ရင်ဖွင့်ချင်လို့ပါ

SawAungJuly 15, 20161min012

ရင်ဖွင့်ချင်လို့

 

ဖေ့ဘုတ်မှာတော့ အလုပ်အကြောင်းတွေကို မတင်တတ်ပါဘူး။ ပျော်ပျော်ပဲသုံးချင်လို့ပါ။ ရွာထဲမှာတော့ ရင်လာဖွင့်တာပါ။

အလုပ်မှာပေါ့ ရုပ်ရှင်ပရိုဂရမ်လေး မိန်းစပွန်ဆာ နှစ်ခုတောင်ရတော့ အောင်မြင်တယ်ပေါ့

အဲ့လိုနဲ့ ပရိုဂရမ်တွေ ထပ်လိုတယ် ဟင်းချက်ပရိုဂရမ် လုပ်ပါ လုပ်ပါနဲ့ လူကြီးတစ်ယောက်က ပြောလာပါရော။

လူကြီးက မိန်းမပါ။ သူ့အထက်မှာတော့ ဖော်ရိန်နာတစ်ယောက်ရှိပါတယ်။  သူက ကျတော့်ကို တတွတ်တွတ်ပြောပါတယ်။

နင် ဟင်းချက်ပရိုဂရမ်ကို အကောင်အထည်မြန်မြန်ဖော် တကယ်လို့ ဟင်းချက်ပရိုဂရမ်သာ ရုပ်ရှင်ပရိုဂရမ်လို စပွန်ဆာရရင်

နင့်ကို အိုင်ဖုန်းဝယ်ပေးမယ် ခဏခဏပြောတယ်။ တစ်ရုံးလုံးလည်းသိတယ်။ ခု ဟင်းချက်ပရိုဂရမ်ကို အကောင်အထည်ဖော်

လိုက်တယ်လေ။ စပွန်ဆာချည်းပဲ သုံးခုတောင်ရနေပြီ Air ပေါ်တက်မှာက ဩဂုတ်မှပါ။ အခုထက်ထိတော့ ဖုန်းနဲ့ ပတ်သက်တာ

တစ်လုံးတောင်မကြားရသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူကတိပေးထား  ပြောထားတော့ မျှော်မိတယ်။ သူ့ကို ဖုန်းမဝယ်ပေးဘူး

လား မေးဖို့ကျလည်း ရှက်တယ်။ တွေးကြည့်ပြီး စိတ်မကောင်းဖြစ်မိလို့ ရွာထဲ လာရင်ဖွင့်တာပါ။

 

လေးစားစွာဖြင့်

အောင်မိုးသူ

12 comments

  • ကိုယ့်အောင်မြင်မှုက ဖုန်းထက်အဆများစွာ သာတာပဲ . . . စိတ်မကောင်းဖြစ်နေမယ့်အစား ထပ်အောင်မြင်ဖို့ စိတ်နှစ်ထားလိုက်ပါ

    Reply

      • nicolus agral

        July 15, 2016 at 7:00 pm

        ရစရာရှိတာတော့ ရအောင်သာတောင်း

        Reply

  • ဂျစ်စူ

    July 15, 2016 at 9:15 pm

    လက်တို့တောင်းရင် ရှက်ဖို့ကောင်းတယ်
    စိုက်ကြည့်ရင် အလိုက်သိလို့ ပြောဘလိုက်

    Reply

  • မြစပဲရိုး

    July 16, 2016 at 5:13 pm

    ပါးစပ်က နေ အလွယ်ပြောတတ် ပြီး မေ့သွားတတ်တဲ့ သူ တွေ လောကထဲ အများကြီး ရှိပါရောလား မောင်အောင်။
    သက်သေစာ လိုမျိုး မရှိလို့ ကတော့ တရားဝင်တောင်းဖို့ ခက်သား။

    ဒါပေမဲ့ ” မောင်နကလအဂ” ပြောသလို ရစရာ ကို စကားစပြီး တောင်းပေါ့။
    အီးမေးလို ပို့ ပြီး အစ်မ ကျွန်တော့ ပရိုဂရမ် ကို feedback ပေးပါ ပြော။
    ဟိုက အကောင်း feedback ပြန်ပေး ရင် “ကျေးဇူးပါ လို့ ပြောပြီး အစ်မ ကျွန်တော့ ကို ဟင်းချက်ပရိုဂရမ် အလုပ်ဖြစ်ရင် အိုင်ဖုန်းဝယ်ပေးမယ် ပြောထားတာ တကယ်ပေးမှာလား လို့ မေးပေါ့။”
    ဟိုက သဘောရိုး မေ့နေတာဆို ပေးလိမ့်မယ်။
    မသိခြင် ထောင် ဆက်ထောင် နေတာ ဆို ရွှီးမမ တွေထဲ က တစ်ယောက် လို့ သာ မှတ်လိုက်။
    သို့ပေမဲ့ အဲဒီအပေါ်မှာ ဘာမှ မခံစားဘဲ ၊ သူ့ ကိုလဲ စိတ်ထဲ အဖု အထစ် မထားဘဲ ကိုယ့်အလုပ် ကိုသာ ကြိုးစားပြီး ပိုအောင်မြင်အောင် လုပ်ပါ။
    လုံမ ပြောသလိုပေါ့။
    စေတနာ ဆိုတာ အမြဲ နောက် က ကောင်းကျိုး လိုက်လာတာ ကို ယုံပါ။
    အနည်းဆုံးတော့ သူ့ တိုက်တွန်းမှု နဲ့ မင်း မှာ အဆင့် တစ်ဆင့် မြင့်သွားတာ ကို မြင်နိုင်ပါတယ် မဟုတ်လား။
    မင်းက တောင် မုန့်ပြန်ဝယ်ကျွေးသင့်သလားဘဲ။
    ဒီတော့ မုန့်ဝယ်ကျွေးပြီး မောင်စိန်ပေါက် ပြောသလိုအတင်းသာစိုက်ကြည့် ပေတော့။
    :-))) jk 😉

    Reply

    • အောင် မိုးသူ

      July 18, 2016 at 1:13 pm

      တစ်နေ့က သေချာမေးလိုက်တယ်။ သူက ရူးချင်ယောင်ဆောင်ပြီး ဝယ်ပေးချင်တာပေါ့ ပိုက်ဆံမရှိလို့ ဘာလို့ပြောတယ်။ သူဘယ်လောက်ရတာ သိတယ်လေ။ ထပ်ပြိးတော့ မပြောချင်တော့ပါဘူး။ ခဏ ခဏပြောတော့ ကိုယ့်ကိုယ်ကိုတောင်ရှက်ပါတယ်။ တစ်ရုံးလုံးအသိဆိုတော့ သူရှက်လိမ့်မယ်။ ဟန်းဆက်လည်း မလိုချင်တော့ဘူး။ တောင်းလည်း မတောင်းတော့ပါဘူး။

      Reply

  • တောတွင်းပျော်

    July 16, 2016 at 8:34 pm

    ဟိုက ရွှီးမမသာဆို
    ပရိုဂရမ်အောင်မြင်သွားရင်
    ရုံးမှာ ကိုယ် ့အချင်းချင်း
    ဒီ ပရိုဂရမ်ကို
    အိုင်ဖုန်းပရိုဂရမ်လို ့ သူမကြားတကြား ပြောင်းခေါ်ခိုင်းလိုက်။
    ကိုယ်တိုင်တော ့ မပြောနဲ ့ပေါ ့။

    Reply

    • အောင် မိုးသူ

      July 18, 2016 at 1:15 pm

      ရုံးကလူတွေကတော့ ဖွပေးပါတယ်။ ပရိုဂျူဆာကြီး အိုင်ဖုန်းဘယ်မှာလဲ တို့ဘာတို့။ ကိုတောမပြောသလို သူမကြားတကြား အိုင်ဖုန်းပရိုဂရမ်လို့ ပြောရမယ်။ အောင်မြင်တာတော့မသိဘူး အခု စပွန်ဆာ သုံးခုရနေပြီ။

      Reply

  • ဦးကြောင်ကြီး

    July 17, 2016 at 1:34 am

    ebay မှာ တင်ထားတာ၊ နိကို သူက ဘယ်လိုအိုင်ဖုံးမ ျိုး ဝယ်ပေးမယ် ပြောမထားဘူး မှက်ထည်။ ဒါထက်ပေါသာရဲ ရှိတယ်။။ နီ ဝက်သားဘေသော့ … ငှိ ငှိ။။။

    Apple iPhone 4 3G Smartphone (Verizon) 8GB 16GB 32GB, Black White,GOOD CONDITION

    $39.95
    Buy It Now
    Free shipping

    Reply

  • kai

    July 17, 2016 at 3:54 pm

    တောင်းရမှာ ကိုယ့်တာဝန်ပါ..။
    ပေး..မပေးက သူ့တာဝန်..။
    တာဝန်ထမ်းဆောင်စေ..။

    Reply

  • အောင် မိုးသူ

    July 18, 2016 at 1:38 pm

    တစ်နေ့က သေချာမေးလိုက်တယ်။ သူက ရူးချင်ယောင်ဆောင်ပြီး ဝယ်ပေးချင်တာပေါ့ ပိုက်ဆံမရှိလို့ ဘာလို့ပြောတယ်။ သူဘယ်လောက်ရတာ သိတယ်လေ။ ထပ်ပြိးတော့ မပြောချင်တော့ပါဘူး။ ခဏ ခဏပြောတော့ ကိုယ့်ကိုယ်ကိုတောင်ရှက်ပါတယ်။ တစ်ရုံးလုံးအသိဆိုတော့ သူရှက်လိမ့်မယ်။ ဟန်းဆက်လည်း မလိုချင်တော့ဘူး။ တောင်းလည်း မတောင်းတော့ပါဘူး။

    Reply

  • Ma Ei

    July 22, 2016 at 12:07 pm

    .အဲ့လိုလဲ ရှိတာပဲလား…
    .သတိပေးပြီးရင်တော့ ကျန်တာ သူ့အပိုင်းလေ….
    .ပေးမယ်ပြောထားတာတော့ လိုချင်တာ အပြစ်မဟုတ်ပါဘူး ကိုယ်ကရှက်ရမှာမှ မဟုတ်တာ
    .မေ့ထားလိုက်နော်
    .ပေးရင်တော့ ယူလိုက်ပါ

    Reply

Leave a Reply

Your email address will not be published.