းအမြဲစိမ်းမိုးသစ်တောရှိတဲ့KhaoSok အမျိုးသားဥယျာဉ် မှာတော့တောင်ကြားတွေရေကန်တွေ ဂူတွေနဲ့ sun bear လို့ခေါ်တဲ့ အရှေေ့တာင်အာရှ အပူပိုင်းဒေသတွေ မှာ တွေ့ရတတ်တဲ့ ဝက်ဝံ၊ ကြံ့သူတော်စတဲ့ တောရိုင်းတိရစာ္ဆန်တွေ  ရှိနေပါတယ်။

Thailand

၅။ ၂၀၀၈ ခုနှစ်ကမှ လျှပ်စစ်မီးရတဲ့ ဆိတ်ငြိမ်လှတဲ့ Koh Jum ကျွန်းကိုလည်း နေ့ချင်းပြန် ခရီးသွားလိုက်ပါ။ Krabi က နေ ferry boat စီးပြီး သွားနိုင်ပါတယ်။ ကျွန်းပေါ်ရောက်ရင်တော့ scooterလို့ခေါ်တဲ့ ဘီးသေးသေး မော်တော်ဆိုင်ကယ်လေးငှားပြီး တစ်မူထူးခြားတဲ့ ရွာလေးတွေနဲ့ သာယာလှပတဲ့ ဒီကျွန်းလေးရဲ့ ကမ်းခြေလေးတွေကို ပတ်ကြည့်လိုက်ဦးနော်။ပြီးရင်ဈေးချိုပြီး အရသာရှိ လှတဲ့ဒေသစာလေးတွေ စားဖို့တည်းခိုခန်းမှာ ခဏဝင်နားလိုက်ပါနော်။

၆။The Beach ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့တဲ့ နေရာ ဖြစ်တဲ့ စိမ်းစိုလှပတဲ့ Koh Phi Phi ကျွန်းလေးကို သွားလည်ဖို့ ferry boat အပြေးလေးစီးလိုက်ပါ။ အမြီးရှည်တဲ့ ရိုးရာလှေလေး နဲ့ အနားက ကျွန်းတွေကို လည်ပတ်ကြည့်ခဲ့ဦးနော်။ ရေအောက်အသက်ရှူပိုက်ကို သုံးပြီး ရေငုပ်ရင်း ရေအောက်ကမာ္ဘကို စူးစမ်းလေ့လာကြည့်ပါ။ ဒါမှမဟုတ် လှပတဲ့ ပတ်ဝန်းကျင် ကို ငေးမောခံစားရင်း The Beach ရုပ်ရှင်ထဲ က မင်းသား Leonardo di Caprio ရဲ့ အမူအရာအတိုင်း လိုက်လုပ်လို့ရတယ်နော်။

Thailand

၇။ Krabiမှာ လာရောက်သူတိုင်း နှစ်သက်သဘောကျတဲ့ ကမ်းခြေနဲ့အတူ သင့်အချိန်ကုန်ဆုံးနိုင်မဲ့ စွန်းလှပြီးကျယ်ပြောတဲ့ ကမ်းရိုးတန်း လည်းရှိပါတယ်။သင်အနားယူနေစဉ် ကျွန်းတွေရဲ့ မြင်ကွင်းကို ကြည့်ရှုခံစားချင်ပါသလား။ ရေအောက်ကို စူးစမ်းလေ့လာရတာ သင့်ဝါသနာ ဖြစ်ပါသလား။သင်ဘာကိုပဲအလိုရှိရှိ Krabiပြည်နယ်မှာအကုန် ရှိပါတယ်။

၈။ ထိုင်းနိုင်ငံဟာ သူ့ရဲ့ ဈေးချိုပြီး အရသာရှိလှတဲ့ အစားအစာတွေကြောင့် လူသိများပါတယ်။ လတ်ဆတ်ပြီး အနံ့ အရသာ နဲ့ ပြည့်စုံတဲ့ အစားအစာတွေဟာ သင့်ရဲ့ အစားစားချင်စိတ်ကို နှိုးဆွပေးမှာ အသေချာပါဘဲ။ Krabi မြို့ထဲက လမ်းဘေးဆိုင်တန်းတွေ က ဒေသစာ အချို့လည်း မြည်းစမ်းကြည့်လိုက်ပါဦး။ ဒါမှမဟုတ် ပင်လယ်ကို ကြည့်ရင်း ညစာစားချင်ရင်တော့ ကမ်းခြေက စားသောက်ဆိုင်တွေ မှာ စားနိုင်ပါတယ်နော်။

thailand-thai-phuket-city-town-night-market-candid-people-food-skewers-photo

၉။ ကမ်းခြေကနေ ခဏထွက်ပြီး Krabi ပြည်နယ် ရဲ့ ကြွယ်ဝချမ်းသာတဲ့ ယဉ်ကျေးမှု တွေကို လေ့လာကြည့်ခဲ့ဖို့လည်း မမေ့နဲ့နော်။ ဘုရားကျောင်းတွေ၊ သမိုင်းဝင် အဆောက်အဦတွေ၊ ဆင်စခန်းတွေ၊ ညဈေးတွေနဲ့ ရေပေါ်ရွာတွေ ဟာ သွားလာရ လွယ်ကူတဲ့နေရာမှာ တင်ရှိပြီး သင့်ကိုအမြဲတမ်း အမှတ်ရနေစေမယ့် အတွေ့အကြုံမျိုးတွေပေးစွမ်းနိုင်မှာပါ။

၁၀။ပိုက်ဆံနည်းနည်းနဲ့တင် လျှောက်လည်နိုင်တဲ့ထိုင်းနိုင်ငံလို လှပပြီး အလွယ်တကူ သွားရောက်နိုင်တဲ့ နေရာ ကမာ္ဘပေါ်မှာ နည်းနည်းပဲ ရှိပါတယ်။ ဇိမ်ခံတည်းခိုစရာ နေရာတွေ၊ ပြိုင်ဘက်ကင်းတဲ့ ရှုခင်းတွေနဲ့ မယုံနိုင်လောက်အောင် ကောင်းတဲ့ ဧည့်ဝတ်ကျေပွန်မှုတွေဟာ ကမာ္ဘပေါ်ကတခြားနေရာတွေ အားလုံးနီးပါးမှာပေးရတဲ့ ပိုက်ဆံရဲ့အလွန်သေးငယ်တဲ့ ပမာဏလောက်နဲ့တင် ရနိုင်ပါတယ်။

d12c580767f4c3e99993020087b7a8ad

 

Reference : www.idealmagazine.co.uk
Image Credit : www.idealmagazine.co.uk

4 comments

  • Thint Aye Yeik

    December 8, 2016 at 11:45 am

    .အောက်ဆုံးက ပုံက… အိနိ္ဒယပြည်က ပုံလေး အဆစ်ထည့်ပေးထားတာလားငင်
    :k:

    Reply

  • သျှားသက်မာန်

    December 8, 2016 at 11:49 am

    အဲမှာလည်းအဲလိုအဆောက်အအုံတွေရှိပါတယ်…

    Reply

  • သျှားသက်မာန်

    December 8, 2016 at 11:52 am

    တစ်ကမ္ဘာလုံးမှာဘလီမရှိတဲ့နေရာမရှိသလိုပါပဲ

    Reply

  • ကျော်လွင်ဖြိုး

    December 13, 2016 at 3:56 pm

    ရန်ကုန်ကနေ ဆို direct flight ရှိလားဗျ။
    မရှိရင် ဘယ်နား က ပြောင်းစီး ရလဲ။

    Reply

Leave a Reply to ကျော်လွင်ဖြိုး Cancel Reply

Your email address will not be published.