” အပူနဲ့လူ”

“အပူ နဲ့လူ ”

 

လောကမှာ

လူ

မှန်သ၍

အပူ

မကင်း

အပူတွင်းမှာ

နေကြရသူ။

 

သို့သော်

ပူတာခြင်း

အတူတူ

ခံယူပုံခြင်းတော့

မတူ။

မတူ။

 

အချို့ကတော့

အပူမရှိ

အပူရှာ

ဒုက္ခဝယ်တဲ့သူ။

 

အချို့ကတော့

သူများအပူ

ကိုယ့်အပူ

တကယ့်ကို

အူတူတူ။

 

အချို့ကတော့

အရေထူ

ဘာလာလာ

မပူရေးချမပူ။

 

အချို့ကတော့

အပူလာ တာနဲ့

သောကဆူ

ဗျာများလို့နေသူ။

 

အပူ အပူ

သူ့လဲပူ

ငါ့လဲပူ

ဟိုလဲပူ

ဒီလဲပူ

လူမှန်သမျှ

ပူ။

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

၂၀၁၁၁၆

 

 

2 comments

  • aye.kk

    December 6, 2016 at 7:31 pm

    ပူတာတော်သေးတယ်
    ကိသမီးလောင်ခံရတာပိုဆိုး။

    Reply

  • Thint Aye Yeik

    December 15, 2016 at 5:17 pm

    အဲ့အပူတွေက အပူငြိမ်းဆေး သောက်လည်း…မပျောက်….
    :k:

    Reply

Leave a Reply

Your email address will not be published.