ဂျဗားကျွန်းရှိ သစ်ပင် လူသားခွဲစိတ်ကုသမှု ထပ်မံပြုလုပ်ရအုံးမည်

cobraAugust 30, 20101min02

ဂျဗားကျွန်းရှိ သစ်ပင်လူသားမခွဲစိတ်ရသေးခင်က သူ၏ ကလေးငယ်နှင့် အတူ

ခန္တာကိုယ်တွင် သစ်ပင်သဖွယ် သစ်ခေါက် ၊သစ်ကိုင်းများထွက် နေသည့် သစ်ပင်လူသား
(Tree Man )မှ ခွဲစိတ်ကုသမှု နောက်တစ်ကြိမ်ခံယူရ အုံးမည် ဟု အင်ဒို တိုင်းမ် သတင်း
စာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှား နိုင်ငံ ဂျဗားကျွန်းရှိ ဘန်ဒေါင်းရွာတွင် နေထိုင်သော အသက်၃ရ နှစ်အရွယ်ရှိ
ဒီဒီ ကိုဝါရာမှာ ၂၀၀၈ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ ့က တစ်ကြိမ် ခွဲစိတ်ကုသခံရပြီး ယခု
တစ်ခါ ထပ်မံကုသခံရခြင်းဖြစ်သည်။

HPV ဗိုင်းရပ်စကြောင့် ခန္တာကိုယ်တွင် ထိုကဲ့သို ့သစ်ခက်များထွက်ရှိလာခြင်းဖြစ်သည်။

အိမ်ထောင်ရှိပြီး ကလေး နှစ်ဦးရှိသည့် ကိုဝါရာမှာ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန် ့မှ စ၍ ခန္တာကိုယ်တွင်
ထိုကဲ့သို ့သစ်ပင် သဖွယ် သစ်ခေါက်များ ထွက်ရှိလာခြင်း ဖြစ်သည်။သူ ့အားနှစ်ခါ သွားရောက်
အမေရိကန် အရေပြားပညာရှင် ဒေါက်တာ အန်ထော်နီ ဂတ်စပါရီက ထိုရောဂါမှာ အရေပြား
ရောဂါ တစ်မျိုးဖြစ် ပြီး HPV ဟု ခေါ်သည့် Human Papillomavirus ကြောင့် ဖြစ်သည် ဟု
ဆိုသည်။သူ၏ ရောဂါမှာ ဝက်ခြံ၊တင်းတိပ် မျိုးနွယ် ရောဂါ တစ်မျိုးပင် ဖြစ်သည်။

သူ ့ခန္တာကိုယ်ရှိ သစ်ဖုများမှာ သုံးလက်မခန် ့အရှည်ရှိပြီး ခြေထောက် နှင့် လက် တို ့တွင် အများဆုံး
ဖြစ်သည်။သူ ့လိုရောဂါ မျိုးကိုတရုတ် နှင့် ရိုးမေးနီးယား နိုင်ငံသား တစ်ယောက် ဖြစ်ပွားခဲ့ဖူးသည်။

2 comments

  • မန်း ရိပ်

    August 30, 2010 at 11:40 am

    သိပ်ထူးဆန်းတဲ့ ရောဂါပဲနော်

    Reply

  • winne

    August 30, 2010 at 12:10 pm

    ပုံလေး တင်ပေးနိုင်ရင်ကောင်းမယ် အဲဒီပုံတွေကိုတော့ တခြားမှာ မြင်ဘူးတယ်

    Reply

Leave a Reply

Your email address will not be published.