မြန်မာပြည် နှင့် Foolish Girl

Foolish GirlJune 16, 20161min04

Foolish Girl တစ်ယောက်ပို့စ်တင်ရင် ဘာတွေလွဲဦးမှာလဲလို့တွေးမိကြတော့မယ်ထင်ပါတယ်

ကိုယ်ကလည်းလွဲနိုင်လွန်းသူကိုး

ဒီတစ်ခါအလွဲကတော့ လွန်ခဲ့သော နှစ်နှစ်လောက်ကပေါ့

လုပ်နေရတဲ့အလုပ်က ဂျပန်နဲ့မြန်မာတွဲဖွင့်ထားတဲ့ ကုမ္ပဏီဆိုတော့ကာ အလုပ်ဝင်တဲ့အချိန်မှာ ဂျပန်စာစတင်လေ့လာရပါတယ်။( သင်တန်းကြေးပေးစရာမလိုဘူးပေါ့)

ဒါနဲ့ Innya View Condo ကဂျပန်ဆရာမကြီးနှစ်ယောက်ဆီမှာ သွားတက်ရပါတယ်။ စတက်ခါစမှာ ထုံးစံအတိုင်းအချင်းချင်းမိတ်ဆက်ကြတာပေါ့။ ဒီလိုနဲ့သင်တန်းတက်လာရင်း သင်ခန်းစာရဲ့ လေ့ကျင့်ခန်းတစ်ခုမှာ ဂျပန်နိုင်ငံရဲ့ မြို့တွေနဲ့ပတ်သတ်တာတွေပြောထားလို့ နားမလည်မှာ စိုးတာနဲ့ ဆရာမက ဂျပန်မြေပုံထုတ်ပြီး မြေပုံကိုထောက်ထောက်ပြီး ရှင်းပြပါတယ်။ အဲဒီမှာ ဆရာမကမြို့ လားနယ်လားရွာလားဆိုတာ ကွဲကွဲပြားပြားသိအောင် မြန်မာပြည်ရဲ့ မြို့တွေနဲ့ယှဉ်ပြီးပြောပြတယ်။ အဲဒီမှာ Foolish Girl တို့သူငယ်ချင်းတစ်သိုက်အရှက်ကိုကွဲတာပါပဲ။ မြို့တွေနယ်တွေမေးနေတုန်းတော့ဟုတ်တိပတ်တိဖြေနိုင်တယ်။ မြန်မာနိုင်ငံအကျယ်အဝန်းကဘယ်လောက်လဲ မေးတဲ့အချိန်မှာ ဘယ်သူမှမသိဘူး။ ဆရာမက တော့ရယ်ရင်းပြောရှာတယ် မြန်မာလူမျိုးမဟုတ်ဘူးလားတဲ့ ရှက်လည်းရှက် ရယ်လည်းရယ်ချင်နဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိကြတာပေါ့။ အဲဒီတော့ ဆရာမက ပြန်ပြောပြတယ် မြန်မာပြည်အကျယ်အဝန်ဒကဘယ်လောက်ရှိတယ်။ လူဦးရေသန်းပေါင်းဘယ်လောက်ရှိတယ်ဆိုပြီးကျကျနနကိုရှင်းပြတော့တာပဲ။

အဲဒီတုန်းကရှက်ရှက်နဲ့နားထောင်နေတာဆိုတော့မှတ်လည်းမမှတ်မိခဲ့ပါဘူး။ အခု web side တွေလျှောက်မွှေရင်းနဲ့ မြန်မာနိုင်ငံအကြောင်းရေးထားတာလေးတွေ့လို့ ပြန်ရှဲပေးချင်ပါတယ်။

**************************************************

တည်နေရာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အာရှတိုက်တောင်ဘက်သို့ တိုးထွက်နေသော ကျွန်းဆွယ်ကြီးသုံးခုအနက် အရှေ့ဘက် အကျဆုံးသော အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အနောက်ပိုင်းတွင် တည်ရှိသည်။

မြောက်လတ္တီတွဒ် ၁ဝဒီဂရီနှင့် ၂၈ဒီဂရီ ၃ဝမိနစ်အကြား

အရှေ့လောင်ဂျီတွဒ် ၉၂ဒီဂရီနှင့် ၁၀၁ ဒီဂရီအကြားတွင် မြန်မာနိုင်ငံကို တွေ့ရှိနိုင်သည်။

မှတ်ရန် – စက္ကန့် ၆ဝ = ၁မိနစ်

မိနစ် ၆ဝ = ၁ ဒီဂရီ

၂၈° ၃၀’ = ၂၈ ဒီဂရီ ၃ဝ မိနစ် (သို့) ၂၈ ၁/၂ °

အကျယ်အဝန်း

မြန်မာနိုင်ငံသည် မြောက်မှတောင်သို့ မိုင်ပေါင်း ၁၂၇၅ရှိသည်။ အရှေ့မှ အနောက်သို့(အကျယ်ဆုံး) နေရာမှာ မိုင်ပေါင်း ၅၂၈ ခန့်ရှိသည်။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ ၂၆၁၂၂၈ စတုရန်းမိုင်ကျော်ရှိသည်။ မြန်မာနိုင်ငံ၏ သီးနှံစိုက်ဧရိယာမှာ ၂၃၈၄၃ စတုရန်းမိုင်ရှိသည်။ မြန်မာနိုင်ငံ၏ သစ်တောကြိုးဝိုင်းဧရိယာ ၃၈၃၉၂ စတုရန်းမိုင်ရှိသည်။

နယ်နိမိတ်

၁။ အနောက် – ဘင်္ဂလားပင်လယ်အော်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ

၂။ မြောက်နှင့် အရှေ့မြောက် – တရုတ်နိုင်ငံ

၃။ အရှေ့ဘက် – လာအိုနှင့် ယိုးဒယားနိုင်ငံ

၄။ တောင်ဘက် – ကပ္ပလီပင်လယ်

ထင်ရှားသောတောင်များ

၁။ ခါကာဘိုရာဇီတောင် (၁၉၂၉၆ ပေ)

၂။ ဂမ်လန်ရာဇီတောင် (၁၉၁၄၂ ပေ)

၃။ အင်ဒေါရာဇီတောင် (၁၈၀၀ဝ ပေ)

၄။ အင်လာလာရာဇီတောင် ( ၁၆၀၀ဝပေ)

၅။ စာရာမေတိ (ဒွိုက်မောက်)တောင် (၁၂၀၀ဝ ပေကျော်)

၆။ ဝိတိုရိယတောင် (၁၀၀၀ဝပေကျော်)

၇။ ပတ်ကွိုင်တောင် (၈၀၀ဝ ပေခန့်)

မြစ်များ

၁။ ဧရာဝတီမြစ် (မေခနှင့် မလိခဆုံရာမှ ဖြစ်ပေါ်လာသည်)

၂။ သံလွင်မြစ်

၃။ စစ်တောင်းမြစ်

၄။ ချင်းတွင်းမြစ် ( ဧရာဝတီမြစ်၏ အကြီးဆုံးမြစ်လက်တက်ဖြစ်သည်)

အကြီးဆုံးကျွန်းများ

၁။ ရမ်းဗြဲကျွန်း

၂။ မာန်အောင်ကျွန်း

ရေအိုင်များ

၁။ ကန်တော်ကြီး (ရန်ကုန်)

၂။ အင်းလျား (ရန်ကုန်)

၃။ အင်းလေး (ရှမ်းပြည်နယ်)

၄။ အင်းတော်ကြီး (အကြီးဆုံးဖြစ်ပြီး ချင်းတွင်းနှင့် ဧရာဝတီမြစ်အကြားရှိသည် )

၅။ ရိဒ်ရေကန် (ချင်းပြည်နယ်)

ဥတုသုံးမျိုး

၁။ နွေ ( မတ်လမှ ဇွန်လအထိ)

၂။ မိုး (ဇူလိုင်မှ အောက်တိုဘာလထိ)

၃။ ဆောင်း (နိုဝင်ဘာလမှ ဖေဖော်ဝါရီလထိ)

မြန်မာနိုင်ငံတိုင်းဒေသကြီးများ

၁။ ရန်ကုန်တိုင်းဒေသကြီး

၂။ ပဲခူးတိုင်းဒေသကြီး

၃။ ဧရာဝတီတိုင်းဒေသကြီး

၄။ တနင်္လာရီတိုင်းဒေသကြီး

၅။ မကွေးတိုင်းဒေသကြီး

၆။ မန္တလေးတိုင်းဒေသကြီး

၇။ စစ်ကိုင်းတိုင်းဒေသကြီး

၈။ ရှမ်းပြည်နယ်

၉။ ကယားပြည်နယ်

၁၀။ မွန်ပြည်နယ်

၁၁။ ကရင်ပြည်နယ်

၁၂။ ရခိုင်ပြည်နယ်

၁၃။ ချင်းပြည်နယ်

၁၄။ ကချင်ပြည်နယ်

Original Link : http://shwemintharlay.blogspot.com/2012/09/blog-post_28.html

4 comments

  • Foolish Girl

    June 16, 2016 at 4:15 pm

    ကိုယ့်တိုင်းပြည်အကျယ်အဝန်းကို တိုင်းတစ်ပါးသားကရှင်းပြရတာှခြင်းခံရတဲ့အတွက် တော်တော်ကို ရှက်မိပါတယ်

    Reply

  • kai

    June 16, 2016 at 5:11 pm

    တောနေ..အမေရိကန်အဖြူတွေကို လာမေးကြည့်ပါလား.. ပက်လက်တောင်လန်ကျသွားမယ်..။
    U နဲ့စတဲ့ တိုင်းပြည်အမည်ဆိုတာတောင်မသိ..။
    UK ကိုမသိ…။ UK သုံးတဲ့ပိုက်ဆံနာမယ်မသိ..။
    သမ္မတနာမယ်မသိ..။ ကမ္ဘာမြေပုံမသိ..။ ဗုဒ္ဓဘာသာဆိုတာမသိ..။ ဗလီဆိုတာ မကြားဖူး..။

    သိဖို့လည်းမလိုပါ..။ ယူအက်စ်ဟာ.. ပရိုတို့ရဲ့တိုင်းပြည်လို့ပြောကြတယ်လေ..။
    ဆိုင်ရာဘာသာရပ်.. သူတို့နဲ့ဆိုင်တာကျ.. အသေးစိတ်သိ..။ ပရို..။ :k:
    https://www.youtube.com/watch?v=LzQUePYOQzc
    https://www.youtube.com/watch?v=a0TK_vk-XDM

    Reply

  • ခင်ဇော်

    June 17, 2016 at 9:48 am

    လူမှတ်ညာဏ်က သန်ရာ သန်ရာပဲ မှတ်မိသလို ဖြစ်နေတာ။
    ခု မှတ်လိုက်လည်း ပြန်မေ့မှာပဲ။
    ဆိုတော့ ဖတ်သွားတယ်။
    မမှတ်သွားတော့ဘူးနော်။
    ဟီးဟီးးး

    :mrgreenn:

    Reply

    • Foolish Girl

      June 22, 2016 at 10:37 am

      သိပ်ဟုတ်တာပေါ့ဗျာ

      Reply

Leave a Reply

Your email address will not be published.