Business Communication နှင့်ပတ်သက်သော လုပ်ငန်းရှင်များသိသင့်သော လေ့လာထားသည့်အကြောင့်းအရာများ

CuperAugust 29, 20101min00

အလုပ်တစ်ခုအား စလုပ်ပြီဆိုရင်တော့ communication ဟာ အရေးပါသော အရာဖြစ်ပါတယ်။ Communication ဆိုတာကတော့ အရာရာတိုင်းမှာ အလွန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လောကကြီးမှာ လူတိုင်းက တစ်ယောက်ထဲ နေထိုင်နိုင်စွမ်းမရှိကြပါ။ ရှိသူများသည်လဲ business မလုပ်ကြသောကြောင့်ဖြစ်ပါသည်။ အများစုအောင်မြင်နေသော လုပ်ငန်းရှင်အများစုသည် communication အလွန်ကောင်းကြသူမျာ ဖြစ်ကြသည်။ ယခုခေတ်တွင် ပိုပြီး တွင်ကျယ်လာပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် communication သည် တစ်ကမာ္ဘလုံးတွင် နှစ်သက်ရာတစ်နေရာမှ တစ်နေရာသို့ လွယ်ကူစွာ communicate လုပ်နိုင်လာပြီဖြစ်သောကြောင့်ပင်တည်း။ အကြောင်းမူကား internet သည် ကမာ္ဘ အနှံ့တွင် တွင်ကျယ်လာသောကြောင့်ဖြစ်သည်။

communication ကို အစကတည်းက ကောင်းအောင် ပြုလုပ်ထားပါက ကောင်းကျိုးများစွာရှိနိုင်သည်။ ဥပမာ အားဖြင့် -လူအများစုသည် မိမိနှင့် communicate လုပ်ထားသူ (သိနေသူ) ကိုသာ ဦးစားပေးပြီး သတင်းများ ဖြန့်ခြင်းသည် သဘာဝသာဖြစ်သည်။ ထို့ကြောင့် ထိုသူများ ရရှိလာသော သတင်းများကို ပထမဦးစွာ သူနှင့် ဆက်စပ်နေသူ သိနေသူများကိုသာ ပေးဝေကြသည်။ ထို့ကြောင့် သတင်းများကို လျှင်မြန်စွာရရှိနိုင်သည်။ ထိုအရာသည် business အတွက် communication မှ ရလာသော ကောင်းကျိုးတစ်ရပ်ပင် ဖြစ်သည်။ ထို့အပြင် မိမိ၏ လုပ်ငန်းနှင့် ပက်သတ်နေသော တိုးမြင့်နိုင်သည့် အရာများသည်လဲ communication ကောင်းမှသာ ဦးစွာ သိရှိနိုင်မည် ဖြစ်သည်။

Leave a Reply

Your email address will not be published.