အပြုံးနှင့် တုံ့ပြန်ပါ

manawphyulayAugust 28, 20101min04

ကျွန်မတို့ ဥယျာဉ်ကြီးတစ်ခုထဲကို ရောက်သွားရင် ကျွန်မတို့ရဲ့အာရုံဟာ ပွင့်နေတဲ့ ပန်းများဆီ ရောက်သွားတယ်။ ဓာတ်ပုံရိုက်နေတဲ့သူများဟာ အမြဲမပြတ်ပြုံးနေတဲ့မျက်နှာရှိသူများရဲ့ ပုံကိုပဲ ရိုက်ယူကြတယ်။ လောကမှာ ပြုံးရွှင်နေတဲ့ လူများကိုပဲ နှစ်သက်ကြတယ်နော်။ မျက်မှောင်ကုတ်ပြီး မျက်နှာထားတင်းမာနေတဲ့လူနဲ့ မျက်နှာ အမူအရာ မရွှင်မပျဖြစ်နေတဲ့လူတွေကို ဘယ်သူမှ မချဉ်းကပ်လိုကြဘူး။ မိမိတို့က ပြုံးရယ်နေရင် ကမ္ဘာလောက ကြီးကလည်း မိမိတို့နဲ့အတူ ပြုံးရယ်နေလိမ့်မယ်။ မိမိတို့က ငိုနေရင်တော့ မိမိတို့နဲ့အတူ ဘယ်သူကမှ လိုက်ငိုမှာမဟုတ်ဘူး။ မိတ်ဆွေအနေနဲ့လည်း ပြုံးပြုံးရွှင်ရွှင်နေတတ်အောင် ကြိုးစားပါ။ မိမိရဲ့ မျက်နှာပြုံးပြုံးရွှင်ရွှင် ဖြစ်နေရင် တခြားသူများက မိမိကို မိတ်လာမဖွဲ့ဘဲနေမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်နော်။ အမြဲ ပြုံးပျော်ရွှင်ပြီး မိတ်ဆွေအပေါင်း တိုးပွားနိုင်ကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။

4 comments

  • kopauk mandalay

    August 28, 2010 at 3:35 pm

    မနောရေ
    လူတိုင်းလူတိုင်းသည် ပြုံးတော့ပြုံးချင်ကြပါတယ်ဗျာ။
    ဒါပေမဲ့လုပ်ရင်းအဆင်မပြေ လုပ်ရင်းအခက်အခဲတွေတွေ့ပါများတော့လဲ
    ပြုံးချင်ပေမယ် မပြုံးနိုင်တဲ့ ( ပြုံးချဉ်)လေးတွေဖြစ်သွားကြတာကိုတော့ နားလည်ပေးပါနော်။
    ပြုံးချဉ် ဆိုတော့ မဲ့တဲ့ပုံပေါက်သွားတာပေါ့နော်။

    Reply

  • khaizin

    August 28, 2010 at 5:16 pm

    ဟုတ်ပါတယ်…..ဘယ်သူမှတော့…မျက်နှာထားတင်းထားချင်မှာမဟုတ်ပါဘူး….
    ဒါပေမယ့်……တစ်နေ့မှာအနည်းဆုံး တစ်ခါ…နှစ်ခါလောက်တော့….
    စိတ်အနှောင့်အယှက်ဆိုတာရှိတတ်ကြတာပဲလေ…….
    အဲ့လိုအခါမျိုးကျရင်တော့ပြုံးချင်သော်ငြားလည်း…..ဘယ်ပြုံးနိုင်တော့မလဲနော်….

    Reply

  • manawphyulay

    August 29, 2010 at 12:02 pm

    အရင်က မနော ကြုံဖူးတယ်။ မနော အလုပ်လုပ်တဲ့ အရင်တုန်းက သူဌေးတစ်ယောက်က တရုတ်လေ။ သူက အမြဲဒေါသကြီးနေတာ။ တစ်နေ့ မနောကို ဘာတွေပေါက်ကွဲလည်းမသိဘူး တော်တော်ကို မျက်နှာကြီးက နီပြီး ဒေါသဖြစ်နေတာ။ မနောက သူ့ကို ပြုံးပြီး ဘာပြောမှာလဲပုံစံနဲ့နေပေးလိုက်တာ။ ပြောသွားတယ်။ သူဌေးက ဒီကောင်မလေးကတော့ မလွယ်ဘူးတဲ့။ ဘာဆူရမှန်းတောင်မသိဘူးတဲ့လေ။ ဟီး အဲလို အဲလို ဘယ်သူမဆို ဒေါသထွက်တဲ့အချိန် မသိပေမယ့် ပြန်စဉ်းစားကြည့် အရမ်းရယ်ရတယ်သိလား။ စိတ်မှာ အကုန်လုံးကို ပြုံးပြီး ကြည့်လိုက်မိတာလည်းပါမယ်ထင်တယ်။

    Reply

  • Gong Zhu

    September 16, 2010 at 6:29 pm

    ရယ် လို့ ရှေ့သွားတွေအားလုံးပေါ်ရင် ကဗျာဆန်တယ်လို့ပြောတယ် ဟုတ်လား . . . ဆိုင်တော့ မဆိုင်ပါဘူး . . . သတိရလာလို့ မေးကြည့်ကြည့်လိုက်တာ . . .

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.