ကျနော့်အမြင် (ဒါန)

nicolus agralJuly 13, 20161min08

ကျနော့်အမြင်ပါလေ

လတ်တလောတော့ ဘာသာရေးတွေဟော့နေတာပဲ
ကျနော်က ဗုဒ္ဓဘာသာပါ ဒါပေမဲ့ အေသီးရစ်ဘက်ပိုယိမ်းမယ်တော့ထင်ပါတယ်
ဗုဒ္ဓဘညသာကို ကိုးကွယ်စရာဘာသာရေးဆိုတာထက် လိုက်နာကျင့်သုူံရမည့် Life style တခုလို့မြင်ပါတယ်
ဗုဒ္ဓဘာသာဝင်တွေရဲ့ရည်မှန်းချက်က နိဗ္ဗန်ပေါ့နော
သွားရမယ့် လမ်းစဉ်က ဒါန သီလ ဘာဝနာပေါ့

ဒါန
လှုတန်းတာပေါ့
တပါးသူလိုအပ်နေတဲ့အရာကို ထိုသူအဆင်ပြေပါစေ ဆိုတဲ့စေတနာနဲ့
အဲဒီမှာ အကြောင်း အကျိုးတရားကဝင်လာရော
လှူတမ်းရတဲ့ အကျိုးကြောင့် ဘလာဘလာဘလာပေါ့လေ
အကျိုးပေးမှာက ညီမျှခြင်းရှိပြန်တယ်
အလှူခံသူ x လှူဖွယ်ပစ္စည်း x စေတနာသဒ္ဒါတရား = အကျိုးပေး
အလှူခံသူမြင့်မြတ်လေလေ အကျိုးပေးကောင်းလေလေ
လှူဖွယ်ပစ္စည်း စင်ကြယ်လေလေ အကျိုးပေးကောင်းလေလေ
စေတနာသဒ္ဒါကောင်းမွန်မှန်ကန်လေလေ အကျိုးပေးကောင်းလေလေပေါ့

မြန်မာတွေအလှူအတန်းရက်ရောတယ်ပြောပါတယ် ကမ္ဘာမှာပထမတန်းပဲ
တပါးသူလိုအပ်နေတဲ့အရာကို ထိုသူအဆင်ပြေပါစေဆိုတဲ့ မှန်ကန်တဲ့စေတနာ နဲ့လှူတာများလား
ကိုယ်ပြန်ရမဲ့ အကျိုးပေးကိုလိုချင်လို့လှူတာများလား
ကိုယ့်အကျိုးပေးကိုကြည့်လှူတာပဲများပါတယ်

အကျိုးပေးဆိုရာမှာလဲ
အလှူခံသူရဲ့မြင့်မြတ်မှုရယ်
လှူဖွယ်ပစ္စည်းစင်ကြယ်မှုရယ်
စေတနာသဒ္ဒါတရားရယ် ဘယ်ဟာအလေးထားလဲ
အလှူခံသူလောက် အလေးထားတာများပါတယ်
လှူဖွယ်ပစ္စည်းစင်ကြယ်မှုဆိုတာ လုံးဝအလေးမထား
စေတနာမမှန်

အိုဘယ့်ဗုဒ္ဓဘာသာရွှေမြန်မာ

ဆက်ရန်…

8 comments

  • ဝင့်ပြုံးမြင့်

    July 14, 2016 at 12:30 am

    ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် ရမယ့်ကုသိုလ်ကိုမျှော်ပြီး လှူတာတော်သေးတယ်။ လုံးဝမလှူတာ အဆိုးဆုံး။ မရှိလို့ မလှူတာက မှန်ပါတယ်။ ဒါပေမယ့် တအားချမ်းသာတဲ့ လူတွေ လုံးဝမလှူတာ ရှိတယ်။ သိပ်ပြီး သွေးအေးတယ်။ အဲဒါတွေ ပိုဆိုးသေး

    Reply

  • .တပါးသူလိုအပ်နေတဲ့အရာကို ထိုသူအဆင်ပြေပါစေ ဆိုတဲ့စေတနာနဲ့လှူ ပါတယ်
    .တပါးသူအဆင်ပြေသွားတာကြည့်ပြီး ပီတိကိုပဲခံစားပါတယ်
    .ပြန်ရချင်ရနိုင်တဲ့ ကုသိုလ်ကိုမျှော်ပြီး ဘယ်တော့မှမလှူပါ

    Reply

  • အောင် မိုးသူ

    July 15, 2016 at 12:03 pm

    ကျတော်ကတော့ လှူတယ်ဆိုကတည်းက ယတိပြတ်လှူတယ်။ ကျောင်းကန်ဘုန်းကြီးတွေမှ မဟုတ်ဘူး။ အခြားသူ လိုအပ်နေတာကို ဖြည့်ဆည်းပေးတာလည်း အလှူမြောက်ပါတယ်။

    Reply

  • kai

    July 15, 2016 at 1:55 pm

    နောက်ဆို.. ဘိန်းသမားကို.. ဘိန်းများများရှုလို့ရအောင်.. စေတနာ၃တန်ပြဌာန်းပြီး.. ဘိန်းလှူကြနော်..
    အော်…
    ကလေးတွေကိုလည်း… ကာမသုခစောစောခံစားလို့ရအောင်… အပြာစာအုပ်တွေလှူ.. ကြားလား…
    ယတိပြတ်လှူ…။ :k:

    Reply

    • အောင် မိုးသူ

      July 15, 2016 at 2:00 pm

      ကျတော်ပြောတာ အာ့နဲ့ မဆိုင်ပါဘူး။ သူဂျီးက တခြားကို လွဲပြီးတွေးတယ်နော် တကယ်ပဲ။

      Reply

    • nicolus agral

      July 15, 2016 at 6:49 pm

      need vs want

      Reply

      • nicolus agral

        July 15, 2016 at 6:54 pm

        သဂျီးစုတ် need vs want ကိုစကားလာကပ်နေတယ်

        maslow မှာတော့ sex ကို breathing, water, food တို့နဲ့ တတန်းတည်းထားသဗျ physiology need ဆိုပြီးတော့

        Reply

  • မမချွိ

    July 20, 2016 at 10:20 am

    အို။
    အလှူပေးသူလည်းမမြဲ
    အလှူပစ္စည်းလည်းမမြဲ
    အလှူခံသူလည်း မမြဲ ဆိုတာနဲ့ စိတ်မှာ ထားပြီး လုပ်ရမတဲ့။

    :k:

    Reply

Leave a Reply

Your email address will not be published.