“ဘဝ ခရီးသွား “

“ဘဝခရီးသွား”

IMG_7075

လှေလေးတစ်စီးနဲ့

ခရီးအသွားမှာ

တခဏအတွက်

နေရာ

ရ သူရ

မရသူ  မရ

ထသူ ထ

ထိုင်သူ ထိုင်

ရပ်သူ ရပ်

စောင့်သူ  စောင့်

အလှည့်နီးသူ နီး

အလှည့်ဝေးသူ ဝေး

ငေးသူ ငေး

မျှော်သူ မျှော်

တစ်ချိန်တော့

လိုရာရောက်မယ်ဆိုတဲ့

မျှော်လင့်ချက်

ကိုယ်စီ နဲ့ပေါ့။

 

လူ့ဘဝ ဆိုတာ

မရေရာခြင်းတွေကို

ယုံစား

အချိန်များကို

အရင်းအနှီးလုပ်

မသေချာတဲ့

မရေရာခြင်းတွေကို

လောင်းကြေးထပ်

ရပ်တန့်မရနိုင်တဲ့

အိပ်မက်တွေကို

အဖော်ပြုရင်း

တစထက် တစ

လုံးပါး ပါး

အစားထိုးမရတဲ့

နုပျိုခြင်းတွေကို

မသိမသာ

ချန်ထား

အဆုံးသတ်မှာ

ဘာမှမကျန်

ဗလာချန်ထားခဲ့ရတာလေ။

 

 

ဟုတ်တယ်ဟုတ်။

 

 

ကိုပေါက်လက်ဆောင် အတွေးစဉ်

၇၇၁၆

 

7 comments

  • မြစပဲရိုး

    July 9, 2016 at 4:09 pm

    ကျွန်မ အဒေါ်ဝမ်းကွဲ တစ်ယောတ် အဲဒီလို လှေ အတက် မှာ ချော်ကျပြီး ရေတိမ်နစ် သွားခဲ့တာ။

    Reply

    • ဒီရေကတော့သိပ်မနက်ဘူး
      ဒါပေမယ့် ရေတစ်ပေလောက်နဲ့
      သေသွားတာကြားဘူးတယ်
      ကိုလတ်ကြီး

      Reply

  • Thint Aye Yeik

    July 12, 2016 at 2:27 pm

    အဲဒါ စွန်ရဲအင်းလား…လေးပေါက်။
    အင်းလေး ကန်လိုမျိုး… ဘေးပတ်လည်မှာ တောင်တန်းကြီးတွေ ရှိနေတာပဲလား။

    Reply

  • Shar Thet Man

    November 1, 2017 at 10:19 am

    ဓါတ်ပုံထဲမှာ မိန်းမတစ်ယောက်ပုံကကုန်းကွကွနဲ့ ရယ်ရတယ်နော် ဟဟ

    Reply

Leave a Reply

Your email address will not be published.