၂၀၁၆ မြန်​တျန်​့ဂဇက်​မဟာသင်္ကြန်​စာ

 ~~ သျှရီ .. နမောဗုဒါ္ဓယ .. ဇေယျတု သဗ္ဗမင်္ဂလံ.. ~~~

 

အချိန်ကားး .. ခရစ်နှစ် ၂၀၁၆ ခုနှစ် မေလနှောင်းပိုင်း ၂၉ ရက်နေ့ ၊ မြန်တျန့်စံတော်ချိန် ၆ နာရီတိတိ ညီအစ်ကိုမသိတသိကာလ၌ ….

လော့အိန်ဂျလိရွာနတ်ကွန်းအပိုင်စား ၊ မြန်တျန့်ဂဇက်သခင် ၊ယက္ခ ၁၀၀ဝ ရုပ်သွင်ဆောင်သော အယာတိုလာခိုင်မေနီ အမည်ရှိသည့် ဘာနုရာဇာဂဇက်ရွာသဂျီးမင်းသည်

လက်တစ်ဖက်ကပရီမီယံသေရည်ပုလင်း ၊  လက်တစ်ဖက်က ဂျီသားကျပ်တိုက်တို့ကိုပိုက်ကာ ၊ ငှက်ကုလားအုပ်ကိုစီးနင်းလျှက် ….KK မိုတယ်အနောက်တံခါးမှ မြောက်ကား မြောက်ကားအမူအယာဖြင့် မားမား မတ်မတ်ဝင်သည်ရှိလတ်သော် ……..

 သဂျားအမည်ရမောင်မာဃ နှင့်  မေလကဗျာနတ်ကလျာတို့မှ ရွှင်ပျသောအမူအယာဖြင့်ကြိုလေ၏ ။ 

 

ပါးစပ်ပရဖွာ ၊ ဂဇက်ရွာချဉ်ဖတ် ၊ တဏှာကြောင်ခေါင်းပြတ်အား ထိမ်းသိမ်းရသည်မှာအလှည့်စေ့ပြီဖြစ်၍ ဘရန်းဒက်ကေဇီနတ်သမီးမှာ မျက်နှာငွေလ ရွှင်ပျပျဖြင့် ၊ အားရဝမ်းသာ ကမ်းလင့်ခြင်းအလို့ငှာ ၊ အလှည့်ကျနတ်ဒေဝီ ၊ စီနီယာနိုဗွီအား ကြည်ရွှင်သောအမူအယာဖြင့်ကမ်းလေ၏ ….။

 

မဟာသင်္ကြန်သည်ကား ၊ စနေသားသမီးများ တာစား၍ အင်္ဂါဂြိုလ်အားကောင်းသောကြောင့်

 

နွေရာသီမီးပျက်အံ့ ၊ မုန်းတိုင်းထန်၍ လေပြင်းကျအံ့ ၊ စက်ပစ္စည်းများ မော်တော်ကားများဈေးကောင်းအံ့ ။

 

 

အိမ်ခြံမြေဈေးကစားခြင်းများလျော့ပါး၍ လယ်ယာမြေကောင်းများဈေးကစားးအံ့။

ပါပဂြိုလ်သည် စောင်းမြောင်းပြစ်တင်ခြင်းအနုပညာ၌တည်သဖြင့် …… 

အွန်လိုင်းတခွင်လေပြင်းတိုက်အံ့ ။

လေကြောင်းတိုက်ပွဲများဖြစ်ပွားအံ့ ။ 

အင်တာနက် သုံးစွဲစားရိတ် မြင့်တက်အံ့ ။ ရွာသူားများ ပျောက်ခြင်းမလှပျောက်အံ့ ။ ရွာအတွင်း ခြောက်ကပ်ကပ်နှင့် ကန္တရဖြစ်အံ့ ။FB ရွာဂရု၌ပိုမိုစည်ကားအံ့ ။

 

ဤကားးးးး ဂဇက်မဟာသင်္ကြန်စာ၏ အလိုတည်းးးး 

 

 

 

သောကြာဂြိုလ် သည် မကာရရာသီ၌အားကောင်းသဖြင့် ……

 

ဂဇက်ရွာအတွင်း မင်္ဂလာပွဲများ ဆင်နွဲရအံ့ ။ ချစ်သူရီးစား အတွဲများ ရွှင်လန်းအံ့ ။ ရွာသူားများ လက်ဆောင်လက်ဖွဲ ့ ထွက်အံ့ ။

 

 ရွာသဂျီးမြန်မာဘတ်ငွေထွက်အံ့ ။ ခရီးယာယီများအံ့ ။

နားပူနားဆာခံရအံ့ ။

ဤ ကားးးး ဂဇက်ရွာသဂျီးမင်း၏ အလိုတည်း းးး 

 

နွေရာသီ၏ အဓိပတိကားးးးး လျှပ်စစ်မီး .. ။

လျှပ်စစ်မီး၏အဓိပတိကားးးး လျှပ်စစ်ဝန်ကြီးးးးး ….

ဝန်ကြီး၏ အဓိပတိကားးးးး အွန်လိုင်းးးလော်ဘီ …   :mrgreenn:  

 

လမ်းဘေးခွေးတို့၏ အဓိပတိကားးးး

အဆိပ် !!! ….

အဆိပ် ၏အဓိပတိကားးးး မြို့တော်စည်ပင် ….

စည်ပင်၏ အဓိပတိကားးးး ခွေးချစ်သူများးးး ။

 

ရန်ကုန်၏အဓိပတိကားးးးးး ကွီးဖြိုးးးးး 

ကွီးဖြိုးး၏အဓိပတိကားးး အွန်လိုင်းအော်သံ ….   :mrgreen:  

 

ဂဇက်ရွာအားး ယမကာကျော်စွာဦးမြောက်မြောက်စောင့်၏ ….

Fb တခွင်အားးး ဘရန်းဒက်ဇီဇီစောင့်၏ …..

လ မင်းသမီးအားးးးး သဂျားစောင့်၏ …

 

 

 

ဤ ကားးးး ဝေဒကဝိ မောင်ဆာမိ၏ အဟောတည်းးးး ။

 

 

ဗေဒစိန္တာမယ မဟာကစ္စန ဆာမိ

 

17 comments

  • ခင်ဇော်

    May 17, 2016 at 2:18 pm

    နာ့ လက်က ကြောင်ခေါင်းးလွတ် ပကျွတ်…!!!
    ???
    ခု ကေဇီ က ကိုရီးယား ရုပ်ရှင်လောက ထဲ ခြေစုံပစ်ဝင်နေရတာ မအားးလို့ ချောင်းးပဲ ချောင်းနိုင်တယ် ..
    ???

    Reply

    • မြစပဲရိုး

      May 18, 2016 at 2:14 am

      DOTS? So cute. 😉
      ဒီက သတင်းတွေထဲ မှာတောင် ပါနေရော။
      http://www.bbc.co.uk/news/world-asia-35888537
      Descendants of the Sun: the Korean military romance sweeping Asia

      Reply

      • ခင်ဇော်

        May 18, 2016 at 6:32 am

        အဲဒီ DOTs က စ လိုက်တာာာ..
        ၆ နှစ်လောက် လှည့်မကြည့်ခဲ့အားးတဲ့
        လောက ထဲ ပြန်ရောက် ပြီးး ထွက်မလာနိုင်တော့ဘူးးးး
        အိုဘယ့် ကိုရီးယား Wave..
        မြန်မာ အနုပညာရှင် အမည်ခံ ရုပ်ရှင် မင်းသား မင်းသမီး အတုယူရန်တွေ ရေးးအူးမယ်…
        ???
        DOTs ကိုတော့ အာရှမှာ အရမ်း hit ဖြစ်လို့ ကြည့်အူးမှ ဆိုပြီး ကြည့်လိုက်တာ..
        ခုတော့……
        ??

        Reply

  • kai

    May 17, 2016 at 2:31 pm

    ငလိပ်ကျောက်အခြောက်သားတောင်းတာကို.. ဂျီကျပ်လိုက်ရသေးတယ်..။
    မှတ်လောက်အောင်.. ဘွီးတွေကိုပင့်ပြီး.. ပုလင်းကြီးထဲရေရောလိုက်မှနဲ့တူတယ်..။
    အင်း..
    ကြောင်ဂျီးဂေါင်းပြတ်နဲ့… အဆဲတောင်းလိုက်ဦးမယ်..။… လူစည်တုံးနောက်ဂျွမ်း…။
    ♩♪ ♫ ♬နိုးနိုးလေးဆီလှူပါလေ..။ ♫ ♬ နိုးနိုးလေးဆီလှူကြပါလေ..။ ♩♪ ♫ ♬ :k:

    Reply

    • Novy

      May 17, 2016 at 4:45 pm

      သူကြီးပုလင်းဖြင့် သကြီးကိုပြန်ရစ်မည်ဖြစ်ကြောင်းကြိုတင်သတိအပ်ပါသည်

      သူကြီးမှ သွီးဖြစ်စေရမည်

      ပုံ

      နိုဗွီမူးရစ်

      Reply

  • ဂျစ်စိန်

    May 17, 2016 at 2:59 pm

    ရယ်ဒရာ ကဒေါ့
    ရွာလူမိုက် ဂျော်လကီအောင်ဘုကို မထက်ရဲ့ အုနှစ်လုံး ရအောင်ရှာပြီး
    စလွယ်သိုင်း ချည်ဆွဲ၍ ခမည်းပေးရမကွဲ ့
    သို ့မှ ငြိမ်းချမ်း တိုးတက်တဲ့ ရွာကြီးဖြစ်မကွဲ ့

    Reply

  • moonpoem

    May 17, 2016 at 4:28 pm

    အင်​မတန်​မှ အသက်​ဝင်​လှ​သော သင်္ကြန်​စာဖြစ်​လင်​့ကစား သိချင်​မိသည်​မှာ ​​ဝေဒကဝိ ​​ဦးဆာမိသည်​ကား မည်​သည်​့အရာ ​​​စောင်​့ပါသနည်​း။ အဓိပတိ​လော BRT​လော:P

    Reply

    • Novy

      May 17, 2016 at 4:47 pm

      ​​ဝေဒကဝိ ​​ဦးဆာမိသည်​ကား ဆာကတော်အားစောင့်အိ

      Reply

  • Thint Aye Yeik

    May 17, 2016 at 4:31 pm

    အိုက် ခေါင်းပြတ်ကြီး ကိုင်ထားနေကြသေး
    .ကြောင်ခေါင်းသုပ် လုပ်ပြီး ငါးလိပ်ကျောက်ပါလို့ ညာပြီး
    သူကြီးကို ကျွေးလိုက် ပြီးရောာာာ

    :k:

    Reply

  • Novy

    May 17, 2016 at 4:40 pm

    ကြောင်ခေါင်းကို လက်လွဲယူမဲ့ အစားဟိုခေါင်းကိုပဲ မလွတ်တမ်း ဖတ်ထားလိုက်တော့မယ်

    ဟိုခေါင်းဆိုတာ ဘယ်ခေါင်းလဲလို့မမေးနဲ့ ဖက်ခေါင်းအုံး လို့သေတောင်မပြောဘူး

    Reply

  • မြစပဲရိုး

    May 18, 2016 at 1:48 am

    ညောင်ရေသွန်းခါနီး မှာ မိုးမရွာတာ နဲ့ သင်္ကြန်ပြန်ကျပေးလိုက် လေသလား ကဆာမိ။
    ကွီးဖြိုး ကို ထိနက်။ 😉

    Reply

  • .ဗေဒကဝိ ကဆာမိသည်ကား
    .ဟောတိုင်းမှန် ပြောတိုင်းလန်လေသည်မို့
    .သောကြာဂြိုလ် သည် မကာရရာသီ၌အားကောင်းသဖြင့် ……သောကြာသား
    ရွာ့လူဇော်“ ကြီးမိုက်”သည်ကား
    .အဘား…အဘားအော်လျှက် နဂို မမြည် ဗဟိုရ်စည် သို့ကြွလျှက်
    .လူ့ခန္ဒာ မလို အပိုဖြစ်သည်မို့…လူ့အသက်ငဲ့လျှက်
    .အူ့အတက်ဖြတ်လိုက်ရပါကြောင်း…ဒူ…ဟူဟူ…ဒူ :K:

    Reply

    • မြစပဲရိုး

      May 18, 2016 at 11:29 pm

      ကကြီးမိုက် – အူအတက် ဖြတ် လိုက်တာ မသိတာမို့ အခု မှ ဆုတောင်း ပေးပါတယ်။
      အမြန်ဆုံး သက်သာ ကောင်းမွန် ကျန်းမာ ပါစေ။
      ရှောင်စရာ ဆောင်စရာ များ ကို မမေ့ပါနှင့်။

      Reply

      • ဦးကြောင်ကြီး

        May 23, 2016 at 1:00 pm

        ဦးကြီးမိုက် မသွားဂင် မေမေနဲ့ကြော ့်ကို အမြန်ဆီမာန်ပါသော့…… အမြွေပါတခါထီးလွှဲထားလိုက်။။

        Reply

  • ဦးကြောင်ကြီး

    May 23, 2016 at 12:59 pm

    ကဇီယဉ်ခွင်ထဲနေလိုက် မားနိုယင်ဂွင်ထဲနှပ်လိုက် ဇိမ်ပဲ…. ကြော ် အဲလိုနေရင် ငြိမ်ငြိမ်နေဓါတ်ဗူး… ကြောင်ခေါင်းက ဟိုရွေ့လိုက် ဒီပွတ်လိုက်… ပီးတော့ လှ ျာကြီးကလည်း အပြင်ထုတ်ထားတာ…… ရှလွတ်။။။။

    Reply

    • ခင်ဇော်

      May 23, 2016 at 1:47 pm

      အေးး
      နာ လည်း နိ ကို ပိုက်ထားရတဲ့ ၂ နှစ် လုံး ရေကို မချိုးဖြစ်တာ။

      :k:

      Reply

  • Yae Myae Tha Ninn

    May 23, 2016 at 5:30 pm

    ရေးလည်း ရေးတတ်သူနဲ့ မန့်လဲ မန့်တတ်ကြတဲ့သူတွေကို ပြုံး ပြီး ဖတ်သွားပါတယ်… 🙂

    Reply

Leave a Reply

Your email address will not be published.