နှယ်​နှယ်​ရရ မဟုတ်​​သော မွန်​းပိုအမ်​

moonpoemMay 18, 20161min07

မွန်းပိုအမ်ဆိုသူသည် နှယ်နှယ်ရရ မဟုတ်။ကားတွေ ထည်လဲစီးနေသည်။ သူမ၏ သတ္တိ၊ သူမ၏စွမ်းရည်ရှိမှုတို့ကို အားလုံးက ငေးကြည့်နေရသည်။သူ မသိခင် သူ့အကြောင်း သင်တို့အား ဖွင့်ဟပြောပါမည်။

တစ်နေ့က သူမ ကားပေါ်ကနေဆင်းလာသည်။ရုပ်ရှင်တွေထဲကလို ဒေါက်ဖိနပ်အမြင့်ကြီးကို မြေကြီးပေါ်ချနင်းပြီး စတိုင်အပြည့်နှင့် ဆင်းလာတာမျိုး..လုံးဝ မဟုတ်ပါ။မိုးတွင်းစီး ရာဘာဖိနပ်တစ်ရံကို စီးပြီး ၄၈အထူးကားပေါ်ကနေ စွေ့ခနဲ ခုန်ဆင်းလာတာသာ ဖြစ်သည်။

ခုန်ဆင်းပြီး ပြေးလေသော သူမ၏ ပညာရပ်၊ သူမ၏ သတ္တိကိုလေးစားမိရပြန်သည်။ ထို့နောက် ဆိုက်ကားပြောင်းစီးသည်။

နေပူပူ ရာသီဥတုပူပူတွင် သူမ စီးနေသော ဆိုက်ကားသည် ပြင်ပ အပူချိန်ကို မခံနိုင်သည့် အားလျော်စွာ စီးနေရင်း ဝုန်းခနဲ ပေါက်ထွက်သောအခါ အသံနှင့် တပြေးညီ သူမ ကြောက်လန့်တကြား ဆိုက်ကားအမြင့်ပေ ၃ပေခန့်မှ ခုန်ချလေသည်။ဂုဏ်ယူစရာ ပညာရပ် ဖြစ်သည်။

သူမ အလန့်ထညက် ခုန်ချသည်နှင့် ဆိုက်ကားဆရာလည်း ဟဲ့ ဩော အမလေးစသဖြင့် အသံပေါင်းစုံဖြင့် ထပြီး အော်လေရာ ပတ်ဝန်းကျင်မှ လူအချို့က အံ့ဩဘနန်း၊ အချို့က ကွက်ကြည့် ကွက်ကြည့်၊ အချို့က ပြုံးစိစိဖြင့် ကြည့်ကြလေသည် ။

မည်သို့ပင် ဆိုစေကာမူ လမ်းဘေးတွင် မားမားမတ်မတ် ရပ်တည်ကာ ညှိနှိုင်း ဆွေးနွေးမှု အချို့အပြီးတွင်တော့ ဆိုက်ကားသမဂ္ဂအချင်းချင်း စည်းလုံးမှုဖြင့် သူမအား ဆိုက်ကားနောက်အစီးဖြင့် လဲပေးသည်ကို မြင်တွေ့ရပြန်သည်။

ထို့ကြောင့် အထက်တွင် ဆိုခဲ့သလိုပင် မွန်း
ပိုအမ်ဆိုသူသည် နှယ်နှယ်ရရ မဟုတ်။ကားတွေ ထည်လဲစီးနေသည်။ သူမ၏ သတ္တိ၊ သူမ၏စွမ်းရည်ရှိမှုတို့ကို အားလုံးက ငေးကြည့်နေရလေသည်…။ ဒန် ဒန် ဤတွင် ပြီး၏။

7 comments

  • ဂျစ်စိန်

    May 18, 2016 at 5:02 pm

    လွတ်လပ်ရေးနေ့လို ပြိုင်ပွဲတွေကျရင်
    အာလူးကောက် ထုတ်စည်းတိုး ဝင်ပြိုင်

    Reply

  • uncle gyi

    May 19, 2016 at 7:50 am

    တရုတ်
    ကိုရီးယား
    ဂ ျပန်
    သိုင်းကားမ ျားအတွဲလိုက်ကြည့်ထားခြင်းအက ျိုးကေ ျးဇူး

    Reply

  • Thint Aye Yeik

    May 19, 2016 at 11:01 am

    ဆိုက်ကားတောင် ထည်လဲ စီးနိုင်တယ်ဆိုတော့ …နှယ်နှယ်ရရတော့ မဟုတ်…
    :k:

    Reply

  • kai

    May 19, 2016 at 2:47 pm

    ဆိုက်ကားပေါ်ကခုန်ချတာ.. ရပ်ရက်ဆိုတော့.. ခေသူတော့မဟုတ်..။ :k:

    Reply

  • ခင်ဇော်

    May 20, 2016 at 11:15 am

    နေပူမိထားတဲ့ ဆိုက်ကားထိုင်ခုံပေါ်ကို ထိုင်နိုင်တာလည်း ပညာ တပါးပါပဲ။
    ဟီးဟီးဟီး

    :mrgreen:

    Reply

  • moonpoem

    May 21, 2016 at 9:48 pm

    အဲဒါ​ေ​ကြာင်​့ ​ပြေညပါတယ်​ မွန်​းပိုအမ်​က နှယ်​နှယ်​ရရ မဟုတ်​ပါဘူးလို့ 😛

    Reply

Leave a Reply

Your email address will not be published.