Happy Birthday to our Lady

မွေးနေ့မင်္ဂလာ ရက်မြတ် မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များနှင့် ပြည့်စုံပြီး လိုရာဆန္ဒများ ပြည့်ဝပါစေ။
တိုင်းသူပြည်သား အကျိုးစီးပွါး အတွက် စိတ်သွားတိုင်း ကိုယ်ပါ ဖြည့်တင်း ဆောင်ရွက် ပေးနိုင်ပါစေ။
We all love you so much our beloved Lady!
Lady BD

12 comments

  • ဦးကြောင်ကြီး

    June 19, 2016 at 5:50 am

    လော ်ဘစုန်းမြည်
    ပေ ျာ ်ပြပြုံးသည်
    သော ်ကရုံးဆီ
    မှေ ျာ ်ရဦးမည်။။။

    Reply

  • ခင်ဇော်

    June 19, 2016 at 10:50 am

    အမေ ကျန်းမာပါစေ

    ???

    Reply

  • မြစပဲရိုး

    June 19, 2016 at 5:33 pm

    #‎မင်းကိုနိုင်‬ (၁၉/ဇွန်/၂၀၁၆)

    “ ဝေမြဲ.နှင်းဆီ ”
    ▬+▬+▬+▬+
    ဟိုတုန်းက ပြပွဲတွေမှာ
    နှင်းဆီတပွင့်ပုံ တင်ချိတ်ရုံနဲ့
    ပန်းချီကားလည်း အဖြုတ်ခံရ
    ရေးဆွဲသူလည်း အစစ်ခံရတယ်
    .
    မိခင်က ရင်သွေးကို
    နို့ချိုကျွေးမယ်
    ဘာအဓိပ္ပာယ်လဲ မေးစရာလား
    .
    မိခင်က ရင်သွေးကို
    အသက်ကယ်ပေးမယ်
    ဘာရည်ရွယ်လဲ မေးစရာလား
    .
    ပုဆိန်ရိုး ..တဲ့

    ချိုးဖဲ့တိုင်း ကြွေရရင်
    ဝေပြစရာတောင် ကျန်မှာမဟုတ်
    .
    ခုတော့
    ပုံတူကိုယ်ပွားတွေ တောလုံးဝေပြီ
    .
    အို..နှင်းဆီ…
    ရန်လိုတိုက်ခိုက်သူများအတွက်
    ဘယ်လိုရင့်ကျက်

    ရက်စက်ရိုင်းစိုင်းမှုများကို
    ဘယ်လို ဖြတ်ကျော်
    သူ့ကျင့်စဉ်အလှ
    ကမာ္ဘမြေရဲ့ သင်ရိုးအဖြစ် ပြဌာန်းရပြီ ။
    .
    ဝေမြဲ.နှင်းဆီ
    ဣန္ဒြေ္ဒဖြင့် ရှေ့ကိုပဲကြည့်နေသည်။…….။
    .
    ‪#‎မင်းကိုနိုင်‬
    (၁၉/ဇွန်/၂၀၁၆)

    Reply

  • မြစပဲရိုး

    June 19, 2016 at 5:51 pm

    Thanks
    ကြောင်ကြောင်၊ လုံမ နဲ့ ဇီကလေး။ :-)))

    Reply

  • ဦးဦးပါလေရာ

    June 19, 2016 at 9:37 pm

    အမကြီး အတွက် ဆုတောင်းပေးတာ
    တကယ်တော့ ကိုယ့်အတွက်ကိုယ် ဆုတောင်းပေးသလိုပါပဲ..
    စိတ်ထဲကတော့ ကြုံရင်ကြုံသလို အမြဲလိုလို ကျန်းမာပါစေလို့ ဆုတောင်းပေးနေမိတယ်..။

    Reply

  • Thint Aye Yeik

    June 19, 2016 at 10:34 pm

    အမေစု မွေးနေ့ကို ”နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ၇၁နှစ်မြောက် မွေးနေ့အထိမ်းအမှတ်”ဆိုပြီး ရန်ကုန်မြို့လယ်က လမ်းတချို့မှာ စတုဒီသာတွေ ကျွေးမွေးပြုလုပ်ကြတာတွေ့တော့ ကြက်သီးထမိ ကြည်နူးမိ
    အမေစု စိတ်ရောလူပါ ကျန်းမာပါစေကြောင်းလည်း ဆုတောင်းနေမိ။

    Reply

  • kai

    June 20, 2016 at 5:50 am

    အင်း..
    အရီးလတ်တယောက်..အဖေကျော်… ဒွေးတော်လွမ်းပြနေပြီ..။
    ဘေးက.. မီးမီးလေးအဖေကို တခုခုသွားကျွေးလိုက်ဦး/ ကျွေးဖြစ်လား..။

    ဒီနေ့က.. အဖေများနေ့…။
    အင်း..
    အဖေများရဲ့ အမေတယောက်.. မွေးနေ့လည်းဖြစ်သပေါ့..။ :k:

    Reply

    • မြစပဲရိုး

      June 20, 2016 at 1:26 pm

      ကျွန်မ က တာဝန်ရှိလာရင် တာဝန်သိ/ယူနိုင်အောင် ကြိုးစားနေနေသူပါ။ (အထင်)

      အဝေးက ကိုယ့် အဖေ ကို တစ်ပါတ်တစ်ခါ နာရီ (ဗိုင်ဘာ တန်ခိုးပေါ့) နဲ့ချီပြီး စကားပြောနေကျပါ။
      ဒီနေ့မှ ထူးပြောဖို့ မလိုသလိုဖြစ်ရော။
      ဘေးက သူများ အဖေ ကိုတော့ ဒီ TED Talk လေး ပြန်မျှထားသေး။
      http://www.ted.com/talks/steven_addis_a_father_daughter_bond_one_photo_at_a_time?utm_campaign=social&utm_medium=referral&utm_source=facebook.com&utm_content=talk&utm_term=art-design
      အဲဒီလို ဖြစ်အောင် နောက်က ဒီအမေ က လုပ်ပေးနေတာရော။ 😉

      အဲဒီ အဖေတွေ ကိုယ်တိုင် အဲဒီ မွေးနေ့ရှင် အမေ ကို သဲသဲလှုပ်နေမှတော့ သူကြီးမင်းရယ်။ :-))))

      Reply

  • အောင် မိုးသူ

    June 20, 2016 at 4:22 pm

    ထပ်တူထပ်မျှ ဒေါ်အောင်ဆန်းစုကြည်ကို ဆုတောင်းပေးပါတယ်။

    Reply

  • အမေစု အသက်ရာကျော်ရှည်ပါစေ
    ~~~~~~~~~~~~~~~~~~~~~~~

    “ကျမကို မွေးနေ့ဆုတောင်းတွေ
    မွေးနေ့လက်ဆောင်တွေ ပို့သသူများထဲမှ
    မိမိတို့မေတ္တာ စေတနာနဲ့ပို့သတာတွေကို ကျမ သိမှသိပါ့လေစလို့
    စဉ်းစားတာရှိပါလိမ့်မယ်။ အမှန်ပြောရရင် အမည်တိုင်း၊ အမည်တိုင်းကို ကျမ မသိပါဘူး။
    ဒါပေမယ့် ပို့သတဲ့ မေတ္တာတွေကိုတော့ အနည်းလေးမှ မကျန် ခံစားရပါတယ်။
    ဒါဟာ ကျမရဲ့ ယုံကြည်ချက်ပါပဲ။ မေတ္တာနဲ့ပေးတဲ့ဆုတိုင်းဟာ ထိရောက်ပါတယ်။
    ကောင်းကင်ကကျလာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမယ့်
    ဒီမိုးပေါက်များရဲ့ စုပေါင်းအားနဲ့ ကမာ္ဘမြေကြီး စိမ်းလန်းစိုပြေသလိုပါပဲ။
    များပြားလှသော မေတ္တာ၊ စေတနာရှင်များရဲ့ အားနဲ့ ရှင်သန်နေတယ်လို့ ပြောရင် မမှားပါဘူး။
    မချမ်းသာတဲ့ ကျမတို့နို်င်ငံသူ၊ နိုင်ငံသားတွေဟာ ကျမအပေါ်မှာရက်ရောကြပါတယ်။
    စေတနာက အဓိကမို့ ပေးတဲ့ လက်ဆောင် အသေးအကြီး တန်ဖိုးရှိမရှိကို ကျမ ခွဲခြားမကြည့်ပါဘူး။”

    ဒေါ်အောင်ဆန်းစုကြည်

    Reply

Leave a Reply

Your email address will not be published.